Tuesday 12 August 2014

ခြိမ်းခြောက်မှုများ၊ ဝေဖန်ပြစ်တင်မှုများကြောင့် လှယဉ်ကျေး အစား အေးချမ်းမြေ့ကိုMiss Globe Myanmar 2014 အဖြစ် သွားပြိုင်ရန် စီစဉ်

Photo: ခြိမ်းခြောက်မှုများ၊ ဝေဖန်ပြစ်တင်မှုများကြောင့် လှယဉ်ကျေး အစား အေးချမ်းမြေ့ကိုMiss Globe Myanmar 2014 အဖြစ် သွားပြိုင်ရန် စီစဉ်
Tuesday, August 12, 2014

Miss Globe Myanmar Organization ရဲ့ National Director ဖြစ်သူ မလှနုထွန်းက ဂျူး စံသာကို နိုင်ငံကိုယ်စားပြု အလှ မယ်အဖြစ်မှ ရပ်စဲခဲ့ပြီးနောက် မုဒြာ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်နေတဲ့ လှယဉ်ကျေးကိုMiss Globe Myanmar 2014 အဖြစ် စာချုပ်ချုပ်ပြီး သရဖူလွှဲအပ် ခဲ့ပေမယ့် ခြိမ်းခြောက်မှုများ၊ ဝေဖန် ပြစ်တင်မှုများ ရှိခဲ့တာကြောင့် သြ ဂုတ် ၄ရက်နေ့မှာMiss Globe Myanmar 2014 ပြိုင်ပွဲဝင် 4th Runner Up ရရှိခဲ့တဲ့ ဆေးကျောင်း သူ အေးချမ်းမြေ့ကိုMiss Globe Myanmar 2014အဖြစ် စာချုပ်ချုပ် ပြီး နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်စေမှာ ဖြစ်ကြောင်း သိရပါတယ်။ အလှ မယ်အပြောင်းအလဲထပ်မံဖြစ်ပေါ်ခဲ့ ပုံကို မလှနုထွန်းက..
“လှယဉ်ကျေးကိုယ်တိုင်ကရော၊ သူတို့ မိသားစုတွေရော၊ အမျိုးတွေ ကရော အကုန်လုံးက သူများတွေက ပြောဆိုနေကြတော့ မကောင်းဘူး လေ။ ကျွန်မဆီကို ဖုန်းတွေ ဆက်တာ ရော၊ အီးမေးလ်တွေ ပို့တာရော၊ ရိုင်း ရိုင်းစိုင်းစိုင်းတွေ တအားပြောကြ တယ်။ ခြိမ်းခြောက်တာမျိုးလည်း ရှိ တယ်။ ဘယ်သူတွေလဲဆိုတာကို ကျွန်မတို့ သိလည်း သိနေတယ်။ ကလေးလည်း အန္တရာယ်ရှိတယ်။ သူတို့ တကယ်လုပ်လား၊ မလုပ်လား မသိပေမယ့်လည်း အန္တရာယ်ရှိတယ် လေ။ သူကတော့ ရတယ် လုပ်မယ် ဆိုပေမယ့် သူ့မိသားစုလည်း ရှိသေး တယ်။ သူ့ရဲ့မုဒြာခေါ်သံရုပ်ရှင်ဇာတ် ကားကြီးကလည်း သူ့ကို ခေါင်း ဆောင်မင်းသမီးအနေနဲ့ တင်ထား တယ်။ အဲဒါကို ပိုးစိုးပက်စက် တအားနှ မချင်းမစာမနာပြောတာ တော့ မကောင်းဘူးလေ။ အဲဒါနဲ့ အေးချမ်းမြေ့ကို အကူအညီတောင်း လိုက်တော့ သူကလည်းလုပ်ပေးပါ့ မယ်။ လှယဉ်ကျေးကိုတော့ ဒီပွဲနဲ့ မဆိုင် တဲ့ နောက်တစ်ပွဲကို ကျွန်မ လွှတ်ပေးမှာပါ။ အေးချမ်းမြေ့က သွားပြိုင်ဖို့ တအားအဆင်ပြေပါ တယ်။ သူက Face of Myanmar ပြိုင်ပွဲမှာ ကိုရီးယားကို ဟန်သီတို့နဲ့ သွားပြိုင်ဖူးတယ်။ ဖိလစ်ပိုင်ကMacoy တို့ လာသင်တဲ့ Training ကိုလည်း ရထားတယ်” လို့ ပြောပါ တယ်။ အေးချမ်းမြေ့က အသက် ၁၈ နှစ် ရှိပြီဖြစ်ပြီး ဆေးကျောင်းသူ တစ်ဦးဖြစ်တာကြောင့် အေးချမ်းမြေ့ နဲ့ စာချုပ်ချုပ်တဲ့အခါမှာ သူ့ရဲ့ ပညာ ရေးအတွက် ဦးစားပေးပြီး ချုပ်ဆိုခဲ့ ကြောင်း မလှနုထွန်းက..
“အေးချမ်းမြေ့က အဆင်ပြေ တယ်။ ဟိုဘက်ကတောင် ပြောနေ တယ်။ တူရကီနိုင်ငံ အစ္စလန်ဘိုမြို့ မှာModelling လုပ်ငန်းတွေ ဆက် လုပ်လို့ရအောင် သူတို့ စီ စဉ်ပေးမယ် တဲ့။ ဘာလို့လဲဆိုတော့ ကျွန်မကလေး တွေက ရန်ကုန်ပြန်ရောက်တာနဲ့ အောင်မြင်သွားရင် ထားသွားတယ် တဲ့။ ဒါကြောင့် ဟိုမှာပဲ အလုပ် ဆက်လုပ်ဖြ စ်အောင် စီစဉ်ပေးမယ် ပြောတယ်။ ဒါပေမဲ့ စာချုပ်ထဲမှာ ကလေးကို ကျောင်းပြီးအောင် သင် ခွင့်လုပ်ထားတယ်။ ကျွန်မတို့က ကျောင်းကို ထိခိုက်အောင် ဘာမှ မလုပ်ဘူးလို့
စာချုပ်ထည့်ချုပ်ထား ပါတယ်။ နိုင်ငံခြားကနေ သွားပြိုင်ပြီး ပြန်လာရင် အားတဲ့အချိန်ကို အနု ပညာအလုပ်တွေလုပ်ပေါ့။ နိုင်ငံခြား မှာ သွားလုပ်ဖို့အထိတော့ သူတို့ ခွင့်မပြု ထားပါဘူး။ ဆေးကျောင်းကို ပြီးအောင် တက်မှာပါ” လို့ ပြောပါ တယ်။ Miss Globe Myanmar 2014 အလှမယ် အေးချမ်းမြေ့ဟာ အဇာဘိုင်ဂျန်နိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး သြဂုတ်လ ၁၁ ရက်နေ့မှာ သွားပြိုင်ဖို့ စီစဉ်ထားပေ မယ့် လေယာဉ်လက်မှတ် မပို့ပေးတာ ကြောင့် ပြိုင်ပွဲကာလ ရက်ရွှေ့ဖို့များ ကြောင်း မလှနုထွန်း က ပြောပါ တယ်။

