Thursday 18 December 2014

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် စာရေးဆရာထင်လင်းဦးအား ချောင်းဦးမြို့နယ်တရားရုံးတွင် စတင်တရားစွဲဆိုပြီး အာမခံမရရှိဘဲ မုံရွာအကျဉ်းထောင်သို့ပို့ဆောင်

Photo: ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် စာရေးဆရာထင်လင်းဦးအား ချောင်းဦးမြို့နယ်တရားရုံးတွင် စတင်တရားစွဲဆိုပြီး အာမခံမရရှိဘဲ မုံရွာအကျဉ်းထောင်သို့ပို့ဆောင်
Thursday, December 18, 2014 

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် စာရေးဆရာဦးထင်လင်းဦးအား ချောင်းဦးမြို့နယ်တရားရုံး၌ ဒီဇင်ဘာ ၁၇ ရက်တွင် စတင်တရားစွဲဆိုခဲ့ပြီး အာမခံလျှောက်ထားရာတွင် တရားရုံးမှပယ်ချခဲ့ပြီးနောက် မုံရွာအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှစံပြကျေးရွာတွင်ပြုလုပ်ခဲ့သည့် "ဦးဝိစာရ" နေ့အထိမ်းအမှတ် စာပေဟောပြောပွဲတွင် စာရေးဆရာဦးထင်လင်းဦးဟောပြောခဲ့သည့် ဟောပြောချက်အချို့မှာ ဘာသာသာသနာညှိုးနွမ်းမှုအားဖြစ်ပေါ်သည်ဟုဆိုကာ ချောင်းဦးမြို့နယ် လ၀ကဦးစီးမှူးက တရားလိုပြုလုပ်၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-က၊ ၂၉၈ ဖြင့် ချောင်းဦးမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာရေးဆရာဦးထင်လင်းဦးအား မုံရွာခရိုင် ချောင်းဦးမြို့နယ်တရားရုံးတွင် ဘာသာသာသနာညှိုးနွမ်းစေမှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-က၊ ၂၉၈ တို့ဖြင့် ဒီဇင်ဘာ ၁၇ ရက်တွင် စတင်တရားစွဲဆိုခဲ့ရာတွင် ချောင်းဦးမြို့နယ်တရားသူကြီး ဦးလင်းမင်းထွန်းသည် ဖောင်ကြီးသင်တန်းသို့တက်ရောက်နေသဖြင့် မြင်းမူမြို့နယ်တရားသူကြီး ဦးဆန်းတင့်က ၎င်းသင်တန်းတက်ရောက်နေစဉ်ကာလအတွင်း အမှုအားတာဝန်ယူစစ်ဆေးသွားရမည်ဖြစ်ကြောင်း သိရသည်။

ဘာသာသာသနာညှိုးနွမ်းစေမှုပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် စာရေးဆရာဦးထင်လင်းဦး၏အမှုအား ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် စတင်စစ်ဆေးခဲ့ပြီး အမှုစစ်ဆေးရာ ချောင်းဦးမြို့နယ်တရားရုံးသို့ မဘသဆရာတော်များမှလည်း တက်ရောက်နားထောင်မှုများပြုလုပ်ခဲ့ကြသည်။

ချောင်းဦးမြို့နယ်တရားသူကြီးမှ အမှုစစ်ဆေးရာတွင် အာမခံလျှောက်ထားစေခဲ့ခြင်းကြောင့် အာမခံလျှောက်ထားခဲ့ကြောင်း၊ တရားရုံးသို့လျှောက်ထားရာတွင် သတ်မှတ်ပုံစံအတိုင်းသာဖြည့်သွင်းရေးသားပြီး လျှောက်ထားခဲ့ရာ တရားလို၏ရှေ့နေဖြစ်သူက အာမခံလျှောက်ထားလာမှုမှာ အကြောင်းအရာခိုင်လုံမှန်ကန်မှုမရှိဟုဆိုကာ တရားရုံးသို့တင်ပြခဲ့ရာတွင် တရားသူကြီးက အာမခံလျှောက်ထားလာမှုအား ပယ်ချခဲ့ခြင်းဖြစ်ကြောင်း စာရေးဆရာဦးထင်လင်းဦး၏ညီဖြစ်သူ ကိုဆန်းထွန်းကပြောကြားသည်။

ဒီအမှုကိုရင်ဆိုင်ဖြေရှင်းဖို့အတွက် ကျွန်တော်ကြိုရောက်နေခဲ့တယ်လေ။ ကျွန်တော်ထွက်ပြေးနေခဲ့တာမဟုတ်ဘူး။ စာမှာက ထုချေရှင်းလင်းရန် လာရောက်စေလိုသည်ဆိုပြီးခေါ်တယ်ဗျာ။ ထုချေရှင်းလင်းဆိုပြီးလာပါဆိုရင် ကျွန်တော်ကထုချေရှင်းလင်းဖို့ပဲတာဝန်ရှိတယ်။ ကျွန်တော်က တရားခံတစ်ယောက်မှမဟုတ်ဘဲ။ ကျွန်တော့်အပေါ်မှာ ထင်ရှားတဲ့စွပ်စွဲချက်ကိုမပြနိုင်မချင်း ကျွန်တော်ဟာအပြစ်မရှိဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတာအဲဒါပဲဆိုရင် ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့အခြေအနေက ခင်ဗျားတို့သိသင့်ပါပြီ . . .

