Thursday 18 December 2014

မန္တလေးမြို့လယ်တွင် ခုံးကျော်တံတားတစ်စင်း တည်ဆောက်ရန် တောင်းဆို

Photo: မန္တလေးမြို့လယ်တွင် ခုံးကျော်တံတားတစ်စင်း တည်ဆောက်ရန် တောင်းဆို
Thursday, December 18, 2014

 မန္တလေးမြို့နယ် ၇၈ လမ်းတွင် ခုံးကျော်တံတားတစ် စင်း  ထပ်မံတည်ဆောက် ပေး ရန် ယာဉ်ထိန်းတာဝန်ရှိသူက တောင်း ဆိုထားကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၆ရက်က မန္တလေး မြို့ မြို့တော်ခန်းမတွင် ပြုလုပ် သည့် မန္တလေးမြို့ကို   အစိမ်း ရောင်မြို့တော်အဖြစ်အကောင် အထည်ဖော်ရေးအလုပ်ရုံဆွေး နွေးပွဲ၌  တင်ပြခဲ့ခြင်းဖြစ်သည်။ ၇၈လမ်းသည် မန္တလေးမြို့၏ အ ရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ပိုင်းခြားထားကြောင်း၊ ၇၈လမ်းကို ဖြတ်သန်းရာတွင်အခက်အခဲနှင့် ကန့်သတ်ချက်များရှိနေကြောင်း၊ သို့ဖြစ်၍ ၃၃လမ်းတွင်ခုံးကျော် တံတားတစ်စင်း   ထပ်မံတည် ဆောက်ပေးသင့်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး   ရဲမှူးသိန်းကိုကိုက ပြောသည်။

မန္တလေးမြို့တွင် မီးရထား လမ်းခုံးကျော်တံတားသုံးခုရှိပြီး မြို့လယ်တွင်   နှစ်ခုရှိသည်။ မြို့ လယ်မှ ခုံးကျော်တံတားနှစ်ခု မှာ မော်တော်ကားသီးသန့်ဖြစ်ပြီး ဆိုင်ကယ်အသုံးပြုခွင့်မပေးပေ။

‘‘ဆိုင်ကယ်နဲ့ဆို ၇၈လမ်းကို ရောက်ဖို့ ရထားလမ်းကူးရတာ တော်တော်လေးစိတ်ပျက်တယ်။ မကြာခဏရထားနဲ့တိုးတယ်။ ဆိုင်ကယ်ဖြတ်လို့ရတဲ့ ခုံးကျော် မှ အဆင်ပြေမယ်’’ဟု မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်နေ ကိုကျော် ကျော်ထိုက်ကပြောသည်။

မြို့တွင်း  ပြေးဆွဲနေသည့် ဘတ်စ်ကားလိုင်းများသည်လည်း မြို့တွင်းနေရာအနှံ့ရောက်သည့် စနစ်ပြောင်းလဲကျင့်သုံးရန်လို ကြောင်း၊ မြို့တွင်းမီးပွိုင့်စနစ်များ လည်းအလိုအလျောက်အာရုံခံစ နစ်၊ မီးနီဖြတ်မှတ်တမ်းတင်စနစ် နှင့်    ဗဟိုထိန်းချုပ်မှုစနစ်များ ပြောင်းလဲရန်လိုကြောင်းရဲမှူးက ပြောသည်။

ယာဉ်ကြောရှုပ်ထွေးမှုအ များဆုံးလမ်းများကို    တစ်လမ်း မောင်းစနစ်ပြောင်းလဲရန်၊ လူသွား စင်္ကြံပလက်ဖောင်းစနစ်ပီပြင်စွာ အကောင်အထည်ဖော်ပေးရန်၊ ယာဉ်သွားလာမှုများသောလမ်းမ ကြီးများ   ၀ဲယာရှိဈေးဆိုင်၊ စတိုး ဆိုင်၊ စားသောက်ဆိုင်နှင့် တည်း ခိုခန်းများဖွင့်လှစ်ရာတွင် ယာဉ် ရပ်နားရန်နေရာရှိမှသာဖွင့်ခွင့် ပေးရန်၊ စက်ဘီး၊ ဆိုင်ကယ်သီး သန့်လမ်းများထပ်မံဖောက်လုပ် ပေးရန်၊ ရုံး၊ ဈေး၊ ကျောင်းများ တွင် ယာဉ်မရပ်ရနေရာများသတ် မှတ်ရန် အစရှိသည်တို့ကို  ရဲမှူးကဆွေးနွေးခဲ့သည်။

မန္တလေးမြို့တွင် မော်တော် ယာဉ်ပေါင်း ၁၀သိန်းကျော်ရှိပြီး လူ ၁၅ဦးတွင် ကားတစ်စီးနှုန်းနှင့် လူနှစ်ဦးတွင်ဆိုင်ကယ်တစ်စီးနှုန်း သုံးစွဲနေသည်။

7Day DAILY 

မန္တလေးမြို့လယ် အဓိကလမ်းမကြီးတစ်ခုဖြစ်သော ၇၈လမ်းမကြီးကို တွေ့ရစဉ် - ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မန္တလေးမြို့လယ် အဓိကလမ်းမကြီးတစ်ခုဖြစ်သော ၇၈လမ်းမကြီးကို တွေ့ရစဉ် - ဓာတ်ပုံ−ဂျေမောင်မောင် (အမရပူရ)
 မန္တလေးမြို့နယ် ၇၈ လမ်းတွင် ခုံးကျော်တံတားတစ်စင်း  ထပ်မံတည်ဆောက် ပေးရန် ယာဉ်ထိန်းတာဝန် ရှိသူက တောင်း ဆိုထားကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၆ရက်က မန္တလေး မြို့ မြို့တော်ခန်းမတွင် ပြုလုပ် သည့် မန္တလေးမြို့ကို   အစိမ်း ရောင်မြို့တော် အဖြစ် အကောင် အထည်ဖော်ရေးအလုပ်ရုံဆွေးနွေးပွဲ၌  တင်ပြခဲ့ခြင်းဖြစ်သည်။ ၇၈လမ်းသည် မန္တလေးမြို့ ၏ အ ရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ပိုင်းခြားထားကြောင်း၊ ၇၈လမ်းကို ဖြတ်သန်းရာတွင်အခက်အခဲနှင့် ကန့်သတ်ချက်များရှိနေကြောင်း၊ သို့ဖြစ်၍ ၃၃လမ်းတွင်ခုံးကျော် တံတားတစ်စင်း   ထပ်မံတည် ဆောက် ပေးသင့်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး   ရဲမှူးသိန်းကိုကိုက ပြောသည်။

မန္တလေးမြို့တွင် မီးရထား လမ်းခုံးကျော်တံတားသုံးခုရှိပြီး မြို့လယ်တွင်   နှစ်ခုရှိသည်။ မြို့ လယ်မှ ခုံးကျော် တံတားနှစ်ခု မှာ မော်တော်ကားသီးသန့်ဖြစ်ပြီး ဆိုင်ကယ်အသုံးပြုခွင့်မပေးပေ။

‘‘ဆိုင်ကယ်နဲ့ဆို ၇၈လမ်းကို ရောက်ဖို့ ရထားလမ်းကူးရတာ တော်တော်လေးစိတ်ပျက်တယ်။ မကြာခဏ ရထားနဲ့ တိုးတယ်။ ဆိုင်ကယ်ဖြတ်လို့ရတဲ့ ခုံးကျော် မှ အဆင်ပြေမယ်’’ဟု မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ် နေ ကိုကျော်ကျော်ထိုက်ကပြောသည်။

မြို့တွင်း  ပြေးဆွဲနေသည့် ဘတ်စ်ကားလိုင်းများသည်လည်း မြို့တွင်းနေရာအနှံ့ရောက်သည့် စနစ် ပြောင်းလဲကျင့်သုံးရန်လို ကြောင်း၊ မြို့တွင်းမီးပွိုင့်စနစ်များ လည်းအလိုအလျောက်အာရုံခံစနစ်၊ မီးနီဖြတ် မှတ်တမ်းတင် စနစ် နှင့်    ဗဟိုထိန်းချုပ်မှုစနစ်များ ပြောင်းလဲရန်လိုကြောင်းရဲမှူးက ပြောသည်။

ယာဉ်ကြောရှုပ်ထွေးမှုအ များဆုံးလမ်းများကို    တစ်လမ်း မောင်းစနစ်ပြောင်းလဲရန်၊ လူသွား စင်္ကြံ ပလက် ဖောင်းစနစ်ပီပြင်စွာ အကောင်အထည်ဖော်ပေးရန်၊ ယာဉ်သွားလာမှုများသောလမ်းမ ကြီးများ  ၀ဲယာရှိဈေး ဆိုင်၊ စတိုးဆိုင်၊ စားသောက်ဆိုင်နှင့် တည်း ခိုခန်းများဖွင့်လှစ်ရာတွင် ယာဉ် ရပ်နားရန်နေရာရှိမှသာဖွင့်ခွင့် ပေးရန်၊ စက်ဘီး၊ ဆိုင်ကယ်သီး သန့်လမ်းများထပ်မံဖောက်လုပ် ပေးရန်၊ ရုံး၊ ဈေး၊ ကျောင်းများ တွင် ယာဉ်မရပ်ရနေရာများသတ် မှတ်ရန် အစရှိသည်တို့ကို  ရဲမှူးကဆွေးနွေးခဲ့သည်။

မန္တလေးမြို့တွင် မော်တော် ယာဉ်ပေါင်း ၁၀သိန်းကျော်ရှိပြီး လူ ၁၅ဦးတွင် ကားတစ်စီးနှုန်းနှင့် လူနှစ်ဦးတွင် ဆိုင်ကယ်တစ်စီးနှုန်း သုံးစွဲနေသည်။

7Day DAILY 

No comments:

Post a Comment