Thursday 18 December 2014

လာမည့်နှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်တော်ယာဉ် မော်ဒယ်လ်နှစ်များ စီးပွား/ကူးသန်း ထုတ်ပြန်

Photo: လာမည့်နှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်တော်ယာဉ် မော်ဒယ်လ်နှစ်များ စီးပွား/ကူးသန်း ထုတ်ပြန်
Thursday, December 18, 2014 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်တော်ယာဉ် မော်ဒယ်လ်နှစ် သတ်မှတ်ချက်များကို ထုတ်ပြန်လိုက်သည်။

CIF စတင်သတ်မှတ်သည့် ၂၀၁၁ ခုနှစ်မှ စတင်၍ နှစ်စဉ် ထုတ်ပြန်ကြေညာခဲ့ပြီး မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများကို မော်ဒယ်လ်နှစ်အလိုက် ပြောင်းလဲ ဆောင်ရွက်ပေးလျက် ရှိကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းထုတ်ပြန်ချက်တွင် ယာဉ်အိုယာဉ်ဟောင်း အစားထိုး တင်သွင်းခွင့်၊ နိုင်ငံခြားငွေစာရင်း ဖွင့်ထားသော တစ်ဦးချင်း၊ ပို့ကုန်/သွင်းကုန် ကုမ္ပဏီများ၊ နိုင်ငံခြား ဝန်ထမ်းများ၊ သင်္ဘောသားများ၊ ပြည်ပအလုပ်သမားများ၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်သံဝန်ထမ်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များ၏ တင်သွင်းခွင့်တို့ အပါအဝင် ကျန်တင်သွင်းခွင့် အားလုံးကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မော်ဒယ်လ်နှစ်များကို ထုတ်ပြန် ကြေညာခဲ့သော်လည်း CIF နှုန်းထားများကိုမူ ထုတ်ပြန်မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ကားဈေးကွက်က ကမောက်ကမ ဖြစ်တော့မယ် ထင်ပါတယ်။ CIF ကိစ္စကိုလည်း သူတို့က ဘယ်လိုလုပ်မလဲ မသိသေးပါဘူး” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်း အတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက ဆိုသည်။

ယခင်နှစ်များက မော်တော်ယာဉ် တင်သွင်းခွင့် မော်ဒယ်လ်နှစ်များကို CIF တန်ဖိုး သတ်မှတ်ချက်များဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး ယခုနှစ်တွင် တင်သွင်းခွင့် မော်ဒယ်လ်နှစ်များကို သီးခြား ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ကြေညာလိုက်ခြင်းမှာ CIF တန်ဖိုး မထုတ်ပြန်တော့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင် အချို့က မှတ်ချက်ပြု ပြောကြားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ရောက်ရှိခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်လျော့မော်ဒယ်လ် (Brand New) မော်တော်ယာဉ်များ တင်သွင်းပါက ဘယ်မောင်း မော်တော်ယာဉ်များသာ တင်သွင်းရမည် ဖြစ်သည်။

The Voice Weekly
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်တော် ယာဉ် မော်ဒယ်လ်နှစ် သတ်မှတ်ချက်များကို ထုတ်ပြန်လိုက်သည်။

CIF စတင်သတ်မှတ်သည့် ၂၀၁၁ ခုနှစ်မှ စတင်၍ နှစ်စဉ် ထုတ်ပြန်ကြေညာခဲ့ပြီး မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများကို မော်ဒယ်လ်နှစ်အလိုက် ပြောင်းလဲ ဆောင်ရွက်ပေးလျက် ရှိကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းထုတ်ပြန်ချက်တွင် ယာဉ်အိုယာဉ်ဟောင်း အစားထိုး တင်သွင်းခွင့်၊ နိုင်ငံခြားငွေစာရင်း ဖွင့်ထားသော တစ်ဦးချင်း၊ ပို့ကုန်/သွင်းကုန် ကုမ္ပဏီများ၊ နိုင်ငံခြား ဝန်ထမ်းများ၊ သင်္ဘောသားများ၊ ပြည်ပအလုပ်သမား များ၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်သံဝန်ထမ်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များ၏ တင်သွင်း ခွင့်တို့ အပါအဝင် ကျန်တင်သွင်းခွင့် အားလုံးကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မော်ဒယ်လ်နှစ်များကို ထုတ်ပြန် ကြေညာခဲ့သော်လည်း CIF နှုန်းထားများကိုမူ ထုတ်ပြန်မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထံမှ သိရသည်။

“ကားဈေးကွက်က ကမောက်ကမ ဖြစ်တော့မယ် ထင်ပါတယ်။ CIF ကိစ္စကိုလည်း သူတို့က ဘယ်လိုလုပ် မလဲ မသိသေးပါဘူး” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်း အတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက ဆိုသည်။

ယခင်နှစ်များက မော်တော်ယာဉ် တင်သွင်းခွင့် မော်ဒယ်လ်နှစ်များကို CIF တန်ဖိုး သတ်မှတ်ချက်များဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး ယခုနှစ်တွင် တင်သွင်းခွင့် မော်ဒယ်လ်နှစ်များကို သီးခြား ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ကြေညာလိုက်ခြင်းမှာ CIF တန်ဖိုး မထုတ်ပြန်တော့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင် အချို့က မှတ်ချက်ပြု ပြောကြားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ရောက်ရှိခုနှစ်နှင့် ရောက်ရှိ ခုနှစ်အောက် တစ်နှစ်လျော့မော်ဒယ်လ် (Brand New) မော်တော်ယာဉ်များ တင်သွင်းပါက ဘယ်မောင်း မော်တော်ယာဉ်များသာ တင်သွင်းရမည် ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment