Thursday 18 December 2014

KIA တပ်ဖွဲ့အတွင်း ခွဲခြားဖိနှိပ် အုပ်ချုပ်ခံနေရသော ရခိုင်တိုင်းရင်းသားများ

Photo: KIA တပ်ဖွဲ့အတွင်း ခွဲခြားဖိနှိပ် အုပ်ချုပ်ခံနေရသော ရခိုင်တိုင်းရင်းသားများ
Thursday, December 18, 2014

ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့၏ လက်အောက်ခံ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသော ရခိုင်တိုင်းရင်း သားအား KIA ခေါင်းဆောင်များက ခွဲခြားဆက်ဆံပြီး ဖိနှိပ်အုပ်ချုပ်နေကြောင်း ကချင်ပြည်နယ် ၀ိုင်းမော်မြို့တွင် ရောက်ရှိနေ သော ရခိုင်တိုင်းရင်းသားတစ်ဦးထံမှ သတင်းရရှိပါသည်။

“ဒီရခိုင်တိုင်းရင်းသားတွေက ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့်ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုချင်လို့ ခွင့်တင်တာ အရေးကြီးတဲ့အချိန်ဖြစ်လို့ ခွင့်မပေးဘူးတဲ့။ သူတို့တွေက ခွင့် ၅ ရက်ပဲတင်တာကို KIA ခေါင်းဆောင်တွေက မပေးဘူးလေ။ ရခိုင်ပြည်နယ်နေ့ဆိုတာ ရခိုင်လူမျိုးတိုင်းနဲ့ သက်ဆိုင်တယ်လေ။ အဲ့ဒါကြောင့် သူတို့လည်း သူတို့ပွဲကို ဂုဏ်ပြုချင်တာ နေမှာပေါ့။ သူတို့ ကချင်လူမျိုးတွေကျတော့ အိမ်ပြန်ပြီး လယ်လုပ်တဲ့လူတွေ လုပ်ကြတယ်လေ”ဟု အဆိုပါ ရခိုင်တိုင်းရင်းသားမှ ပြောသည်။

KIA တပ်ဖွဲ့အတွင်းတွင် တာဝန်ထမ်းဆောင်နေသော ရခိုင်လူမျိုး အရာရှိ ၅ ဦး နှင့် အခြားအဆင့် ၄၅ ဦးခန့် ရှိကြောင်း လိုင်ဇာမြို့ခံတစ်ဦးမှ ပြောသည်။
“KIA အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်လူမျိုးတွေကို ခွင့်ပေးဖို့ အဆင်မပြေဘူးလေ။ သူတို့တွေကို အကုန် လုံး ခွင့်ပေးလိုက်ရင် ကမောက်ကမတွေ ဖြစ်သွားနိုင်တယ်။ တစ်ချို့လူတွေ ပြန်လာမှာ မဟုတ်ဘူး။ အခုက အစိုးရ တပ်နဲ့လည်း တိုက်ပွဲတွေ ဖြစ်နေတယ်လေ။ KIA တပ်ဖွဲ့ဝင် အားလုံးကို စစ်ရေးအသင့်အနေအထားနဲ့ပဲ ပြင်ဆင်ခိုင်း ထားတယ်။ သူတို့ကို ခွင့်မပေးပေမယ့် ဒီတပ်ဖွဲ့တွင်းမှာပဲ ဂုဏ်ပြုပွဲလုပ်ဖို့ သူတို့ရဲ့ လစာတွေကို ကြိုထုတ်ပေးပါ တယ်” ဟု အဆိုပါ မြို့ခံမှ ပြောသည်။

ရခိုင်ပြည်နယ်နေ့အား ဂုဏ်ပြုကြိုဆိုရန် KIA တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ရခိုင်လူမျိုးများအား အရာရှိအဆင့် လစာ ၅၀၀၀၀ နှင့် အခြားအဆင့် လစာ ၂၀၀၀၀ ကို ကြိုတင်ထုတ်ပေးသော်လည်း ရခိုင်ပြည်နယ် နေ့အား ဂုဏ်ပြုပွဲ မလုပ်ဖြစ်ကြောင်း ၎င်းမှ ဆက်ပြောသည်။

အစိုးရတပ်မှ လက်နက်ကြီးပစ်ခတ်၍ နိုဝင်ဘာ ၁၉ ရက်နေ့ လိုင်ဇာဗိုလ်သင်တန်းကျောင်းတွင် သေဆုံးသွားသော ဗိုလ်လောင်း အများစုမှာ ရခိုင်လူမျိုးများ ဖြစ်သည့်အပြင် KIA တပ်ဖွဲ့တွင် ရခိုင်လူမျိုးများကို ခွဲခြားဆက်ဆံပြီး ဖိနှိပ်အုပ်ချုပ်ခံနေရမှုများ ကြောင့် KIA လက်နက်ကိုင်အဖွဲ့အတွင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် တွန့်ဆုတ် နေကြကြောင်း သိရှိရပါသည်။

