Thursday 18 December 2014

မိမိမှာ နောက်ဆုံး ဒလိုင်းလားမား ဖြစ်နိုင်ဟု ဒလိုင်းလားမားပြောကြား

Photo: မိမိမှာ နောက်ဆုံး ဒလိုင်းလားမား ဖြစ်နိုင်ဟု ဒလိုင်းလားမားပြောကြား
Thursday, December 18, 2014

တိဘက်တို့၏ အမြင့်မားဆုံး ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက မိမိမှာ အဆိုပါ ဘွဲ့ကို နောက်ဆုံး ဆက်ခံ သူဖြစ်နိုင်ကြောင်း သိရှိနေသည်ဟု ပြည်ပရောက် တိဘက်ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက ပြောကြားလိုက်သည်။ သို့သော် လည်း လူသိများသော ဒလိုင်းလားမား တစ်ဦး၏ ခေတ်တွင် ရာစုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သော အစဉ်အလာတစ်ခု ရပ်တန့်သွားခြင်းက ပိုမိုကောင်းမွန်လိမ့်မည် ဟုလည်း ၎င်းက ဘီဘီစီသို့ပြောကြားခဲ့သည်။ တိဘက်တွင် ပုန်ကန်မှု တစ်ခုကို တရုတ်တပ်များက ချေမှုန်း ပြီးနောက် ဒလိုင်းလားမားသည် ၁၉၅၉ ခုနှစ်က အိန္ဒိယသို့ ထွက်ပြေးခဲ့သည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒလိုင်းလားမားသည် ခွဲထွက်ရေး ၀ါဒီတစ်ဦး ဖြစ်သည်ဟု ပေကျင်းက ရှုမြင်လျက် ရှိသည်။ သို့သော်လည်း ယခုအခါ ဒလိုင်းလားမားက တရုတ်နှင့် ပတ်သက်၍ အလယ်အလတ် သဘောထား ရှိနေပြီး တိဘက်အတွက် လွတ်လပ်ရေး မဟုတ်ဘဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရန်သာ လိုလားနေသည်။ သူ့တွင် ဆက်ခံမည့်သူ တစ်ဦးမျှ မရှိသေးကြောင်း လည်း ဘီဘီစီ၏ သတင်း အစီအစဉ်နှင့် ပြုလုပ်သော အင်တာဗျူးတွင် ၇၉ နှစ်အရွယ် ဘာသာရေး ခေါင်းဆောင်က ပြောကြားခဲ့သည်။

၎င်းနေရာကို ဆက်ခံမည့် နောက်ထပ် ဒလိုင်းလားမား ပေါ်ထွက်လာမလာမှာ ၎င်းသေဆုံးပြီးနောက် ဖြစ်ပေါ်လာသည့် အခြေအနေများပေါ် တွင် မူတည်နေ သည့် အပြင် တိဘက်ပြည်သူများ အပေါ်တွင်လည်း မူတည်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ၂၀၁၁ခုနှစ်က အဝေးရောက် တိဘက်အစိုးရ၏ ခေါင်း ဆောင် အဖြစ် တင်မြောက်ခံရသော လော့ဘ်ဆန်ဆန်ဂေးအား လွှဲပေးပြီး ကတည်းက သူ့တွင် နိုင်ငံရေး တာဝန်များ မရှိတော့ဟု ဆိုသည်။

ယင်းသို့ လွှဲအပ်မှုက တရုတ် ထိန်းချုပ်မှု၏ ပြင်ပတွင် တိဘက် လူ့အဖွဲ့အစည်း တွင် စနစ်တကျ ရွေးကောက် တင်မြောက်သော ခေါင်းဆောင် တစ်ဦး ရှိသည် ဆိုသည် အစဉ်အလာ တစ်ခုကို ဒလိုင်းလားမားက သေချာအောင် ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်ဟု အများက ယူဆလျက် ရှိသည်။

သို့သော်လည်း နောက်ထပ် ဒလိုင်းလားမား တစ်ဦး ရွေးချယ်မည်ဟု တရုတ်က အကြိမ်ကြိမ် ပြောကြားလျက် ရှိသည်။ “ဒလိုင်းလားမား အင်စတီကျူးရှင်းဟာ တစ်နေ့တော့ ရပ်စဲသွား ပါလိမ့်မယ်။ ဒီလိုမျိုး လူလုပ် အင်စတီကျူးရှင်း တွေဟာ ရပ်စဲရ ပါလိမ့်မယ်“ဟု ဒလိုင်းလားမား က ဘီဘီစီသို့ ပြောကြားခဲ့သည်။ တိဘက်ဗုဒ္ဓဘာသာတွင် ဒုတိယ အမြင့်ဆုံးပုဂ္ဂိုလ်မှာ ပန်ချင်လာမားဖြစ်ပြီး နောက်တက်မည့် ဒလိုင်းလားမား အား ရွေးချယ်ရာတွင် အဓိက ကျသူ ဖြစ်သည်။၁၉၉၅ ခုနှစ်က ဒလိုင်းလားမားသည် ပန်ချင်လားမား အဖြစ် ငယ်ရွယ်သည့် အမျိုးသား လူငယ်လေးအား ရွေးချယ်ခဲ့ သော်လည်း တရုတ်ကပယ်ချခဲ့ပြီး ကိုယ်တိုင် ရွေးချယ်မှု ပြုလုပ်ခဲ့သည်။ ဒလိုင်းလားမား ရွေးချယ် ခဲ့သူ မည်သည့် နေရာတွင် ရှိသည်ကို မသိရပေ။ 