ခိုင်ဝေလွင်
Popular Journal
Miss Globe Myanmar Organization ရဲ့ National Director ဖြစ်သူ မလှနုထွန်းက ဂျူး စံသာကို နိုင်ငံ ကိုယ်စားပြု အလှ မယ်အဖြစ်မှ ရပ်စဲခဲ့ပြီးနောက် မုဒြာ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်နေ တဲ့ လှယဉ်ကျေးကိုMiss Globe Myanmar 2014 အဖြစ် စာချုပ်ချုပ်ပြီး သရဖူလွှဲအပ် ခဲ့ပေမယ့် ခြိမ်းခြောက်မှုများ၊ ဝေဖန် ပြစ်တင်မှုများ ရှိခဲ့တာကြောင့် သြ ဂုတ် ၄ရက်နေ့မှာMiss Globe Myanmar 2014 ပြိုင်ပွဲဝင် 4th Runner Up ရရှိခဲ့တဲ့ ဆေးကျောင်း သူ အေးချမ်းမြေ့ကိုMiss Globe Myanmar 2014အဖြစ် စာချုပ်ချုပ် ပြီး နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်စေမှာ ဖြစ်ကြောင်း သိရပါတယ်။ အလှ မယ်အပြောင်းအလဲထပ်မံဖြစ်ပေါ်ခဲ့ ပုံကို မလှနုထွန်းက..