ခွန်ဆိုင်း
Credit to KDN
ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့၏ လက်အောက်ခံ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင် နေသော ရခိုင်တိုင်းရင်း သားအား KIA ခေါင်းဆောင်များက ခွဲခြားဆက်ဆံပြီး ဖိနှိပ်အုပ်ချုပ်နေကြောင်း ကချင်ပြည်နယ် ၀ိုင်းမော်မြို့တွင် ရောက်ရှိနေ သော ရခိုင်တိုင်းရင်းသားတစ်ဦးထံမှ သတင်းရရှိပါသည်။

“ဒီရခိုင်တိုင်းရင်းသားတွေက ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့်ရခိုင်ပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုချင်လို့ ခွင့်တင်တာ အရေးကြီးတဲ့အချိန်ဖြစ်လို့ ခွင့်မပေးဘူးတဲ့။ သူတို့တွေက ခွင့် ၅ ရက်ပဲ တင်တာ ကို KIA ခေါင်းဆောင်တွေက မပေးဘူးလေ။ ရခိုင်ပြည်နယ်နေ့ဆိုတာ ရခိုင်လူမျိုးတိုင်းနဲ့ သက်ဆိုင်တယ် လေ။ အဲ့ဒါကြောင့် သူတို့လည်း သူတို့ပွဲကို ဂုဏ်ပြုချင်တာ နေမှာပေါ့။ သူတို့ ကချင် လူမျိုးတွေ ကျတော့ အိမ်ပြန်ပြီး လယ်လုပ်တဲ့လူတွေ လုပ်ကြတယ်လေ”ဟု အဆိုပါ ရခိုင်တိုင်းရင်းသားမှ ပြောသည်။

KIA တပ်ဖွဲ့အတွင်းတွင် တာဝန်ထမ်းဆောင်နေသော ရခိုင်လူမျိုး အရာရှိ ၅ ဦး နှင့် အခြားအဆင့် ၄၅ ဦးခန့် ရှိကြောင်း လိုင်ဇာမြို့ခံတစ်ဦးမှ ပြောသည်။ “KIA အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်လူမျိုးတွေကို ခွင့်ပေးဖို့ အဆင်မပြေဘူးလေ။ သူတို့တွေကို အကုန် လုံး ခွင့်ပေးလိုက်ရင် ကမောက် ကမ တွေ ဖြစ်သွားနိုင်တယ်။ တစ်ချို့လူတွေ ပြန်လာမှာ မဟုတ်ဘူး။ အခုက အစိုးရ တပ်နဲ့လည်း တိုက်ပွဲ တွေ ဖြစ်နေတယ်လေ။ KIA တပ်ဖွဲ့ဝင် အားလုံးကို စစ်ရေးအသင့်အနေအထားနဲ့ပဲ ပြင်ဆင်ခိုင်း ထားတယ်။ သူတို့ကို ခွင့်မပေးပေမယ့် ဒီတပ်ဖွဲ့တွင်းမှာပဲ ဂုဏ်ပြုပွဲလုပ်ဖို့ သူတို့ရဲ့ လစာတွေကို ကြိုထုတ်ပေးပါ တယ်” ဟု အဆိုပါ မြို့ခံမှ ပြောသည်။

ရခိုင်ပြည်နယ်နေ့အား ဂုဏ်ပြုကြိုဆိုရန် KIA တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ရခိုင်လူမျိုးများအား အရာရှိအဆင့် လစာ ၅၀၀၀၀ နှင့် အခြားအဆင့် လစာ ၂၀၀၀၀ ကို ကြိုတင်ထုတ်ပေးသော်လည်း ရခိုင်ပြည်နယ် နေ့အား ဂုဏ်ပြုပွဲ မလုပ်ဖြစ်ကြောင်း ၎င်းမှ ဆက်ပြောသည်။

အစိုးရတပ်မှ လက်နက်ကြီးပစ်ခတ်၍ နိုဝင်ဘာ ၁၉ ရက်နေ့ လိုင်ဇာဗိုလ်သင်တန်းကျောင်းတွင် သေဆုံး သွားသော ဗိုလ်လောင်း အများစုမှာ ရခိုင်လူမျိုးများ ဖြစ်သည့်အပြင် KIA တပ်ဖွဲ့တွင် ရခိုင်လူမျိုးများကို ခွဲခြား ဆက်ဆံပြီး ဖိနှိပ်အုပ်ချုပ်ခံနေရမှုများ ကြောင့် KIA လက်နက်ကိုင်အဖွဲ့အတွင်း ဆက်လက်တာဝန် ထမ်းဆောင်ရန် တွန့်ဆုတ် နေကြကြောင်း သိရှိရပါသည်။

ခွန်ဆိုင်း
Credit to KDN

No comments:

Post a Comment