"လက်ရှိဒီအမှုနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင် အမှုက အခုမှစတင်စစ်ဆေးဆဲဖြစ်ပါတယ်။ ဒီအမှုကိုလည်း တရားဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်သွားမှာပါ။ အာမခံလျှောက်ထားတာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒီအမှုဟာ အာမခံပေးလို့မရပါဘူး။ စွဲဆိုထားတဲ့ ပုဒ်မ ၂၉၅-က က အာမခံပေးလို့မရတဲ့ဥပဒေပုဒ်မတစ်ခုဖြစ်ပါတယ်။ ဒီနေ့အမှုစစ်ဆေးတဲ့အခါမှာ ချောင်းဦးမြို့နယ်တရားသူကြီးက သင်တန်းသွားနေတဲ့အတွက် ကျွန်တော့်အနေနဲ့ သူသင်တန်းတက်နေစဉ်ကာလအတွင်းမှာ အမှုတွေကို တာဝန်ယူစစ်ဆေးသွားရမှာဖြစ်ပါတယ်" ဟု ချောင်းဦးမြို့နယ်တရားရုံး၌ ဦးထင်လင်းဦး၏အမှုအား လာရောက်စစ်ဆေးခဲ့သည့် မြင်းမူမြို့နယ်တရားသူကြီး ဦးဆန်းတင့်က ပြောကြားသည်။

ဘာသာသာသနာညှိုးနွမ်းစေမှုဖြင့် ချောင်းဦးမြို့နယ်တရားရုံး၌ အမှုရင်ဆိုင်နေရသည့် ဦးထင်လင်းဦးက တရားရုံးချိန်းအပြီးထွက်ခွာလာစဉ်တွင် "အခုတော့ကျွန်တော်က ဘာသာသာသနာသန့်ရှင်းစင်ကြယ်ဖို့အတွက်တင်မကဘူး တရားဥပဒေစိုးမိုးရေးအတွက်ပါ ဆက်ပြီးဆောင်ရွက်ရမလိုဖြစ်သွားတာပေါ့။ ကျွန်တော်တို့အနေနဲ့ လုပ်သင်လုပ်ထိုက်တာအားလုံးကို ဆက်လုပ်သွားမှာပါ။ စောစောကကျွန်တော်ထောက်ပြသွားတဲ့အချက်ကို ခင်ဗျားတို့လည်းမြင်မယ်ထင်ပါတယ်။ ကျွန်တော့်ကိုအာမခံလျှောက်ဖို့အတွက် ကျွန်တော်ပုံစံပဲဖြည့်ခဲ့ရတာလေ။ ကျွန်တော့်ဘာသာကျွန်တော် အကြောင်းပြချက်လည်းပေးခဲ့ရတာမဟုတ်ဘူး။ ဒီစာရွက်ကိုဖတ်ပြီးတော့ ဒီစာရွက်ထဲမှာ အကြောင်းပြချက်ခိုင်ခိုင်မာမာမပါလို့ဆိုတာကြီးက လွန်လွန်းအားကြီးတယ်ဗျာ။ အစောကြီးကတည်းက ဒီပုဒ်မတွေဟာ အာမခံပေးလို့မရဘူးဆိုရင် ထုချေရှင်းလင်းရန်လာရောက်ဖို့ဆိုပြီးတော့ သမ္မန်စာမှာဆင့်ခေါ်ခဲ့တာပါ။ တရားဥပဒေအရခုခံရှင်းလင်းဖို့အတွက်ရောက်လာတဲ့သူကို ဒီရောက်တော့မှ ဆီးဖမ်းတယ်ဆိုတော့ဗျာ လိမ်ခေါ်ပြီးဖမ်းတာနဲ့မတူဘူးလား။ မြန်မာနိုင်ငံရဲ့တရားရုံးကဒီလိုပဲ လိမ်ခေါ်ပြီးတော့ဖမ်းတတ်သလား။ ဒီအမှုကိုရင်ဆိုင်ဖြေရှင်းဖို့အတွက် ကျွန်တော်ကြိုရောက်နေခဲ့တယ်လေ။ ကျွန်တော်ထွက်ပြေးနေခဲ့တာမဟုတ်ဘူး။ စာမှာက ထုချေရှင်းလင်းရန် လာရောက်စေလိုသည်ဆိုပြီးခေါ်တယ်ဗျာ။ ထုချေရှင်းလင်းဆိုပြီးလာပါဆိုရင် ကျွန်တော်ကထုချေရှင်းလင်းဖို့ပဲတာဝန်ရှိတယ်။ ကျွန်တော်က တရားခံတစ်ယောက်မှမဟုတ်ဘဲ။ ကျွန်တော့်အပေါ်မှာ ထင်ရှားတဲ့စွပ်စွဲချက်ကိုမပြနိုင်မချင်း ကျွန်တော်ဟာအပြစ်မရှိဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတာအဲဒါပဲဆိုရင် ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့အခြေအနေက ခင်ဗျားတို့သိသင့်ပါပြီ" ဟု တရားရုံးမှအမှုရင်ဆိုင်ထွက်ခွာလာပြီးနောက် မုံရွာအကျဉ်းထောင်သို့မပို့ဆောင်မီ ပြောကြားသည်။

ဦးထင်လင်းဦး၏အမှုအားစစ်ဆေးနေချိန်တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-ကသည် အာမခံပေး၍မရသောပုဒ်မဖြစ်သည်ဟုပြောဆိုထားသော်လည်း တရားခွင်တွင် တရားသူကြီးက ဦးထင်လင်းဦးအား အာမခံလျှောက်ထားလိုပါသလားဟုမေးမြန်းခဲ့ရာ ဦးထင်လင်းဦးမှမလျှောက်ထားပါဟုပြောဆိုခဲ့ပြီးနောက် တရာသူကြီးကထပ်မံမေးမြန်းခဲ့ရာ အာမခံလျှောက်ထားရန်အတွက် ပုံစံစာရွက်တွင်ဖြည့်စွက်ကာ အာမခံရရှိရန်အတွက်လျှောက်ထားခဲ့ရာ အကြောင်းအရာခိုင်လုံမှုမရှိဟုဆိုကာ တရားရုံးမှပယ်ချခဲ့ကြောင်း အမှုအားသွားရောက်နားထောင်ခဲ့သည့် ဒေသခံများထံမှသိရသည်။

စာရေးဆရာဦးထင်လင်းဦး၏အမှုအား တရားလိုပြုလုပ်၍တရားစွဲဆိုခဲ့သည့် ချောင်းဦးမြို့နယ် လ၀ကဦးစီးမှူးဦးဦးထွန်းခိုင်က "စာရေးဆရာထင်လင်းဦးက အောက်တိုဘာ ၂၃ ရက်မှာ ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာ စာပေဟောပြောပွဲပြုလုပ်ခဲ့ရာမှာ သူဟောပြောခဲ့တဲ့အကြောင်းအရာတွေက အချက်အချို့မှာ အမျိုးဘာသာသာသနာကိုပုတ်ခတ်စော်ကားတဲ့စကားလုံးတွေပါသွားတယ်။ တစ်ခါမဟုတ် နှစ်ခါလည်းမဟုတ် သုံးခါလောက်ပါနေပါတယ်။ အဲဒါကြောင့် မြို့နယ်သံဃနာယကအဖွဲ့က အစည်းအဝေးလုပ်တယ်။ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဥပဒေနဲ့အညီအရေးယူဆောင်ရွက်ပေးဖို့ဆိုပြီး မြို့နယ်စီမံခန့်ခွဲရေးကော်မတီကို တာဝန်ပေးလိုက်ပါတယ်။ ကျွန်တော်က ဒီမြို့နယ်မှာ မြို့နယ်လ၀ကဦးစီးမှူးတာဝန်ယူထားပါတယ်။ ဒီမြို့မှာက မြို့နယ်သာသနာရေးဦးစီးဌာနဆိုပြီး သီးခြားမဖွင့်သေးဘူး။ တိုင်းအဆင့်မှာပဲရှိပါတယ်။ အဲဒီတော့ ကျွန်တော့်ကိုတရားလိုလုပ်ပြီး တရားစွဲဆိုဖို့အတွက် တာဝန်ပေးပါတယ်။ တာဝန်ပေးလာတဲ့အတွက် ချောင်းဦးမြို့တရားရုံးမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-က၊ ၂၉၈ အရ နိုဝင်ဘာ ၂၀ ရက်မှာတရားစွဲဆိုခဲ့တာပါ။ တာဝန်ပေးခဲ့တာက မြို့နယ်သံဃနာယကရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ မြို့နယ်စီမံခန်ခွဲမှုကော်မတီကနေတစ်ဆင့် အရေးယူပေးပါဆိုပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ တရားစွဲဆိုခဲ့တာပါ။ မြို့နယ်သံဃနာယကအဖွဲ့ကဆရာတော်တွေနဲ့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကနေ စာရေးဆရာဦးထင်လင်းဦးဟောပြောခဲ့တဲ့အကြောင်းအရာတွေက ဘယ်အကြောင်းတွေက ဘာသာသာသနာကိုပုတ်ခတ်ထိခိုက်စော်ကားနေတယ်ဆိုတဲ့အချက်တွေကို အစည်းအဝေးမှာ ဟောပြောချက်တစ်ခွေလုံးကို နားထောင်ပြီးတော့ ထိခိုက်စေတဲ့အချက်တွေနဲ့တရားစွဲဆိုခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး တရားဥပဒေနဲ့အညီပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ" ဟုပြောကြားသည်။

စာရေးဆရာဦးထင်လင်းဦးက ၎င်းအားစွပ်စွဲခဲ့သည့်ဟောပြောချက်များမှာ မိနစ်အနည်းငယ်ကိုသာဖြတ်တောက်ယူကာ စွပ်စွဲခြင်းဖြစ်ကာ ဟောပြောခဲ့သည်များမှ ၁၀ မိနစ်ခန့်ကိုသာ ဖြတ်တောက်ထားကြောင်း ပြောကြားသည်။

"ကျွန်တော်ဟောပြောသွားတဲ့အထဲမှာ ၁၀ မိနစ်လောက်ရှိတဲ့အကြောင်းအရာကို လိုသလိုဖြတ်တောက်ပြီးဖြန့်ဝေထားတာပါ။ ဟောပြောခဲ့တဲ့အထဲမှာ ဘာသာသာသနာနဲ့ပတ်သက်ပြီး စွပ်စွဲခဲ့တာနဲ့ပတ်သက်ပြီး သိရတာက ကျွန်တော်ဟောပြောခဲ့တာက အခွေကြာချိန်က တစ်နာရီနဲ့ မိနစ် ၄၀ ကြာပါတယ်။ တစ်နာရီ မိနစ် ၄၀ ကြာပြောထားတဲ့အခွေထဲက သူတို့က ၁၀ မိနစ်လောက်ကိုဖြတ်ထုတ်လိုက်တယ်။ အဲဒါကို အခွေထုတ်ပြီးဖြန့်ဝေလိုက်တယ်။ ဖြန့်ဝေတဲ့အဖွဲ့အစည်းတွေကတော့ အတိအကျတော့မသိဘူးပေါ့။ အဲဒီ ၁၀ မိနစ်စာထဲမှာက သူတို့က ဘယ်ဟာကိုဟိုက်လိုက်ခ်လုပ်တာလဲဆိုတော့ မြတ်စွာဘုရားက ကျုပ်တို့တိုင်းရင်းသားမဟုတ်ဘူးပေါ့။ အဲဒီတော့ လူမျိုးရေးကိုသိပ်ချစ်နေတယ်ဆိုရင် ဘုရားကိုမကိုးကွယ်နဲ့ပေါ့ဆိုတဲ့အစိတ်အပိုင်းလေးကိုဖြတ်ထားတယ်။ နောက်တစ်ခုက ဘုရားသားတော်တွေဆိုပြီး ငါလုပ်တာအမှန် ငါပြောတာအမှန်ဆိုပြီးပြောရင် အဲဒါဟာမှန်မလားဆိုတာ အဲဒါပါတယ်။ မြတ်စွာဘုရားက မျက်လုံးပြူးလား၊ နှာခေါင်းချွန်လား ခင်ဗျားတို့မသိကြဘဲ ဘာလို့ကိုးကွယ်နေမှာလဲ။ အဲဒါတွေနဲ့ပတ်သက်လို့ ဘာသာသာသနာကို ညှိုးနွမ်းစေတယ်ဆိုပြီး ကျွန်တော့်ကိုတရားစွဲခဲ့တာပါ။ နောက်တစ်ခုက သံဃာတော်ထုတစ်ခုလုံးကို အားလုံးကိုပြောတယ်ဆိုပြီး သူတို့ကဒီလိုစွပ်စွဲတာပါ။ ပထမဆုံးအချက်ကိုပြောမယ်ဆိုရင် မြတ်စွာဘုရားက ကျွန်တော်တို့တိုင်းရင်းသားမဟုတ်ဘူးဆိုတဲ့နေရာလေးမှာဖြတ်ထားလိုက်မယ်ဆိုရင် အရမ်းအန္တရာယ်များသွားပြီ။ ကျွန်တော်ပြောတဲ့စကားက အဲဒါပြောပြီး နောက်ထပ်ဘာပါလဲဆိုရင် ကျွန်တော်တို့ဟာ မြတ်စွာဘုရားကို မျက်လုံးပြူးလား နှာခေါင်းချွန်လားဆိုပြီးမသိဘဲနဲ့ကိုးကွယ်နေတာက လူမျိုးကိုကိုးကွယ်တာမဟုတ်ဘူး။ သူဟောကြားခဲ့တဲ့တရားတော်တွေကိုနာကြားပြီး ယုံကြည်သက်ဝင်ကိုးကွယ်နေတာ မဟုတ်ဘူးလားဆိုပြီး ပြောထားပါတယ်။ ပြောချင်တဲ့စကားကဘာလဲဆိုတော့ တို့သည် ဘုရားကိုကိုးကွယ်သည်ဆိုရာမှာ လူပုဂ္ဂိုလ်ကိုးကွယ်တာမဟုတ်ဘူး။ သူဟောကြားခဲ့တဲ့တရားတွေကို ကိုးကွယ်နေတယ်ဆိုတာကို ရောက်အောင်ပြောချင်တာပဲဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်တတ်တဲ့သူဆိုရင် ဒါဟာအင်မတန်ရှင်းပါတယ်" ဟု စာရေးဆရာဦးထင်လင်းဦးက ပြောကြားသည်။

Eleven Media Group 

ဒီဇင်ဘာ ၁၇ ရက်က ချောင်းဦးမြို့နယ်တရားရုံးတွင် ဘာသာသာသနာ ညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုမှုအတွက် အာမခံမရဘဲဖမ်းဆီး ခံခဲ့ရသည့် ဦးထင်လင်းဦးအားတွေ့ရစဉ်
ဒီဇင်ဘာ ၁၇ ရက်က ချောင်းဦးမြို့နယ်တရားရုံးတွင် ဘာသာသာသနာ ညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုမှုအတွက် အာမခံမရဘဲဖမ်းဆီး ခံခဲ့ရသည့် ဦးထင်လင်းဦးအားတွေ့ရစဉ်
ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် စာရေးဆရာဦးထင်လင်းဦးအား ချောင်းဦးမြို့နယ်တရားရုံး၌ ဒီဇင်ဘာ ၁၇ ရက်တွင် စတင်တရားစွဲဆိုခဲ့ပြီး အာမခံလျှောက်ထားရာတွင် တရားရုံးမှပယ်ချခဲ့ပြီးနောက် မုံရွာအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှစံပြ ကျေးရွာတွင် ပြုလုပ်ခဲ့သည့် "ဦးဝိစာရ" နေ့အထိမ်းအမှတ် စာပေဟောပြောပွဲတွင် စာရေးဆရာ ဦးထင်လင်းဦးဟောပြောခဲ့သည့် ဟောပြောချက်အချို့မှာ ဘာသာသာသနာညှိုးနွမ်းမှုအား ဖြစ်ပေါ်သည်ဟု ဆိုကာ ချောင်းဦးမြို့နယ် လ၀ကဦးစီးမှူးက တရားလိုပြုလုပ်၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-က၊ ၂၉၈ ဖြင့် ချောင်းဦးမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာရေးဆရာဦးထင်လင်းဦးအား မုံရွာခရိုင် ချောင်းဦးမြို့နယ်တရားရုံးတွင် ဘာသာသာသနာ ညှိုးနွမ်း စေမှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-က၊ ၂၉၈ တို့ဖြင့် ဒီဇင်ဘာ ၁၇ ရက်တွင် စတင်တရားစွဲဆိုခဲ့ရာတွင် ချောင်းဦးမြို့နယ်တရားသူကြီး ဦးလင်းမင်းထွန်းသည် ဖောင်ကြီးသင်တန်းသို့တက်ရောက်နေသဖြင့် မြင်းမူမြို့နယ်တရားသူကြီး ဦးဆန်းတင့်က ၎င်းသင်တန်းတက်ရောက်နေစဉ်ကာလအတွင်း အမှုအားတာဝန်ယူစစ်ဆေးသွားရမည်ဖြစ်ကြောင်း သိရသည်။

ဘာသာသာသနာညှိုးနွမ်းစေမှုပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် စာရေးဆရာဦးထင်လင်းဦး၏အမှုအား ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် စတင်စစ်ဆေးခဲ့ပြီး အမှုစစ်ဆေးရာ ချောင်းဦး မြို့နယ်တရားရုံးသို့ မဘသဆရာတော်များမှလည်း တက်ရောက်နားထောင်မှုများပြုလုပ်ခဲ့ကြသည်။

ချောင်းဦးမြို့နယ်တရားသူကြီးမှ အမှုစစ်ဆေးရာတွင် အာမခံလျှောက်ထားစေခဲ့ခြင်းကြောင့် အာမခံလျှောက်ထားခဲ့ကြောင်း၊ တရားရုံးသို့လျှောက်ထားရာတွင် သတ်မှတ်ပုံစံအတိုင်းသာဖြည့်သွင်း ရေး သားပြီး လျှောက်ထားခဲ့ရာ တရားလို၏ရှေ့နေဖြစ်သူက အာမခံလျှောက်ထားလာမှုမှာ အကြောင်းအရာ ခိုင်လုံမှန်ကန်မှုမရှိဟုဆိုကာ တရားရုံးသို့တင်ပြခဲ့ရာတွင် တရားသူကြီးက အာမခံလျှောက်ထားလာမှုအား ပယ်ချခဲ့ခြင်းဖြစ်ကြောင်း စာရေးဆရာဦးထင်လင်းဦး၏ညီဖြစ်သူ ကိုဆန်းထွန်းကပြောကြားသည်။

ဒီအမှုကိုရင်ဆိုင်ဖြေရှင်းဖို့အတွက် ကျွန်တော်ကြိုရောက်နေခဲ့တယ်လေ။ ကျွန်တော်ထွက်ပြေးနေခဲ့တာ မဟုတ်ဘူး။ စာမှာက ထုချေရှင်းလင်းရန် လာရောက်စေလိုသည်ဆိုပြီးခေါ်တယ်ဗျာ။ ထုချေရှင်းလင်း ဆိုပြီးလာပါဆိုရင် ကျွန်တော်ကထုချေရှင်းလင်းဖို့ပဲတာဝန်ရှိတယ်။ ကျွန်တော်က တရားခံတစ်ယောက်မှ မဟုတ်ဘဲ။ ကျွန်တော့်အပေါ်မှာ ထင်ရှားတဲ့စွပ်စွဲချက်ကိုမပြနိုင်မချင်း ကျွန်တော်ဟာအပြစ်မရှိဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတာအဲဒါပဲဆိုရင် ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေ ရဲ့အခြေအနေက ခင်ဗျားတို့သိသင့်ပါပြီ . . .

"လက်ရှိဒီအမှုနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင် အမှုက အခုမှစတင်စစ်ဆေးဆဲဖြစ်ပါတယ်။ ဒီအမှုကိုလည်း တရားဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်သွားမှာပါ။ အာမခံလျှောက်ထားတာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒီအမှုဟာ အာမခံပေးလို့မရပါဘူး။ စွဲဆိုထားတဲ့ ပုဒ်မ ၂၉၅-က က အာမခံပေးလို့မရတဲ့ ဥပဒေပုဒ်မတစ်ခုဖြစ်ပါတယ်။ ဒီနေ့အမှုစစ်ဆေးတဲ့အခါမှာ ချောင်းဦးမြို့နယ်တရားသူကြီးက သင်တန်းသွားနေတဲ့အတွက် ကျွန်တော့်အနေနဲ့ သူသင်တန်းတက်နေစဉ်ကာလအတွင်းမှာ အမှုတွေကို တာဝန်ယူစစ်ဆေးသွားရမှာဖြစ်ပါတယ်" ဟု ချောင်းဦးမြို့နယ်တရားရုံး၌ ဦးထင်လင်းဦး၏အမှုအား လာရောက်စစ်ဆေးခဲ့သည့် မြင်းမူမြို့နယ်တရားသူကြီး ဦးဆန်းတင့်က ပြောကြားသည်။

ဘာသာသာသနာညှိုးနွမ်းစေမှုဖြင့် ချောင်းဦးမြို့နယ်တရားရုံး၌ အမှုရင်ဆိုင်နေရသည့် ဦးထင်လင်းဦးက တရားရုံးချိန်းအပြီးထွက်ခွာလာစဉ်တွင် "အခုတော့ကျွန်တော်က ဘာသာသာသနာသန့်ရှင်း စင်ကြယ်ဖို့ အတွက်တင်မကဘူး တရားဥပဒေစိုးမိုးရေးအတွက်ပါ ဆက်ပြီးဆောင်ရွက်ရမလိုဖြစ်သွားတာပေါ့။ ကျွန်တော်တို့ အနေနဲ့ လုပ်သင်လုပ်ထိုက်တာအားလုံးကို ဆက်လုပ်သွားမှာပါ။ စောစောက ကျွန်တော် ထောက်ပြသွားတဲ့အချက်ကို ခင်ဗျားတို့လည်းမြင်မယ်ထင်ပါတယ်။ ကျွန်တော့်ကိုအာမခံလျှောက်ဖို့အတွက် ကျွန်တော်ပုံစံပဲဖြည့်ခဲ့ရတာလေ။ ကျွန်တော့်ဘာသာကျွန်တော် အကြောင်းပြချက်လည်းပေးခဲ့ရတာ မဟုတ်ဘူး။ ဒီစာရွက်ကိုဖတ်ပြီးတော့ ဒီစာရွက်ထဲမှာ အကြောင်းပြချက်ခိုင်ခိုင်မာမာမပါလို့ဆိုတာကြီးက လွန်လွန်းအားကြီးတယ်ဗျာ။ အစောကြီးကတည်းက ဒီပုဒ်မတွေဟာ အာမခံပေးလို့မရဘူးဆိုရင် ထုချေရှင်းလင်းရန်လာရောက်ဖို့ဆိုပြီးတော့ သမ္မန်စာမှာဆင့်ခေါ်ခဲ့တာပါ။ တရားဥပဒေအရခုခံရှင်းလင်းဖို့ အတွက်ရောက်လာတဲ့သူကို ဒီရောက်တော့မှ ဆီးဖမ်းတယ်ဆိုတော့ဗျာ လိမ်ခေါ်ပြီးဖမ်းတာနဲ့မတူဘူးလား။ မြန်မာနိုင်ငံရဲ့တရားရုံးကဒီလိုပဲ လိမ်ခေါ်ပြီးတော့ဖမ်းတတ်သလား။ ဒီအမှုကိုရင်ဆိုင်ဖြေရှင်းဖို့အတွက် ကျွန်တော်ကြိုရောက်နေခဲ့တယ်လေ။ ကျွန်တော်ထွက်ပြေးနေခဲ့တာမဟုတ်ဘူး။ စာမှာက ထုချေ ရှင်းလင်းရန် လာရောက်စေလိုသည်ဆိုပြီးခေါ်တယ်ဗျာ။ ထုချေရှင်းလင်းဆိုပြီးလာပါဆိုရင် ကျွန်တော်က ထုချေရှင်းလင်းဖို့ပဲတာဝန်ရှိတယ်။ ကျွန်တော်က တရားခံတစ်ယောက်မှမဟုတ်ဘဲ။ ကျွန်တော့်အပေါ်မှာ ထင်ရှားတဲ့စွပ်စွဲချက်ကိုမပြနိုင်မချင်း ကျွန်တော်ဟာအပြစ်မရှိဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတာအဲဒါပဲဆိုရင် ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့အခြေအနေက ခင်ဗျားတို့သိသင့်ပါပြီ" ဟု တရားရုံးမှအမှုရင်ဆိုင်ထွက်ခွာလာပြီးနောက် မုံရွာအကျဉ်းထောင်သို့ မပို့ ဆောင်မီ ပြောကြားသည်။

