Wednesday 10 December 2014

၉/၁၁ စစ်ကြောရေး စီအိုင်အေ လိမ်ညာအစီရင်ခံဟုဆို

Photo: ၉/၁၁ စစ်ကြောရေး စီအိုင်အေ လိမ်ညာအစီရင်ခံဟုဆို

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄

အမေရိကန်နိုင်ငံ ၉/၁၁ တိုက်ခိုက်မှုနဲ့ ဖမ်းဆီးခံရသူတွေကို သုံးတဲ့ စစ်ကြောနည်းတွေကို စီအိုင်အေက လွှတ်တော်နဲ့ အိမ်ဖြူတော်ကို လိမ်ညာ အစီရင်ခံခဲ့ပြီး မမှန်တဲ့ အချက်အလက်တွေပေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန် လွှတ်တော်ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ဖမ်းဆီးခဲ့သူ ၁၀၀ ကျော်ကို စီအိုင်အေ က အစီအရင်ခံခဲ့တာထက် ရက်စက်တဲ့ စစ်ကြောနည်းတွေကို သုံးခဲ့တယ်လို့ စာမျက်နှာ ၄၈၀ ပါ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

အယ်လ်ကိုင်းဒါးအဖွဲ့ဝင်တွေလို့ သံသယရှိခံရသူတွေနဲ့ တခြားဖမ်းဆီးခံရသူတွေကို အာဖဂန်နစ္စတန်၊ ပိုလန်၊ ရိုမေးရီးယားနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်လျှို့ဝှက်စစ်ကြောရေး စခန်းတွေမှာ စစ်ကြောခဲ့တာပါ။

အရက်စက်ဆုံးနည်းတွေ သုံးပြီး စစ်ကြောခဲ့ပေမယ့်လည်း ထိရောက်တဲ့သတင်း အချက်အလက်လည်း မရခဲ့သလို၊ အကြမ်းဖက်တိုက်ခိုက်မှုတခုမှလည်း မတားဆီး မဖော်ထုတ်နိုင်ခဲ့ဘူးလို့လည်း လွှတ်တော်ထောက်လှမ်းရေးကော်မတီက ဆိုပါတယ်။

ဒီအစီရင်ခံစာကို ၅ နှစ်ကြာ စိစစ်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီအစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့နေ့က ကမ္ဘာတ၀န်းက အမေရိကန်အစိုးရရုံးတွေကို လုံခြုံရေးတိုးမြှင့်ခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် Dianne Feinstein က တချို့စစ်ကြောနည်းတွေဟာ လုပ်ရတဲ့ စီအိုင်အေ၀န်ထမ်းတွေတောင် လက်တွန့်ကြပြီး ဒါတွေကို ဆက်မလုပ်ဖို့ တောင်းဆိုတာတွေ တောင်ရှိတယ်လို့ ပြောဆိုပါတယ်။

ထိန်းသိမ်းစစ်ကြောခံရသူ ၁၁၉ ဦးဟာ အနည်းဆုံး ၂၆ ဦးဟာ အပြစ်မရှိပဲ အသားလွတ် ဖမ်းဆီးခံရတာလို့လည်း စုံစမ်းရေးကော်မတီက တွေ့ရှိခဲ့ပါတယ်။ တချို့ကို အချိန်အကြာကြီး ထိန်းသိမ်းထားပြီး ပြန်လွှတ်ပေးခဲ့တယ်လို့လည်း Feinstein က ဆိုပါတယ်။

ဒီစစ်ကြောနည်းတွေကို ၂၀၀၉ ခုနှစ်က အမေရိကန်သမ္မတ အိုဘားမားက ရပ်ဆိုင်းခိုင်းခဲ့တာဖြစ်ပြီး ဒီကိစ္စတွေဟာ အမေရိကန်နိုင်ငံကို ထိခိုက်ရသလို မဟာမိတ်တွေနဲ့ပါ လုပ်ရကိုင်ရတာတွေပါ ခက်ကုန်တယ်လို့ ပြောဆိုပါတယ်။

စီအိုင်အေ ကတော့ ဒီစစ်ကြောနည်းတွေက ထိရောက်ခဲ့ပြီး အကြမ်းဖက်မှု တိုက်ခိုက်မှုတွေကို တားဆီးဖော်ထုတ်နိုင်ခဲ့တယ်လို့ အခိုင်အမာပြောဆိုနေဆဲဖြစ်ပါတယ်။ အခုချိန်အထိတော့ တာဝန်ရှိသူတဦးတယောက်ကိုမှ စစ်ဆေးအရေးယူခြင်းလည်း မရှိသေးပါဘူး။

အဲ့လို အရေးယူခြင်း မရှိသေးသရွေ့တော့ ရက်စက်တဲ့ စစ်ကြောနည်းတွေကတော့ နောက်သမ္မတတွေ လက်ထက်မှာလည်း ဆက်သုံးနေဦးမယ်ဆိုပြီး သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဒီဗွီဘီ

စစ်ဆေးရာတွင် အသုံးပြုသည့် နည်းလမ်းများက လူထုနှင့်အမတ်များကို စီအိုင်အေက ပြောဆိုနေသည်ထက် ပိုရက်စက် (ဓာတ်ပုံ – ရိုက်တာ)

စစ်ဆေးရာတွင် အသုံးပြုသည့် နည်းလမ်းများက လူထုနှင့်အမတ်များကို စီအိုင်အေက ပြောဆိုနေသည် ထက် ပိုရက်စက် (ဓာတ်ပုံ – ရိုက်တာ)

အမေရိကန်နိုင်ငံ ၉/၁၁ တိုက်ခိုက်မှုနဲ့ ဖမ်းဆီးခံရသူတွေကိုသုံးတဲ့ စစ်ကြောနည်းတွေကို စီအိုင်အေက လွှတ်တော်နဲ့ အိမ်ဖြူတော်ကို လိမ်ညာ အစီရင်ခံခဲ့ပြီး မမှန်တဲ့ အချက်အလက်တွေပေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန် လွှတ်တော်ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ဖမ်းဆီးခဲ့သူ ၁၀၀ ကျော်ကို စီအိုင်အေ က အစီအရင်ခံခဲ့တာထက် ရက်စက်တဲ့ စစ်ကြောနည်းတွေကို သုံးခဲ့တယ်လို့ စာမျက်နှာ ၄၈၀ ပါ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

အယ်လ်ကိုင်းဒါးအဖွဲ့ဝင်တွေလို့ သံသယရှိခံရသူတွေနဲ့ တခြားဖမ်းဆီးခံရသူတွေကို အာဖဂန်နစ္စတန်၊ ပိုလန်၊ ရိုမေးရီးယားနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်လျှို့ဝှက်စစ်ကြောရေး စခန်းတွေမှာ စစ်ကြောခဲ့တာပါ။

အရက်စက်ဆုံးနည်းတွေ သုံးပြီး စစ်ကြောခဲ့ပေမယ့်လည်း ထိရောက်တဲ့သတင်း အချက်အလက်လည်း မရခဲ့သလို၊ အကြမ်းဖက်တိုက်ခိုက်မှုတခုမှလည်း မတားဆီး မဖော်ထုတ်နိုင်ခဲ့ဘူးလို့လည်း လွှတ်တော် ထောက်လှမ်းရေး ကော်မတီက ဆိုပါတယ်။

ဒီအစီရင်ခံစာကို ၅ နှစ်ကြာ စိစစ်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီအစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့နေ့က ကမ္ဘာတ၀န်း က အမေရိကန်အစိုးရရုံးတွေကို လုံခြုံရေးတိုးမြှင့်ခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် Dianne Feinstein က တချို့စစ်ကြောနည်းတွေဟာ လုပ်ရတဲ့ စီအိုင်အေ၀န်ထမ်းတွေတောင် လက်တွန့်ကြပြီး ဒါတွေကို ဆက်မလုပ်ဖို့ တောင်းဆိုတာတွေ တောင်ရှိတယ်လို့ ပြောဆိုပါတယ်။

ထိန်းသိမ်းစစ်ကြောခံရသူ ၁၁၉ ဦးဟာ အနည်းဆုံး ၂၆ ဦးဟာ အပြစ်မရှိပဲ အသားလွတ် ဖမ်းဆီးခံရတာ လို့လည်း စုံစမ်းရေးကော်မတီက တွေ့ရှိခဲ့ပါတယ်။ တချို့ကို အချိန်အကြာကြီး ထိန်းသိမ်းထားပြီး ပြန်လွှတ်ပေးခဲ့တယ်လို့လည်း Feinstein က ဆိုပါတယ်။

ဒီစစ်ကြောနည်းတွေကို ၂၀၀၉ ခုနှစ်က အမေရိကန်သမ္မတ အိုဘားမားက ရပ်ဆိုင်းခိုင်းခဲ့တာဖြစ်ပြီး ဒီကိစ္စ တွေဟာ အမေရိကန်နိုင်ငံကို ထိခိုက်ရသလို မဟာမိတ်တွေနဲ့ပါ လုပ်ရကိုင်ရတာတွေပါ ခက်ကုန်တယ်လို့ ပြောဆိုပါတယ်။

စီအိုင်အေ ကတော့ ဒီစစ်ကြောနည်းတွေက ထိရောက်ခဲ့ပြီး အကြမ်းဖက်မှု တိုက်ခိုက်မှုတွေကို တားဆီး ဖော်ထုတ်နိုင်ခဲ့တယ်လို့ အခိုင်အမာပြောဆိုနေဆဲဖြစ်ပါတယ်။ အခုချိန်အထိတော့ တာဝန်ရှိသူတဦး တယောက်ကိုမှ စစ်ဆေးအရေးယူခြင်းလည်း မရှိသေးပါဘူး။

အဲ့လို အရေးယူခြင်း မရှိသေးသရွေ့တော့ ရက်စက်တဲ့ စစ်ကြောနည်းတွေကတော့ နောက်သမ္မတတွေ လက်ထက်မှာလည်း ဆက်သုံးနေဦးမယ်ဆိုပြီး သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment