Thursday 18 December 2014

ရန်ကုန်တိုင်းလွှတ်တော်မှအတည်ပြုလိုက်သည့် ၁၂ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး ရေး သည် မလုပ်သင့်သည့်လုပ်ရပ်ဟုဝေဖန်မှုများရှိနေ

ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်မှာအတည်ပြုလိုက်သည့် ၁၂ ပွင့် ဆိုင်တွေ့ဆုံဆွေးနွေးရေးသည် မလုပ် သင့်သည့်လုပ်ရပ်ကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာ အေးမောင်က ဝေ ဖန်လိုက်သည်။

အဆိုပါနိုင်ငံရေးထိပ်သီး ကြီးလေး ကြီးအပါအဝင် တိုင်းရင်းသားလူမျိုးတစ် ခုစီကိုကိုယ်စားပြုသည့်အနေဖြင့် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအဆိုကို တင်သွင်းအတည်ပြုခဲ့သော်လည်း ¤င်း မတိုင်ခင်ကတည်းက ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအဆိုကို ပြည်ထောင် စုလွှတ်တော်က အတည်ပြုထားသည့် အတွက် နိုင်ငံရေးပါတီနှင့်နိုင်ငံရေး အင်အားစုများက ဝေဖန်နေကြ ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်က ''ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်က ၁၂ပွင့် ဆိုင်တောင်းဆိုမှုတွေက သူတို့က မလုပ်သင့်တဲ့အလုပ်ကိုလုပ်တာပါ။ ဘောင်ကျော်သွားတယ် ပေါ့ဗျာ။ ပြည်ထောင် စုလွှတ်တော်ဆိုတာ ဥပဒေပြုရေးရဲ့ မဏ္ဍိုင်တစ်ခုဖြစ်တယ်။ သူတို့ကိုယ်တိုင် နား လည်ဖို့လိုတယ်။ မလုပ်သင့်တာတွေ လုပ်ရင် သမိုင်းတရားခံ ဖြစ်သွားနိုင် တယ်''ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် များမှ ၁၂ပွင့်ဆိုင်တွေ့ဆုံနိုင်ရေး ဆုံး ဖြတ်ထားမှုသည် ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်သဘောတူထားသော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို လွှမ်းမိုးမှုမရှိနိုင်ဟု အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဝင်းမြင့် က ဒီဇင်ဘာ ၁၄ရက်တွင်ပြောသည်။

''ကျွန်တော်တို့ပါတီကတော့ လေးပွင့်ဆိုင်လမ်းကြောင်းပေါ်မှာ ရပ်တည် တားတယ်။ ၁၂ပွင့်ဆိုင်ဆွေးနွေး ရေးဆိုတာ ရန်ကုန်လွှတ်တော်က တင်ပြထားတာဖြစ်တယ်။ အဖွဲ့ချုပ်တင်တာက လေးပွင့်ဆိုင်၊ ပြည်ထောင်စုလွှတ်တော်က သဘောတူထားတာ ခြောက်ပွင့်ဆိုင်ပါ။ ပြည်တောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ် ချက်က ဆင့်ကဲဆင့်ကဲ တာဝန်ခံ မှုရှိတယ်။ အဲဒါကို တိုင်းဒေသကြီးလွှတ် တော်က လွှမ်းမိုးနိုင်မှုမရှိဘူး။ သူတို့က ဆုံးဖြတ်တာ သူတို့ကိစ္စပါ''ဟုပြောသည်။

၁၂ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုကို ဒီဇင်ဘာ ၉ရက်က ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်တွင် ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်း အောင်မြင့်က အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုကို တိုင်းဒေ သကြီးလွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ချင်းအမျိုးသားပါတီအတွင်းရေး မှူး ကိုငယ်ပီးက ''ကျွန်တော်ကတော့ အ ပစ်အခတ်ရပ်စဲရေးတွေ၊ ပြည်သူ တွေရဲ့လိုအပ်ချက်တွေလုပ်ပြီးမှ ၁၂ပွင့်တွေ၊ ခြောက်ပွင့်တွေ လုပ်သင့်ပါတယ်။ အခုက တိုင်းပြည်က ရေစုန်မျောနေတာ။ ဘာတစ်ခုမှ အစိုးရအဖွဲ့ရော၊ အတိုက် အခံအဖွဲ့တွေရောက မလုပ်နိုင်ကြသေး ဘူး။ အဓိကကတော့ တွေ့ဆုံဆွေးနွေး မှုလုပ်တာတော့ ကြိုဆိုပါတယ်။ တွေ့ဆုံမှုမှာပါတဲ့သူတွေက တိုင်းရင်း သားအရေးတွေကို ဘယ်လောက်ထိ ကိုယ်စားပြုနိုင်လဲဆိုတာကလဲ အရေးကြီးပါတယ်။ လက်ရှိ အာဏာရ ပါတီကလဲ အာဏာမျက်နှာမကြည့်ဘဲ ပြည်သူ့မျက် နှာလဲ ကြည့်သင့်ပါတယ်''ဟုပြောသည်။

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံနိုင်ရေးကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီအမတ် ဦး မြင့်ထွန်းက နိုဝင်ဘာ၂၅ရက်တွင်တင် သွင်းခဲ့ရာ လွှတ်တော် တွင်း ကန့်ကွက် သူမရှိဘဲ အဆိုအတည်ဖြစ်ခဲ့သည်။

Yangon Media Group 

No comments:

Post a Comment