Thursday 18 December 2014

ရှမ်းမြောက်ပိုင်းဒေသစစ်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်ဟု တအာင်း တပ်မတော် ပြောဆို

Photo: ရှမ်းမြောက်ပိုင်းဒေသစစ်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်ဟု 
တအာင်း တပ်မတော် ပြောဆို
Thursday, December 18, 2014

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ ဖြစ်သော ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်၊ မန် တုံနှင့် တာမိုးညဲ မြို့နယ်များတွင် ယခုလထဲ ၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့ရာမှ လက်ရှိအချိန်တွင် ပြန်လည်ငြိမ်သက်လာသော် လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည် ဟု TNLA (တအာင်းလွတ်မြောက်ရေး တပ်မ တော်)မှ သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဦးမိုင် အိုက်ကျော်က ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ဖြစ် သော ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်မြို့များတွင် ဒီဇင်ဘာ ၁ဝ ရက် နှင့် ၁၃ ရက်က မြန်မာအ စိုးရ တပ်မတော်နှင့် TNLA တပ်မတော်တို့ ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင် ဘာ ၁၅ ရက်၌ မန်တုံနှင့် တာမိုးညဲမြို့တို့တွင် ထပ်မံဖြစ်ပွားခဲ့ကြပြီး ယနေ့ ဒီဇင်ဘာ ၁၆ ရက်၌ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးဘဲ ငြိမ်သက်နေကြောင်း သိရသည်။

''ကျွန်တော်တို့ဘက်ကတော့ အထိနာ တာမရှိဘူး။ အစိုးရဘက်ကတော့ အထိနာ တယ်လို့ သိရတယ်။ ဒီဇင်ဘာ ၁ဝ ရက်နဲ့ ၁၃ ရက်တွေကတော့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြ တယ်။ ဒီနေ့တော့ ပုံမှန်အတိုင်းပဲ ငြိမ်သက် နေတယ်။ ဘယ်အချိန် ထပ်ဖြစ်မလဲဆိုတာကို တော့ မပြောတတ်သေးဘူး။ အချိန်မရွေး ပြန် ဖြစ်ပွားနိုင်တဲ့ အခြေအနေတော့ ရှိနေတယ်'' ဟု TNLA တပ်မတော်မှ သတင်းနှင့် ပြန်ကြား ရေးဌာနမှူး ဦးမိုင်အိုက်ကျော်က ပြောသည်။
အဆိုပါတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တွင် ဒီဇင်ဘာ ၁ဝ ရက်က ကွမ်းလုံ မြို့နယ် အနောက်မြောက်ဘက် ၁ဝ မိုင်အကွာ ရှိ နမ့်ကျွမ်း၊ ဝေါခြုံဒေသ၊ မုံးစီ၊ မုံးပေါ်လေး ဒေသအတွင်းတွင် တာဝန်ထမ်းဆောင်နေ သော တပ်မတော်စခန်းနှင့် စစ်ကြောင်းများ ကို ကိုးကန့် လက်နက်ကိုင်အဖွဲ့မှ လက်နက် ကြီးသုံးပြီး အင်အားအလုံးအရင်းဖြင့် အလစ် အငိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော် စစ်ကြောင်းဘက်မှ တပ်မတော်သား ခုနစ်ဦး ကျဆုံးခဲ့ပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြ ထားသည်။
မြန်မာအစိုးရဘက်မှ အထက်ပါအတိုင်း ထုတ်ပြန်ထားသော်လည်း အစိုးရတပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ တာမိုးညဲ မြို့နယ်၌ ဖြစ်ပွားခဲ့သာ တိုက်ပွဲတွင် အစိုးရ တပ်မတော်ဘက်မှ ၁၂ ဦးကျဆုံးခဲ့ပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့သလို မန်တုံမြို့နယ်တွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲမှာတော့ အစိုးရတပ်မတော် ဘက်မှ ကိုးဦး ကျဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိ ခဲ့ရာ TNLA တပ်မတော်ဘက်မှ တစ်စုံတစ် ဦးမှ ထိခိုက်မှုမရှိခဲ့ကြောင်း TNLA သတင်း နှင့် ပြန်ကြားရေးဌာန၏ ပြောကြားချက်အရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေ သော်လည်း တစ်ပြည်လုံး အပစ်အခတ် ရပ်စဲ ရေးဆွေးနွေးပွဲအား ပြန်လည်စတင်နိုင်ရန် အတွက် မြန်မာငြိမ်းချမ်းရေး စင်တာ(MPC)မှ ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးရရှိ အောင် ကြိုးပမ်းနေသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသလို အစိုးရဘက်မှ ဖွဲ့စည်းထားသော ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီကလည်း ခရစ္စမတ်ရက်မတိုင်မီ ဆွေးနွေး ပွဲ စတင်နိုင်ရန်အတွက် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကို ကမ်းလှမ်းမှုများ ပြုထား ကြောင်း သိရသည်။

