Thursday 18 December 2014

ဗိုလ်ချုပ်ရာပြည့်ပွဲကိုအကြောင်းပြပြီး NLD မှ ရွေးကောက်ပွဲ မဲဆွယ်မှုများပြုလုပ်မည်ကို ပါတီတချို့ စိုးရိမ်နေ

Photo: ဗိုလ်ချုပ်ရာပြည့်ပွဲကိုအကြောင်းပြပြီး NLD မှ ရွေးကောက်ပွဲ မဲဆွယ်မှုများပြုလုပ်မည်ကို ပါတီတချို့ စိုးရိမ်နေ
Thursday, December 18, 2014

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁ဝဝ)ပြည့်အခမ်းအနားဗန်းပြ၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် ပြည်သူလူထုအား ၂ဝ၁၅ ရွေး ကောက်ပွဲအတွက် မဲဆွယ်မှုများဖြစ်ပေါ်လာနိုင်ဟု နိုင်ငံရေးပါတီတချို့က ဝေဖန်ပြောကြားလျက်ရှိသည်။ 

NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ''ဗိုလ်ချုပ်မွေးနေ့ကတော့ လုပ် သင့်ပါတယ်။ ကျန်တဲ့နေ့တွေပေါ့ဗျာ။ အဲဒီလိုရက်တွေ ဆက်လုပ်နေမယ်ဆို ရင်တော့ မဲဆွယ်တဲ့ဘက်ကိုရောက်သွားနိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆို တာ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့သူပါ။ အဲဒီလိုပဲ ဗိုလ်ချုပ်မွေးနေ့ကိုအကြောင်းပြ ပြီး မဲယူမယ့် ကိစ္စကတော့ မဖြစ်သင့်ပါဘူး''ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဖေဖော်ဝါရီ ၁၃ရက်တွင်ကျ ရောက်သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁ဝဝ)ပြည့် အခမ်းအနားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်သည်။
အလားတူ လက်ရှိအချိန်တွင် စာပေဟောပြောပွဲများ၊ တီးဝိုင်းများနှင့် အနုပညာ သမားများဖိတ်ခေါ်၍ ကျင်းပမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ''အမျိုးသားခေါင်းဆောင်ကြီးရဲ့ နှစ် (၁ဝဝ)ပြည့်ကတော့ ကျင်းပသင့်ပါတယ်။ တကယ်လို့ ပါတီဥက္ကဋ္ဌက သူ့ဖခင် အနေနဲ့ကျင်းပရင်တော့ ပုဂ္ဂိုလ်ရေးပိုဆန်သွားနိုင်ပါတယ်။ ပါတီအနေနဲ့ လှုပ် ရှားရင် သူ့အပိုင်းနဲ့သူပေါ့''ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂ဝ၁၄ခုနှစ် ဒီဇင်ဘာ၁၄ရက် တွင်ကျင်းပပြီးစီးခဲ့သော စတုတ္ထအကြိမ် ဗဟိုညီလာခံအစည်းအဝေးထုတ် ပြန်ချက်တွင် ''၂ဝ၁၅ ခုနှစ်ကို စည်းရုံးရေးနှစ်အဖြစ်ပြဋ္ဌာန်းကြောင်း ဆုံးဖြတ် သည်''ဟု ထုတ်ပြန်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအထွေထွေအတွင်းရေးမှူး ဦးဝင်း မြင့်က ''ကျွန်တော်တို့က ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အခမ်းအနားလုပ်တာ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အတွက်လုပ်တာ။ အဲဒီလိုလုပ်တဲ့အခါ ဗိုလ်ချုပ် ရဲ့လမ်းညွှန်ချက်တွေ၊ ဗိုလ်ချုပ်ရဲ့မူဝါဒတွေ၊ ဘယ်လိုနိုင်ငံတော်တည်ဆောက် ချင်တယ်ဆိုတာတွေ၊ ဘယ်လိုဖြစ်စေချင်တဲ့တပ်မတော် အဲဒါတွေက ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေမှာပါပြီးဖြစ်ပါတယ်။ အဲဒါတွေကို နောင်လူငယ်တွေသိရှိစေဖို့ တရားဝင်နည်းအမျိုးမျိုးနဲ့ ဖော်ထုတ်တာဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးဖို့ဆိုတာ ပြောလို့မရပါဘူး။ မဲဆွယ်ဖို့ဆိုတာ ရွေးကောက်ပွဲကာလကြေညာပြီးမှ ပြုလုပ် ရတာပါ''ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများကို အပြတ်အသတ်လူထုတောက်ခံမှုရရှိထားသောပါတီဖြစ် သည့်နည်းတူ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အာဏာရပါတီ ကို ထပ်မံအနိုင်ရရှိသောပါတီလည်းဖြစ်သည်။