“လှယဉ်ကျေးကိုယ်တိုင်ကရော၊ သူတို့ မိသားစုတွေရော၊ အမျိုးတွေ ကရော အကုန်လုံးက သူများတွေ က ပြောဆိုနေကြတော့ မကောင်းဘူး လေ။ ကျွန်မဆီကို ဖုန်းတွေ ဆက်တာ ရော၊ အီးမေးလ်တွေ ပို့တာရော၊ ရိုင်း ရိုင်းစိုင်းစိုင်းတွေ တအားပြောကြ တယ်။ ခြိမ်းခြောက်တာမျိုးလည်း ရှိ တယ်။ ဘယ်သူတွေ လဲ ဆိုတာကို ကျွန်မတို့ သိလည်း သိနေတယ်။ ကလေးလည်း အန္တရာယ်ရှိတယ်။ သူတို့ တကယ်လုပ်လား၊ မလုပ်လား မသိပေမယ့်လည်း အန္တရာယ်ရှိတယ် လေ။ သူကတော့ ရတယ် လုပ်မယ် ဆိုပေမယ့် သူ့မိသားစု လည်း ရှိသေး တယ်။ သူ့ရဲ့မုဒြာခေါ်သံရုပ်ရှင်ဇာတ် ကားကြီးကလည်း သူ့ကို ခေါင်း ဆောင် မင်းသမီးအနေနဲ့ တင်ထား တယ်။ အဲဒါကို ပိုးစိုးပက်စက် တအားနှ မချင်းမစာမနာပြောတာ တော့ မကောင်းဘူးလေ။ အဲဒါနဲ့ အေးချမ်းမြေ့ကို အကူအညီတောင်း လိုက်တော့ သူကလည်းလုပ်ပေးပါ့ မယ်။ လှယဉ်ကျေးကိုတော့ ဒီပွဲနဲ့ မဆိုင် တဲ့ နောက်တစ်ပွဲကို ကျွန်မ လွှတ်ပေးမှာပါ။ အေးချမ်းမြေ့က သွားပြိုင်ဖို့ တအားအဆင်ပြေပါ တယ်။ သူက Face of Myanmar ပြိုင်ပွဲမှာ ကိုရီးယားကို ဟန်သီတို့နဲ့ သွားပြိုင်ဖူးတယ်။ ဖိလစ်ပိုင်ကMacoy တို့ လာသင်တဲ့ Training ကိုလည်း ရထားတယ်” လို့ ပြောပါ တယ်။ အေးချမ်းမြေ့က အသက် ၁၈ နှစ် ရှိပြီဖြစ်ပြီး ဆေးကျောင်းသူ တစ်ဦးဖြစ်တာကြောင့် အေးချမ်းမြေ့ နဲ့ စာချုပ်ချုပ်တဲ့အခါမှာ သူ့ရဲ့ ပညာ ရေးအတွက် ဦးစားပေးပြီး ချုပ်ဆိုခဲ့ ကြောင်း မလှနုထွန်းက..

“အေးချမ်းမြေ့က အဆင်ပြေ တယ်။ ဟိုဘက်ကတောင် ပြောနေ တယ်။ တူရကီနိုင်ငံ အစ္စလန်ဘိုမြို့ မှာ Modelling လုပ်ငန်းတွေ ဆက် လုပ်လို့ရအောင် သူတို့ စီ စဉ်ပေးမယ် တဲ့။ ဘာလို့လဲဆိုတော့ ကျွန်မ ကလေး တွေက ရန်ကုန်ပြန်ရောက်တာနဲ့ အောင်မြင်သွားရင် ထားသွားတယ် တဲ့။ ဒါကြောင့် ဟိုမှာပဲ အလုပ် ဆက်လုပ်ဖြ စ်အောင် စီစဉ်ပေးမယ် ပြောတယ်။ ဒါပေမဲ့ စာချုပ်ထဲမှာ ကလေးကို ကျောင်းပြီးအောင် သင် ခွင့်လုပ်ထားတယ်။ ကျွန်မတို့က ကျောင်းကို ထိခိုက်အောင် ဘာမှ မလုပ်ဘူးလို့

စာချုပ်ထည့်ချုပ်ထား ပါတယ်။ နိုင်ငံခြားကနေ သွားပြိုင်ပြီး ပြန်လာရင် အားတဲ့အချိန်ကို အနု ပညာအလုပ်တွေလုပ်ပေါ့။ နိုင်ငံခြား မှာ သွားလုပ်ဖို့အထိတော့ သူတို့ ခွင့်မပြု ထားပါဘူး။ ဆေးကျောင်းကို ပြီးအောင် တက်မှာပါ” လို့ ပြောပါ တယ်။ Miss Globe Myanmar 2014 အလှမယ် အေးချမ်းမြေ့ဟာ အဇာဘိုင်ဂျန်နိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး သြဂုတ်လ ၁၁ ရက်နေ့မှာ သွားပြိုင်ဖို့ စီစဉ်ထားပေ မယ့် လေယာဉ်လက်မှတ် မပို့ပေးတာ ကြောင့် ပြိုင်ပွဲကာလ ရက်ရွှေ့ဖို့များ ကြောင်း မလှနုထွန်း က ပြောပါ တယ်။

ခိုင်ဝေလွင်
Popular Journal

No comments:

Post a Comment