Thursday 18 December 2014

မြောက်ကိုးရီးယားခေါင်းဆောင်အား လုပ်ကြံသည့်ရုပ်ရှင်ကို ဆိုနီကုမ္ဗဏီ ဖြန့်ချီမှုမပြုတော့ဟု ကြေငြာ

Photo: မြောက်ကိုးရီးယားခေါင်းဆောင်အား လုပ်ကြံသည့်ရုပ်ရှင်ကို ဆိုနီကုမ္ဗဏီ ဖြန့်ချီမှုမပြုတော့ဟု ကြေငြာ
Thursday, December 18, 2014

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို အမေရိကန် လျှို.၀ှက် ထောက်လှမ်းရေး စီအိုင်အေက လုပ်ကြံခိုင်းသော ဇာတ်အိမ်ကို အခြေခံ ရိုက်ကူးထားသည့် “အင်တာဗျူး” အမည်ရ ဟာသရုပ်ရှင်ကို ဆိုနီရုပ်ရှင် ထုတ်လုပ်ရေးက ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဖြန့်ချီရန် စီစဉ်ထားခြင်းကို ကွန်ပျူတာဟက်ကာများ၏ ခြိမ်းခြောက်မှုများကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

ထိုရုပ်ရှင်ကိုမကျေနပ်၍ ဆိုနီကုမ္ဗဏီ၏ ကွန်ပြူတာစနစ်ထဲသို့ ဟက်ကာများ ၀င်ရောက်ပြီး သတင်းအချက်အလက်များကို ခိုးယူ၍ အင်တာနက်ပေါ်တွင် လွန်ခဲ့သည့်လက ဖြန့်ချီခဲ့သည့်ဖြစ်ရပ်သည် မြောက်ကိုးရီးယား အစိုးရနှင့် ဆက်နွယ်နေသည်ဟု အမေရိကန် ထောက်လှမ်းရေးများက ကောက်ချက်ချ ခဲ့ကြောင်း ယမန်နေ့ထုတ် နယူးယောက်တိုင်းစ် သတင်းစာတွင် ဖော်ပြခဲ့သည်။

ထိုရုပ်ရှင်အား ဖြန့်ချီရန် အစီအစဉ် ဖျက်သိမ်းလိုက်ခြင်းမှာ ရုံတင်သွင်းမည့် သူအများစု၏ စိုးရိမ်ပူပန်မှုအပေါ် အခြေခံ၍ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ဆိုနီကုမ္ဗဏီ၏ယမန်နေ့က ထုတ်ပြန်လိုက်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

“ဒီရုပ်ရှင်ဖြန့်ချီတာကို ဟန့်တားတဲ့လုပ်ရပ်နဲ့၊ အမေရိကန်ပြည်သူလူထု၊ ဆိုနီကုမ္ဗဏီ ၀န်ထမ်းများအပါအ၀င် ကုမ္ဗဏီကိုပါ ထိခိုက်အောင် ကြံရွယ် လုပ်ဆောင်မှုများကို လွန်စွာဝမ်းနည်းမိပါတယ်” ဟုကုမ္ဗ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

ထိုရုပ်ရှင်သည် စီအိုင်အေ၏အစီအမံဖြင့် ရုပ်မြင်သံကြား ပင်တိုင်တင်ဆက်သူတစ်ဦးနှင့် ၄င်း၏အစီအစဉ် ထုတ်လုပ်သူတို့က မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းအဖြစ် ပါဝင်သရုပ်ဆောင်သူ ရန်းဒဲလ်ပက် (Randall Park) အား လုပ်ကြံရန်ကြိုးပမ်းမှုဖြစ်သည်။

လွန်ခဲ့သည့်လက ဆိုနီကုမ္ဗဏီ၏ အချက်အလက်များကို ၀င်ရောက် ခိုးယူသွားသူ ဟက်ကာများက ထိုရုပ်ရှင်အား ရုပ်ရှင်ရုံများတွင် သွားရောက် မကြည့်ရူရန် နှင့် ၂၀၀၁ ခုနှစ်က အမေရိကန်တွင် ဖြစ်ခဲ့သည့် ၉/၁၁ တိုက်ခိုက်မှုအား မမေ့ကြရန် အင်တာနက်ပေါ်တွင်ခြိမ်းခြောက်ခဲ့သည်။

The Yangon Globe 

ဓာတ်ပုံ-Reuters
ဓာတ်ပုံ-Reuters
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို အမေရိကန် လျှို.၀ှက် ထောက်လှမ်းရေး စီအိုင်အေက လုပ်ကြံခိုင်းသော ဇာတ်အိမ်ကို အခြေခံ ရိုက်ကူးထားသည့် “အင်တာဗျူး” အမည်ရ ဟာသရုပ်ရှင်ကို ဆိုနီရုပ်ရှင် ထုတ်လုပ်ရေးက ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဖြန့်ချီရန် စီစဉ်ထားခြင်းကို ကွန်ပျူတာဟက်ကာ များ ၏ ခြိမ်းခြောက်မှုများကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

ထိုရုပ်ရှင်ကိုမကျေနပ်၍ ဆိုနီကုမ္ဗဏီ၏ ကွန်ပြူတာစနစ်ထဲသို့ ဟက်ကာများ ၀င်ရောက်ပြီး သတင်း အချက်အလက်များကို ခိုးယူ၍ အင်တာနက်ပေါ်တွင် လွန်ခဲ့သည့်လက ဖြန့်ချီခဲ့သည့်ဖြစ်ရပ်သည် မြောက် ကိုးရီးယား အစိုးရနှင့် ဆက်နွယ်နေသည်ဟု အမေရိကန် ထောက်လှမ်းရေးများက ကောက်ချက်ချ ခဲ့ကြောင်း ယမန်နေ့ထုတ် နယူးယောက်တိုင်းစ် သတင်းစာတွင် ဖော်ပြခဲ့သည်။

ထိုရုပ်ရှင်အား ဖြန့်ချီရန် အစီအစဉ် ဖျက်သိမ်းလိုက်ခြင်းမှာ ရုံတင်သွင်းမည့် သူအများစု၏ စိုးရိမ်ပူပန်မှု အပေါ် အခြေခံ၍ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ဆိုနီကုမ္ဗဏီ၏ယမန်နေ့က ထုတ်ပြန်လိုက်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

“ဒီရုပ်ရှင်ဖြန့်ချီတာကို ဟန့်တားတဲ့လုပ်ရပ်နဲ့၊ အမေရိကန်ပြည်သူလူထု၊ ဆိုနီကုမ္ဗဏီ ၀န်ထမ်းများအပါအ၀င် ကုမ္ဗဏီကိုပါ ထိခိုက်အောင် ကြံရွယ် လုပ်ဆောင်မှုများကို လွန်စွာဝမ်းနည်းမိပါတယ်” ဟုကုမ္ဗ၏ ကြေငြာ ချက်တွင် ဖော်ပြထားသည်။

ထိုရုပ်ရှင်သည် စီအိုင်အေ၏အစီအမံဖြင့် ရုပ်မြင်သံကြား ပင်တိုင်တင်ဆက်သူတစ်ဦးနှင့် ၄င်း၏အစီအစဉ် ထုတ်လုပ်သူတို့က မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းအဖြစ် ပါဝင်သရုပ်ဆောင်သူ ရန်းဒဲလ်ပက် (Randall Park) အား လုပ်ကြံရန်ကြိုးပမ်းမှုဖြစ်သည်။

လွန်ခဲ့သည့်လက ဆိုနီကုမ္ဗဏီ၏ အချက်အလက်များကို ၀င်ရောက် ခိုးယူသွားသူ ဟက်ကာများက ထို ရုပ်ရှင်အား ရုပ်ရှင်ရုံများတွင် သွားရောက် မကြည့်ရူရန် နှင့် ၂၀၀၁ ခုနှစ်က အမေရိကန်တွင် ဖြစ်ခဲ့သည့် ၉/၁၁ တိုက်ခိုက်မှုအား မမေ့ကြရန် အင်တာနက်ပေါ်တွင်ခြိမ်းခြောက်ခဲ့သည်။

The Yangon Globe 

No comments:

Post a Comment