Yangon Media Group
ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁ဝဝ)ပြည့်အခမ်းအနားဗန်းပြ၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အနေဖြင့် ပြည်သူလူထုအား ၂ဝ၁၅ ရွေး ကောက်ပွဲအတွက် မဲဆွယ်မှုများဖြစ်ပေါ်လာနိုင်ဟု နိုင်ငံရေး ပါတီတချို့က ဝေဖန်ပြောကြားလျက်ရှိသည်။ 

NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ''ဗိုလ်ချုပ်မွေးနေ့ကတော့ လုပ် သင့်ပါတယ်။ ကျန်တဲ့နေ့တွေပေါ့ဗျာ။ အဲဒီလိုရက်တွေ ဆက်လုပ်နေမယ်ဆို ရင်တော့ မဲဆွယ်တဲ့ဘက်ကိုရောက်သွားနိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆို တာ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့သူပါ။ အဲဒီလိုပဲ ဗိုလ်ချုပ်မွေးနေ့ကိုအကြောင်းပြ ပြီး မဲယူမယ့် ကိစ္စကတော့ မဖြစ်သင့်ပါဘူး''ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဖေဖော်ဝါရီ ၁၃ရက်တွင်ကျ ရောက်သော အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁ဝဝ)ပြည့် အခမ်းအနားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်သည်။ အလားတူ လက်ရှိအချိန်တွင် စာပေဟောပြောပွဲများ၊ တီးဝိုင်းများနှင့် အနုပညာ သမားများဖိတ်ခေါ်၍ ကျင်းပမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ''အမျိုးသားခေါင်းဆောင်ကြီးရဲ့ နှစ် (၁ဝဝ)ပြည့်ကတော့ ကျင်းပသင့်ပါတယ်။ တကယ်လို့ ပါတီဥက္ကဋ္ဌက သူ့ဖခင် အနေနဲ့ကျင်းပရင်တော့ ပုဂ္ဂိုလ်ရေးပိုဆန်သွားနိုင်ပါတယ်။ ပါတီအနေနဲ့ လှုပ် ရှားရင် သူ့အပိုင်းနဲ့သူပေါ့''ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂ဝ၁၄ခုနှစ် ဒီဇင်ဘာ၁၄ရက် တွင်ကျင်းပပြီးစီးခဲ့သော စတုတ္ထအကြိမ် ဗဟိုညီလာခံအစည်းအဝေးထုတ် ပြန်ချက်တွင် ''၂ဝ၁၅ ခုနှစ်ကို စည်းရုံးရေးနှစ်အဖြစ် ပြဋ္ဌာန်းကြောင်း ဆုံးဖြတ် သည်''ဟု ထုတ်ပြန်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအထွေထွေအတွင်းရေးမှူး ဦးဝင်း မြင့်က ''ကျွန်တော်တို့က ဗိုလ်ချုပ် အောင်ဆန်း ရာပြည့်အခမ်းအနားလုပ်တာ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အတွက်လုပ်တာ။ အဲဒီလို လုပ်တဲ့အခါ ဗိုလ်ချုပ် ရဲ့လမ်းညွှန်ချက်တွေ၊ ဗိုလ်ချုပ်ရဲ့မူဝါဒတွေ၊ ဘယ်လိုနိုင်ငံတော်တည်ဆောက် ချင်တယ်ဆိုတာတွေ၊ ဘယ်လိုဖြစ်စေချင်တဲ့တပ်မတော် အဲဒါတွေက ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေမှာပါပြီးဖြစ် ပါတယ်။ အဲဒါတွေကို နောင်လူငယ်တွေသိရှိစေဖို့ တရားဝင်နည်းအမျိုးမျိုးနဲ့ ဖော်ထုတ်တာဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးဖို့ဆိုတာ ပြောလို့မရပါဘူး။ မဲဆွယ်ဖို့ဆိုတာ ရွေးကောက်ပွဲကာလကြေညာပြီးမှ ပြုလုပ် ရတာပါ''ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများကို အပြတ် အသတ် လူထုတောက်ခံမှုရရှိထားသောပါတီဖြစ် သည့်နည်းတူ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွင်လည်း အာဏာရပါတီ ကို ထပ်မံအနိုင်ရရှိသောပါတီလည်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment