Thursday 18 December 2014

သဘင်ညီလာခံ ကျင်းပရေး ရန်ပုံငွေကပွဲ မန်းသဘင်ပညာရှင်များ မပါဝင်ကြ

Photo: သဘင်ညီလာခံ ကျင်းပရေး ရန်ပုံငွေကပွဲ မန်းသဘင်ပညာရှင်များ မပါဝင်ကြ
Thursday, December 18, 2014 

 မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)၏ ပထမအကြိမ်သဘင် ညီလာခံကျင်းပရေး ရန်ပုံငွေ ကပွဲတွင် မန္တလေးတိုင်းမှ သဘင်ပညာရှင်များ ပူးပေါင်းဖျော်ဖြေမည် မဟုတ်ကြောင်း မန္တလေးတိုင်း သဘင် ပညာရှင်များအစည်းအရုံး အတွင်းရေးမှူး ဦးနန်းဌေးအောင် က ပြောသည်။

“မန္တလေးတိုင်းသဘင် မပါဘူးဆိုတာ ဗဟိုသဘင်အစည်းအရုံးဥက္ကဋ္ဌက ဦးဆောင်တဲ့အတွက် မပါတာပါ။ ဗဟိုသဘင်အစည်း အရုံးကို အယုံအကြည်မရှိတဲ့အတွက်ကြောင့် မပါတာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ မန္တလေးက မပါဘူးဆိုတဲ့ အကြောင်းကိုလည်း တိုင်းအစိုးရထံကို အကြောင်းကြားစာ ပေးပို့မှာပါ” ဟု ၎င်းက ပြောသည်။

ယင်းဖျော်ဖြေပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ဒီဇင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ဖျော်ဖြေသွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံဗဟို သဘင်အစည်းအရုံး ဥက္ကဋ္ဌကိုရာထူးမှ နုတ်ထွက်ပေးရန် မန္တလေးတိုင်း သဘင်ပညာရှင်များက ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

Mizzima - News in Burmese 

သဘင်အစည်းအရုံး ဥက္ကဋ္ဌ နုတ်ထွက်ပေးရန် မန်းသဘင်ထု ဆန္ဒပြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
သဘင်အစည်းအရုံး ဥက္ကဋ္ဌ နုတ်ထွက်ပေးရန် မန်းသဘင်ထု ဆန္ဒပြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
 မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)၏ ပထမအကြိမ်သဘင် ညီလာခံကျင်းပရေး ရန်ပုံငွေ ကပွဲတွင် မန္တလေးတိုင်းမှ သဘင်ပညာရှင်များ ပူးပေါင်းဖျော်ဖြေမည် မဟုတ်ကြောင်း မန္တလေးတိုင်း သဘင် ပညာရှင်များအစည်းအရုံး အတွင်းရေးမှူး ဦးနန်းဌေးအောင် က ပြောသည်။

“မန္တလေးတိုင်းသဘင် မပါဘူးဆိုတာ ဗဟိုသဘင်အစည်းအရုံးဥက္ကဋ္ဌက ဦးဆောင်တဲ့အတွက် မပါတာပါ။ ဗဟိုသဘင်အစည်း အရုံးကို အယုံအကြည်မရှိတဲ့အတွက်ကြောင့် မပါတာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ မန္တလေးက မပါဘူးဆိုတဲ့ အကြောင်းကိုလည်း တိုင်းအစိုးရထံကို အကြောင်းကြားစာ ပေးပို့မှာပါ” ဟု ၎င်းက ပြောသည်။

ယင်းဖျော်ဖြေပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ဒီဇင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ဖျော်ဖြေသွား မည်ဟု ဆိုသည်။

မြန်မာနိုင်ငံဗဟို သဘင်အစည်းအရုံး ဥက္ကဋ္ဌကိုရာထူးမှ နုတ်ထွက်ပေးရန် မန္တလေးတိုင်း သဘင်ပညာရှင် များက ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

Mizzima - News in Burmese 

No comments:

Post a Comment