Tuesday 12 August 2014

Telenor က နိုင်ငံခြားငွေလွှဲ ဝန်ဆောင်မှု ပေးမည်

Photo: Telenor က နိုင်ငံခြားငွေလွှဲ ဝန်ဆောင်မှု ပေးမည်
Tuesday, August 12, 2014

ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Telenor သည် မိုဘိုင်းဖုန်းလိုင်း ဝန်ဆောင်မှုအပြင် နိုင်ငံခြားငွေလွှဲ ဝန်ဆောင်မှုကိုလည်း ထပ်မံပေးအပ်သွားရန် ရှိသည်ဟု ကုမ္ပဏီမှ စီအီးအိုဖြစ်သူ Mr. Petter Furberg က ပြောသည်။

Telenor အနေဖြင့် CSR (လူမှုစီးပွားအကျိုးပြုလုပ်ငန်း) အမည်ခံ၍ နာမည်ကြီးစေမည့် လုပ်ငန်းများကို လုပ်ကိုင်မည် မဟုတ်ဘဲ မိုဘိုင်းဖုန်းကွန်ရက်နှင့်အတူ ထပ်ဆောင်း ဝန်ဆောင်မှုများကိုသာ လုပ်ကိုင်သွားမည်ဖြစ်ပြီး လက်ရှိအချိန်၌ Wikipedia Myanmar ကဲ့သို့သော အစီအစဉ်များ၊ mHealth ကဲ့သို့သောအစီအစဉ်များကို လုပ်ကိုင်နေသည်ဟု ၎င်းကပြောသည်။ နိုင်ငံခြားငွေလွှဲနှင့် ပတ်သက်၍ Telenor အနေဖြင့် ဝန်ဆောင်မှုပေးမည်ဟု ဆိုသော်လည်း ပူးပေါင်း ဆောင်ရွက်မည့် ဘဏ်လုပ်ငန်းများ၊ ငွေကြေး လွှဲပြောင်းနိုင်မည့် နိုင်ငံများနှင့် စတင်အသုံးပြုနိုင်မည့် အချိန်ကာလများကို မသိရှိရပေ။ မိုဘိုင်း ဖုန်းလိုင်းကို အသုံးပြု၍ ပြည်ပနိုင်ငံမှ ပြည်တွင်းသို့ ငွေကြေး လွှဲပြောင်းနိုင်ခြင်းနှင့် ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ အပြန်အလှန် ငွေလွှဲပြောင်းနိုင်မည် ဖြစ်သော်လည်း ဝန်ဆောင်ခများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့်သူများကိုလည်း Telenor က ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိပေ။

အင်တာနက်ပေါ်၌ မြန်မာစာပေ တိုးတက်များပြားလာရန် အတွက် Telenor သည် Wikipedia Myanmar ကို လုပ်ကိုင်ဆောင်ရွက်ထားပြီး ကျန်းမာရေးနှင့် ပတ်သက်၍ mHlealth အစီအစဉ်ကိုလည်း လုပ်ကိုင်ထားကြောင်း သိရသည်။ စက်တင်ဘာလအတွင်း Telenor မှရောင်းချပေးမည့် မိုဘိုင်းဖုန်းလိုင်းများ၌ ကျန်းမာရေး ဝန်ဆောင်မှုနှင့် Wiki အသုံးပြုနိုင်ခြင်းတို့ ပါဝင်လာမည်ဖြစ်သော်လည်း နိုင်ငံခြား ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း ပါလာမည်မှာ မသေချာသေးကြောင်း သိရသည်။ Telenor ၏ အဓိကပြိုင်ဘက် Ooredoo သည် CSR လုပ်ငန်း၌ ငွေကြေးအမြောက်အမြားကို လက်ရှိအချိန်၌ အသုံးပြုထားကြောင်း သိရသည်။

Internet Journal
ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Telenor သည် မိုဘိုင်းဖုန်းလိုင်း ဝန်ဆောင်မှုအပြင် နိုင် ငံခြားငွေ လွှဲ ဝန်ဆောင်မှုကိုလည်း ထပ်မံပေးအပ်သွားရန် ရှိသည်ဟု ကုမ္ပဏီမှ စီအီးအိုဖြစ်သူ Mr. Petter Furberg က ပြောသည်။
Telenor အနေဖြင့် CSR (လူမှုစီးပွားအကျိုးပြုလုပ်ငန်း) အမည်ခံ၍ နာမည်ကြီးစေမည့် လုပ်ငန်းများကို လုပ်ကိုင်မည် မဟုတ်ဘဲ မိုဘိုင်းဖုန်းကွန်ရက်နှင့်အတူ ထပ်ဆောင်း ဝန်ဆောင်မှုများကိုသာ လုပ်ကိုင်သွား မည်ဖြစ်ပြီး လက်ရှိအချိန်၌ Wikipedia Myanmar ကဲ့သို့သော အစီအစဉ်များ၊ mHealth ကဲ့သို့သော အစီအစဉ်များကို လုပ်ကိုင်နေသည်ဟု ၎င်းကပြောသည်။ နိုင်ငံခြားငွေလွှဲနှင့် ပတ်သက်၍ Telenor အနေဖြင့် ဝန်ဆောင်မှုပေးမည်ဟု ဆိုသော်လည်း ပူးပေါင်း ဆောင်ရွက်မည့် ဘဏ်လုပ်ငန်းများ၊ ငွေကြေး လွှဲပြောင်းနိုင်မည့် နိုင်ငံများနှင့် စတင်အသုံးပြုနိုင်မည့် အချိန်ကာလများကို မသိရှိရပေ။ မိုဘိုင်း ဖုန်းလိုင်းကို အသုံးပြု၍ ပြည်ပနိုင်ငံမှ ပြည်တွင်းသို့ ငွေကြေး လွှဲပြောင်းနိုင်ခြင်းနှင့် ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ အပြန်အလှန် ငွေလွှဲပြောင်းနိုင်မည် ဖြစ်သော်လည်း ဝန်ဆောင်ခများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် သူများကိုလည်း Telenor က ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိပေ။

အင်တာနက်ပေါ်၌ မြန်မာစာပေ တိုးတက်များပြားလာရန် အတွက် Telenor သည် Wikipedia Myanmar ကို လုပ်ကိုင်ဆောင်ရွက်ထားပြီး ကျန်းမာရေးနှင့် ပတ်သက်၍ mHlealth အစီအစဉ်ကိုလည်း လုပ်ကိုင်ထားကြောင်း သိရသည်။ စက်တင်ဘာလအတွင်း Telenor မှရောင်းချပေးမည့် မိုဘိုင်းဖုန်းလိုင်းများ ၌ ကျန်းမာရေး ဝန်ဆောင်မှုနှင့် Wiki အသုံးပြုနိုင်ခြင်းတို့ ပါဝင်လာမည်ဖြစ်သော်လည်း နိုင် ငံခြား ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း ပါလာမည်မှာ မသေချာသေးကြောင်း သိရသည်။ Telenor ၏ အဓိကပြိုင်ဘက် Ooredoo သည် CSR လုပ်ငန်း၌ ငွေကြေးအမြောက်အမြားကို လက်ရှိအချိန်၌ အသုံးပြုထားကြောင်း သိရသည်။

Internet Journal

No comments:

Post a Comment