Yangon Media Group
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ ဖြစ်သော ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်၊ မန် တုံနှင့် တာမိုးညဲ မြို့နယ်များတွင် ယခုလထဲ ၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့ရာမှ လက်ရှိအချိန်တွင် ပြန်လည် ငြိမ်သက် လာသော် လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည် ဟု TNLA (တအာင်းလွတ်မြောက်ရေး တပ်မ တော်)မှ သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဦးမိုင် အိုက်ကျော်က ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ဖြစ် သော ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်မြို့များတွင် ဒီဇင်ဘာ ၁ဝ ရက် နှင့် ၁၃ ရက်က မြန်မာအ စိုးရ တပ်မတော်နှင့် TNLA တပ်မတော်တို့ ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင် ဘာ ၁၅ ရက်၌ မန်တုံနှင့် တာမိုးညဲမြို့တို့တွင် ထပ်မံဖြစ်ပွားခဲ့ကြပြီး ယနေ့ ဒီဇင်ဘာ ၁၆ ရက်၌ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးဘဲ ငြိမ်သက်နေကြောင်း သိရသည်။

''ကျွန်တော်တို့ဘက်ကတော့ အထိနာ တာမရှိဘူး။ အစိုးရဘက်ကတော့ အထိနာ တယ်လို့ သိရတယ်။ ဒီဇင်ဘာ ၁ဝ ရက်နဲ့ ၁၃ ရက်တွေကတော့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြ တယ်။ ဒီနေ့တော့ ပုံမှန်အတိုင်းပဲ ငြိမ်သက် နေတယ်။ ဘယ်အချိန် ထပ်ဖြစ်မလဲဆိုတာကို တော့ မပြောတတ်သေးဘူး။ အချိန်မရွေး ပြန် ဖြစ်ပွားနိုင်တဲ့ အခြေအနေတော့ ရှိနေတယ်'' ဟု TNLA တပ်မတော်မှ သတင်းနှင့် ပြန်ကြား ရေးဌာနမှူး ဦးမိုင်အိုက်ကျော်က ပြောသည်။ 

အဆိုပါတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တွင် ဒီဇင်ဘာ ၁ဝ ရက်က ကွမ်းလုံ မြို့နယ် အနောက်မြောက်ဘက် ၁ဝ မိုင်အကွာ ရှိ နမ့်ကျွမ်း၊ ဝေါခြုံဒေသ၊ မုံးစီ၊ မုံးပေါ်လေး ဒေသအတွင်းတွင် တာဝန်ထမ်းဆောင်နေ သော တပ်မတော်စခန်းနှင့် စစ်ကြောင်းများ ကို ကိုးကန့် လက်နက်ကိုင်အဖွဲ့မှ လက်နက် ကြီးသုံးပြီး အင်အားအလုံးအရင်းဖြင့် အလစ် အငိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော် စစ်ကြောင်းဘက်မှ တပ်မတော်သား ခုနစ်ဦး ကျဆုံးခဲ့ပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြ ထားသည်။ 

မြန်မာအစိုးရဘက်မှ အထက်ပါအတိုင်း ထုတ်ပြန်ထားသော်လည်း အစိုးရတပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ တာမိုးညဲ မြို့နယ်၌ ဖြစ်ပွားခဲ့သာ တိုက်ပွဲတွင် အစိုးရ တပ်မတော်ဘက်မှ ၁၂ ဦးကျ ဆုံးခဲ့ပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့သလို မန်တုံမြို့နယ်တွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲမှာတော့ အစိုးရတပ်မတော် ဘက်မှ ကိုးဦး ကျဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိ ခဲ့ရာ TNLA တပ်မတော်ဘက်မှ တစ်စုံတစ် ဦးမှ ထိခိုက်မှု မရှိခဲ့ကြောင်း TNLA သတင်း နှင့် ပြန်ကြားရေးဌာန၏ ပြောကြားချက်အရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင် တပ်မတော် တို့ တိုက်ပွဲများ ဖြစ်ပွားနေ သော်လည်း တစ်ပြည်လုံး အပစ်အခတ် ရပ်စဲ ရေးဆွေးနွေးပွဲအား ပြန်လည်စတင်နိုင်ရန် အတွက် မြန်မာငြိမ်းချမ်းရေး စင်တာ(MPC)မှ ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးရရှိ အောင် ကြိုးပမ်းနေသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသလို အစိုးရဘက်မှ ဖွဲ့စည်းထားသော ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီကလည်း ခရစ္စမတ်ရက်မတိုင်မီ ဆွေးနွေး ပွဲ စတင်နိုင်ရန်အတွက် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကို ကမ်းလှမ်းမှုများ ပြုထား ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment