Thursday 18 December 2014

မီးဖွားပြီး ၂ မိနစ်ကြာမှ ကလေးချက်ကြိုးဖြတ်ပေးခြင်းဟာ ကလေးရဲ့ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူဖြစ်စေ

Photo: မီးဖွားပြီး ၂ မိနစ်ကြာမှ ကလေးချက်ကြိုးဖြတ်ပေးခြင်းဟာ ကလေးရဲ့ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူဖြစ်စေ
Thursday, December 18, 2014

သင့်မွေးကင်းစကလေး ရောဂါခုခံနိုင်စွမ်း ပိုမြင့်စေချင်တယ်၊ ရောဂါခုခံအား ချိနဲ့ခြင်းကို လျော့နည်းစေချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

တစ်ခုတည်းသော လုပ်ရမယ့်အချက်က ချက်ကြိုးဖြတ်ရမယ့်အချိန်ကို ခဏစောင့်ပေးဖို့ပဲဖြစ်ပါတယ်။

အတိအကျဆိုရရင် ချက်ကြိုးကို နောက်ကျမှဖြတ်ပေးခြင်းမှာ ကလေးတွေကို ရောဂါခုခံနိုင်စွမ်း ပိုမိုအစွမ်းထက်စေပြီး ရောဂါဖြစ်နိုင်ချေ ပိုမိုလျော့နည်းစေကြောင်း စပိန်နိုင်ငံ Granada တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ရဲ့ပြောဆိုချက်အရ သိရပါတယ်။

Granada က San Cecilio Clinical Hospital ဆေးရုံသို့ မီးဖွားဖို့ ဆေးရုံရောက်လာကြတဲ့ ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်သည်အမျိုးသမီး ၆၄ ဦးကို လေ့လာခဲ့ပါတယ်။ သူတို့အားလုံးတွေမှာ ပုံမှန်ကိုယ်ဝန်ဆောင်ခဲ့ကြဖူးကြပြီး အလိုအလျောက် သဘာဝအရ မီးဖွားခဲ့ဖူးသူတွေဖြစ်ကြပါတယ်။

၃၂ ဦးပါဝင်တဲ့ အဖွဲ့နှစ်ဖွဲ့မှာ တစ်ခုတည်းသော မတူညီသောအချက်က မွေးပြီး ၁၀ စက္ကန့်မှာ ချက်ကြိုးတွေကို ဖြတ်ပေးပါတယ်။ နောက်တစ်နည်းမှာ ၂ မိနစ်ကြာပြီးမှ ဖြတ်ခိုင်းခြင်းဖြစ်ပါတယ်။

ချက်ကြိုးဖြတ်ခြင်းမှာ ရောဂါခုခံနိုင်စွမ်းအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ပြီး မီးဖွားနေစဉ်အတောအတွင်း ရောဂါခုခံနှုန်းရဲ့ အားနည်းမှုကိုလည်း လျော့ချပေးပါတယ်။ နောက်ပြီး မွေးဖွားပြီး ပထမရက်တွေမှာ မွေးကင်းစကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားကြောင်း သိပ္ပံပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။

Source: metro.co.uk
Trend Myanmar
သင့်မွေးကင်းစကလေး ရောဂါခုခံနိုင်စွမ်း ပိုမြင့်စေချင်တယ်၊ ရောဂါခုခံအား ချိနဲ့ခြင်းကို လျော့နည်းစေချင် တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

တစ်ခုတည်းသော လုပ်ရမယ့်အချက်က ချက်ကြိုးဖြတ်ရမယ့်အချိန်ကို ခဏစောင့်ပေးဖို့ပဲဖြစ်ပါတယ်။

အတိအကျဆိုရရင် ချက်ကြိုးကို နောက်ကျမှဖြတ်ပေးခြင်းမှာ ကလေးတွေကို ရောဂါခုခံနိုင်စွမ်း ပိုမို အစွမ်း ထက်စေပြီး ရောဂါဖြစ်နိုင်ချေ ပိုမိုလျော့နည်းစေကြောင်း စပိန်နိုင်ငံ Granada တက္ကသိုလ်မှ သိပ္ပံပညာ ရှင်တွေ ရဲ့ပြောဆိုချက်အရ သိရပါတယ်။

Granada က San Cecilio Clinical Hospital ဆေးရုံသို့ မီးဖွားဖို့ ဆေးရုံရောက်လာကြတဲ့ ကျန်းကျန်း မာမာနဲ့ ကိုယ်ဝန်သည်အမျိုးသမီး ၆၄ ဦးကို လေ့လာခဲ့ပါတယ်။ သူတို့အားလုံးတွေမှာ ပုံမှန်ကိုယ်ဝန်ဆောင် ခဲ့ကြ ဖူးကြပြီး အလိုအလျောက် သဘာဝအရ မီးဖွားခဲ့ဖူးသူတွေဖြစ်ကြပါတယ်။

၃၂ ဦးပါဝင်တဲ့ အဖွဲ့နှစ်ဖွဲ့မှာ တစ်ခုတည်းသော မတူညီသောအချက်က မွေးပြီး ၁၀ စက္ကန့်မှာ ချက်ကြိုးတွေ ကို ဖြတ်ပေးပါတယ်။ နောက်တစ်နည်းမှာ ၂ မိနစ်ကြာပြီးမှ ဖြတ်ခိုင်းခြင်းဖြစ်ပါတယ်။

ချက်ကြိုးဖြတ်ခြင်းမှာ ရောဂါခုခံနိုင်စွမ်းအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ပြီး မီးဖွားနေစဉ်အတောအတွင်း ရောဂါ ခုခံနှုန်းရဲ့ အားနည်းမှုကိုလည်း လျော့ချပေးပါတယ်။ နောက်ပြီး မွေးဖွားပြီး ပထမရက်တွေမှာ မွေးကင်းစကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားကြောင်း သိပ္ပံပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။

Source: metro.co.uk
Trend Myanmar

No comments:

Post a Comment