ဦးထင်လင်းဦး၏အမှုအားစစ်ဆေးနေချိန်တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-ကသည် အာမခံပေး၍ မရသောပုဒ်မဖြစ်သည်ဟုပြောဆိုထားသော်လည်း တရားခွင်တွင် တရားသူကြီးက ဦးထင်လင်းဦးအား အာမခံလျှောက်ထားလိုပါသလားဟုမေးမြန်းခဲ့ရာ ဦးထင်လင်းဦးမှမလျှောက်ထားပါဟုပြောဆိုခဲ့ပြီးနောက် တရာသူကြီးကထပ်မံမေးမြန်းခဲ့ရာ အာမခံလျှောက်ထားရန်အတွက် ပုံစံစာရွက်တွင်ဖြည့်စွက်ကာ အာမခံရရှိရန်အတွက်လျှောက်ထားခဲ့ရာ အကြောင်းအရာခိုင်လုံမှုမရှိဟုဆိုကာ တရားရုံးမှပယ်ချခဲ့ကြောင်း အမှုအားသွားရောက်နားထောင်ခဲ့သည့် ဒေသခံများထံမှသိရသည်။

စာရေးဆရာဦးထင်လင်းဦး၏အမှုအား တရားလိုပြုလုပ်၍တရားစွဲဆိုခဲ့သည့် ချောင်းဦးမြို့နယ် လ၀ကဦးစီးမှူးဦးဦးထွန်းခိုင်က "စာရေးဆရာထင်လင်းဦးက အောက်တိုဘာ ၂၃ ရက်မှာ ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာ စာပေဟောပြောပွဲပြုလုပ်ခဲ့ရာမှာ သူဟောပြောခဲ့တဲ့အကြောင်းအရာတွေက အချက်အချို့မှာ အမျိုးဘာသာသာသနာကိုပုတ်ခတ်စော်ကားတဲ့စကားလုံးတွေပါသွားတယ်။ တစ်ခါမဟုတ် နှစ်ခါလည်းမဟုတ် သုံးခါလောက်ပါနေပါတယ်။ အဲဒါကြောင့် မြို့နယ်သံဃနာယကအဖွဲ့က အစည်းအဝေးလုပ်တယ်။ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဥပဒေနဲ့ အညီအရေးယူဆောင်ရွက်ပေးဖို့ဆိုပြီး မြို့နယ်စီမံခန့်ခွဲရေးကော်မတီကို တာဝန်ပေးလိုက်ပါတယ်။ ကျွန်တော်က ဒီမြို့နယ်မှာ မြို့နယ်လ၀ကဦးစီးမှူးတာဝန်ယူထားပါတယ်။ ဒီမြို့မှာက မြို့နယ် သာသနာရေး ဦးစီးဌာနဆိုပြီး သီးခြားမဖွင့်သေးဘူး။ တိုင်းအဆင့်မှာပဲရှိပါတယ်။ အဲဒီတော့ ကျွန်တော့်ကိုတရားလိုလုပ်ပြီး တရားစွဲဆိုဖို့အတွက် တာဝန်ပေးပါတယ်။ တာဝန်ပေးလာတဲ့အတွက် ချောင်းဦးမြို့တရားရုံးမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-က၊ ၂၉၈ အရ နိုဝင်ဘာ ၂၀ ရက်မှာတရားစွဲဆိုခဲ့တာပါ။ တာဝန်ပေးခဲ့တာက မြို့နယ်သံဃနာယကရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ မြို့နယ်စီမံခန်ခွဲမှုကော်မတီကနေတစ်ဆင့် အရေးယူပေးပါဆိုပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ တရားစွဲဆိုခဲ့တာပါ။ မြို့နယ်သံဃနာယက အဖွဲ့ကဆရာတော်တွေနဲ့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကနေ စာရေးဆရာဦးထင်လင်းဦးဟောပြောခဲ့တဲ့ အကြောင်းအရာတွေက ဘယ်အကြောင်းတွေက ဘာသာသာသနာကိုပုတ်ခတ်ထိခိုက်စော်ကားနေတယ် ဆိုတဲ့ အချက်တွေကို အစည်းအဝေးမှာ ဟောပြောချက်တစ်ခွေလုံးကို နားထောင်ပြီးတော့ ထိခိုက်စေတဲ့ အချက်တွေနဲ့တရားစွဲဆိုခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး တရားဥပဒေနဲ့အညီပဲ ဆက်လက်ဆောင်ရွက် သွားမှာပါ" ဟုပြောကြားသည်။

စာရေးဆရာဦးထင်လင်းဦးက ၎င်းအားစွပ်စွဲခဲ့သည့်ဟောပြောချက်များမှာ မိနစ်အနည်းငယ်ကိုသာ ဖြတ်တောက် ယူကာ စွပ်စွဲခြင်းဖြစ်ကာ ဟောပြောခဲ့သည်များမှ ၁၀ မိနစ်ခန့်ကိုသာ ဖြတ်တောက်ထား ကြောင်း ပြောကြားသည်။

"ကျွန်တော်ဟောပြောသွားတဲ့အထဲမှာ ၁၀ မိနစ်လောက်ရှိတဲ့အကြောင်းအရာကို လိုသလိုဖြတ်တောက်ပြီး ဖြန့်ဝေထားတာပါ။ ဟောပြောခဲ့တဲ့အထဲမှာ ဘာသာသာသနာနဲ့ပတ်သက်ပြီး စွပ်စွဲခဲ့တာနဲ့ပတ်သက်ပြီး သိရတာက ကျွန်တော်ဟောပြောခဲ့တာက အခွေကြာချိန်က တစ်နာရီနဲ့ မိနစ် ၄၀ ကြာပါတယ်။ တစ်နာရီ မိနစ် ၄၀ ကြာပြောထားတဲ့အခွေထဲက သူတို့က ၁၀ မိနစ်လောက်ကိုဖြတ်ထုတ်လိုက်တယ်။ အဲဒါကို အခွေထုတ်ပြီးဖြန့်ဝေလိုက်တယ်။ ဖြန့်ဝေတဲ့အဖွဲ့အစည်းတွေကတော့ အတိအကျတော့မသိဘူးပေါ့။ အဲဒီ ၁၀ မိနစ်စာထဲမှာက သူတို့က ဘယ်ဟာကိုဟိုက်လိုက်ခ်လုပ်တာလဲဆိုတော့ မြတ်စွာဘုရားက ကျုပ်တို့ တိုင်းရင်းသား မဟုတ်ဘူးပေါ့။ အဲဒီတော့ လူမျိုးရေးကိုသိပ်ချစ်နေတယ်ဆိုရင် ဘုရားကိုမကိုးကွယ်နဲ့ပေါ့ ဆိုတဲ့အစိတ်အပိုင်းလေးကိုဖြတ်ထားတယ်။ နောက်တစ်ခုက ဘုရားသားတော်တွေဆိုပြီး ငါလုပ်တာအမှန် ငါပြောတာအမှန်ဆိုပြီးပြောရင် အဲဒါဟာမှန်မလားဆိုတာ အဲဒါပါတယ်။ မြတ်စွာဘုရားက မျက်လုံးပြူးလား၊ နှာခေါင်းချွန်လား ခင်ဗျားတို့မသိကြဘဲ ဘာလို့ကိုးကွယ်နေမှာလဲ။ အဲဒါတွေနဲ့ပတ်သက်လို့ ဘာသာသာသနာကို ညှိုးနွမ်းစေတယ်ဆိုပြီး ကျွန်တော့်ကိုတရားစွဲခဲ့တာပါ။ နောက်တစ်ခုက သံဃာတော်ထုတစ်ခုလုံးကို အားလုံးကိုပြောတယ်ဆိုပြီး သူတို့ကဒီလိုစွပ်စွဲတာပါ။ ပထမဆုံးအချက်ကို ပြောမယ်ဆိုရင် မြတ်စွာဘုရားက ကျွန်တော်တို့တိုင်းရင်းသားမဟုတ်ဘူးဆိုတဲ့ နေရာလေးမှာ ဖြတ်ထား လိုက်မယ်ဆိုရင် အရမ်းအန္တရာယ်များသွားပြီ။ ကျွန်တော်ပြောတဲ့စကားက အဲဒါပြောပြီး နောက်ထပ် ဘာပါလဲ ဆိုရင် ကျွန်တော်တို့ဟာ မြတ်စွာဘုရားကို မျက်လုံးပြူးလား နှာခေါင်းချွန်လားဆိုပြီး မသိဘဲနဲ့ကိုးကွယ်နေတာက လူမျိုးကိုကိုးကွယ်တာမဟုတ်ဘူး။ သူဟောကြားခဲ့တဲ့တရားတော်တွေကို နာကြားပြီး ယုံကြည်သက်ဝင်ကိုးကွယ်နေတာ မဟုတ်ဘူးလားဆိုပြီး ပြောထားပါတယ်။ ပြောချင်တဲ့ စကားကဘာလဲဆိုတော့ တို့သည် ဘုရားကိုကိုးကွယ်သည်ဆိုရာမှာ လူပုဂ္ဂိုလ်ကိုးကွယ်တာမဟုတ်ဘူး။ သူဟောကြားခဲ့တဲ့ တရားတွေကို ကိုးကွယ်နေတယ်ဆိုတာကို ရောက်အောင်ပြောချင်တာပဲဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်တတ်တဲ့သူဆိုရင် ဒါဟာအင်မတန်ရှင်းပါတယ်" ဟု စာရေးဆရာဦးထင်လင်းဦးက ပြောကြား သည်။

Eleven Media Group 

No comments:

Post a Comment