Ref: BBC
တိဘက်တို့၏ အမြင့်မားဆုံး ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက မိမိမှာ အဆိုပါ ဘွဲ့ကို နောက် ဆုံး ဆက်ခံ သူဖြစ်နိုင်ကြောင်း သိရှိနေသည်ဟု ပြည်ပရောက် တိဘက်ဘာသာရေး ခေါင်းဆောင် ဒလိုင်း လားမားက ပြောကြားလိုက်သည်။ သို့သော် လည်း လူသိများသော ဒလိုင်းလားမား တစ်ဦး၏ ခေတ်တွင် ရာစုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သော အစဉ်အလာတစ်ခု ရပ်တန့်သွားခြင်းက ပိုမိုကောင်းမွန်လိမ့်မည် ဟုလည်း ၎င်းက ဘီဘီစီသို့ပြောကြားခဲ့သည်။ တိဘက်တွင် ပုန်ကန်မှု တစ်ခုကို တရုတ်တပ်များက ချေမှုန်း ပြီးနောက် ဒလိုင်းလားမားသည် ၁၉၅၉ ခုနှစ်က အိန္ဒိယသို့ ထွက်ပြေးခဲ့သည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒလိုင်းလားမားသည် ခွဲထွက်ရေး ၀ါဒီတစ်ဦး ဖြစ်သည်ဟု ပေကျင်းက ရှုမြင်လျက် ရှိသည်။ သို့သော်လည်း ယခုအခါ ဒလိုင်းလားမားက တရုတ်နှင့် ပတ်သက်၍ အလယ်အလတ် သဘောထား ရှိနေပြီး တိဘက်အတွက် လွတ်လပ်ရေး မဟုတ်ဘဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရန်သာ လိုလားနေသည်။ သူ့တွင် ဆက်ခံမည့်သူ တစ်ဦးမျှ မရှိသေးကြောင်း လည်း ဘီဘီစီ၏ သတင်း အစီအစဉ် နှင့် ပြုလုပ်သော အင်တာဗျူးတွင် ၇၉ နှစ်အရွယ် ဘာသာရေး ခေါင်းဆောင်က ပြောကြားခဲ့သည်။

၎င်းနေရာကို ဆက်ခံမည့် နောက်ထပ် ဒလိုင်းလားမား ပေါ်ထွက်လာမလာမှာ ၎င်းသေဆုံးပြီးနောက် ဖြစ်ပေါ်လာသည့် အခြေအနေများပေါ် တွင် မူတည်နေ သည့် အပြင် တိဘက်ပြည်သူများ အပေါ်တွင်လည်း မူတည်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ၂၀၁၁ခုနှစ်က အဝေးရောက် တိဘက်အစိုးရ၏ ခေါင်း ဆောင် အဖြစ် တင်မြောက်ခံရသော လော့ဘ်ဆန်ဆန်ဂေးအား လွှဲပေးပြီး ကတည်းက သူ့တွင် နိုင်ငံရေး တာဝန်များ မရှိတော့ဟု ဆိုသည်။

ယင်းသို့ လွှဲအပ်မှုက တရုတ် ထိန်းချုပ်မှု၏ ပြင်ပတွင် တိဘက် လူ့အဖွဲ့အစည်း တွင် စနစ်တကျ ရွေးကောက် တင်မြောက်သော ခေါင်းဆောင် တစ်ဦး ရှိသည် ဆိုသည် အစဉ်အလာ တစ်ခုကို ဒလိုင်းလားမားက သေချာအောင် ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်ဟု အများက ယူဆလျက် ရှိသည်။

သို့သော်လည်း နောက်ထပ် ဒလိုင်းလားမား တစ်ဦး ရွေးချယ်မည်ဟု တရုတ်က အကြိမ်ကြိမ် ပြောကြား လျက် ရှိသည်။ “ဒလိုင်းလားမား အင်စတီကျူးရှင်းဟာ တစ်နေ့တော့ ရပ်စဲသွား ပါလိမ့်မယ်။ ဒီလိုမျိုး လူလုပ် အင်စတီကျူးရှင်း တွေဟာ ရပ်စဲရ ပါလိမ့်မယ်“ဟု ဒလိုင်းလားမားက ဘီဘီစီသို့ ပြောကြားခဲ့သည်။ တိဘက် ဗုဒ္ဓဘာသာတွင် ဒုတိယ အမြင့်ဆုံးပုဂ္ဂိုလ်မှာ ပန်ချင်လာမားဖြစ်ပြီး နောက်တက်မည့် ဒလိုင်းလားမား အား ရွေးချယ်ရာတွင် အဓိက ကျသူ ဖြစ်သည်။၁၉၉၅ ခုနှစ်က ဒလိုင်းလားမားသည် ပန်ချင်လားမား အဖြစ် ငယ်ရွယ်သည့် အမျိုးသား လူငယ်လေးအား ရွေးချယ်ခဲ့ သော်လည်း တရုတ်ကပယ်ချခဲ့ပြီး ကိုယ်တိုင် ရွေးချယ်မှု ပြုလုပ်ခဲ့သည်။ ဒလိုင်းလားမား ရွေးချယ် ခဲ့သူ မည်သည့် နေရာတွင် ရှိသည်ကို မသိရပေ။  

Ref: BBC 

No comments:

Post a Comment