Thursday 18 December 2014

ပြည်ထောင်စု လွှတ်တော် ပူးပေါင်းကော်မတီ သုံးရပ်အား အဖွဲ့ဝင် ထက်ဝက်လျှော့မည်

Photo: ပြည်ထောင်စု လွှတ်တော် ပူးပေါင်းကော်မတီ သုံးရပ်အား အဖွဲ့ဝင် ထက်ဝက် လျှော့မည်
Thursday, December 18, 2014

 ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသော ပူးပေါင်းကော်မတီ သုံးရပ်အား အဖွဲ့ဝင် ၃၀ ရှိရာမှ အဖွဲ့ဝင် ၁၅ ဦးသို့ ထက်ဝက်လျှော့ချသွားမည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မဇ္ဈိမကို ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီများကို အင်းအားထက်ဝက် လျှော့ချသွားမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူပေါင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက "ဒါက နာယက (ပြည်ထောင်စု လွှတ်တော်) သူရဦးရွှေမန်းက ညွန်ကြားတာပါ’’ ဟု ပြောကြားသည်။

ဦးမောင်တိုးက "တစ်ချို့ကိုယ်စားလှယ်တွေက အစည်းအဝေး ပုံမှန်မတက်နိုင်တာလည်း ပါတယ်’’ ဟု ဖြည့်စွက်ပြောသည်။

ယင်းကဲ့သို့ ပူပေါင်းကော်မတီ အဖွဲ့ဝင်များအား အင်အားထက်ဝက် လျှော့ချရန်အတွက် ဒီဇင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ ပြည်ထောင်စု လွှတ်တော်နာယကမှ အစည်းအဝေးခေါ်ထားသည်ဟု ဦးမောင်တိုးက ပြောသည်။

Mizzima - News in Burmese

(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
 ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသော ပူးပေါင်းကော်မတီ သုံးရပ်အား အဖွဲ့ဝင် ၃၀ ရှိရာမှ အဖွဲ့ဝင် ၁၅ ဦးသို့ ထက်ဝက်လျှော့ချသွားမည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မဇ္ဈိမကို ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် စီမံ ကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီများကို အင်းအားထက်ဝက် လျှော့ချသွားမည် ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူပေါင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက "ဒါက နာယက (ပြည်ထောင်စု လွှတ်တော်) သူရဦးရွှေမန်းက ညွန်ကြားတာပါ’’ ဟု ပြောကြားသည်။

ဦးမောင်တိုးက "တစ်ချို့ကိုယ်စားလှယ်တွေက အစည်းအဝေး ပုံမှန်မတက်နိုင်တာလည်း ပါတယ်’’ ဟု ဖြည့် စွက်ပြောသည်။

ယင်းကဲ့သို့ ပူပေါင်းကော်မတီ အဖွဲ့ဝင်များအား အင်အားထက်ဝက် လျှော့ချရန်အတွက် ဒီဇင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ ပြည်ထောင်စု လွှတ်တော်နာယကမှ အစည်းအဝေးခေါ်ထားသည်ဟု ဦးမောင်တိုးက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment