Tuesday 12 August 2014

အီရတ်က ဆူနီ စစ်သွေးကြွတွေကို နှိမ်နှင်းဖို့ သြစီနဲ့ ကန်ဆွေးနွေးကြမယ်

Photo: အီရတ်က ဆူနီ စစ်သွေးကြွတွေကို နှိမ်နှင်းဖို့ သြစီနဲ့ ကန်ဆွေးနွေးကြမယ်
Tuesday, August 12, 2014

သြစတြေးလျ နိုင်ငံ ကာကွယ်ရေးဝန်ကြီး David Johnston နဲ့ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Chuck Hagel တို့ ဒီကနေ့ တွေ့ဆုံ စကားပြောကြမှာ ဖြစ်ပြီး အီရတ်နိုင်ငံက အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ရပ်စဲနိုင်ဖို့အတွက် သြစတြေးလျနိုင်ငံအနေနဲ့ စစ်ရေးထောက်ပံ့မှု တွေကို ဘယ်လို တိုးချဲ့လုပ်ဆောင်သွားရမလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

သြစတြေးလျ-အမေရိကန် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲကို ဆစ်ဒနီမြို့မှာ ပြုလုပ်မှာဖြစ်ပြီးတော့ သြစတြေးလျနဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတို့အပြင် သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဂျူလီ ဘိရှော့ပ်နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီတို့လည်း ပါဝင်မှာဖြစ်ပါတယ်။

ဆူနီ မွတ်စလင်တွေရဲ့ တိုက်ခိုက် မှုကြောင့် အီရတ်နိုင်ငံ အရှေ့မြောက်ဘက် တောတောင်တွေမှာ ထွက်ပြေး တိမ်းရှောင် နေကြရတဲ့ အနည်းဆုံး လူပေါင်း သုံးသောင်း အတွက် လူသားခြင်း စာနာတဲ့အကူအညီတွေကို သြစတြေးလျ စစ်လေယာဉ်တွေက လိုက်လံ ပစ်ချပေးနေပြီဖြစ်ပါတယ်။

ဆူနီ အကြမ်းဖက် သမားတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် သြစတြေးလျ နိုင်ငံက ဘယ်လိုကဏ္ဍတွေမှာ ထောက်ပံ့ပေးရမလဲဆိုတဲ့ အကြောင်းတွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

ABC Radio Australia

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး John Kerry နဲ့ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး Julie Bishop (Credit: ABC licensed)
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး John Kerry နဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop (Credit: ABC licensed)
သြစတြေးလျ နိုင်ငံ ကာကွယ်ရေးဝန်ကြီး David Johnston နဲ့ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Chuck Hagel တို့ ဒီကနေ့ တွေ့ဆုံ စကားပြောကြမှာ ဖြစ်ပြီး အီရတ်နိုင်ငံက အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ရပ်စဲနိုင်ဖို့အတွက် သြစတြေးလျနိုင်ငံအနေနဲ့ စစ်ရေးထောက်ပံ့မှု တွေကို ဘယ်လို တိုးချဲ့လုပ်ဆောင်သွားရမလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
သြစတြေးလျ-အမေရိကန် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲကို ဆစ်ဒနီမြို့မှာ ပြုလုပ်မှာဖြစ်ပြီးတော့ သြစတြေး လျနဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတို့အပြင် သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဂျူလီ ဘိရှော့ပ်နဲ့ အမေရိ ကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီတို့လည်း ပါဝင်မှာဖြစ်ပါတယ်။

ဆူနီ မွတ်စလင်တွေရဲ့ တိုက်ခိုက် မှုကြောင့် အီရတ်နိုင်ငံ အရှေ့မြောက်ဘက် တောတောင်တွေမှာ ထွက်ပြေး တိမ်းရှောင် နေကြရတဲ့ အနည်းဆုံး လူပေါင်း သုံးသောင်း အတွက် လူသားခြင်း စာနာတဲ့ အကူအညီတွေကို သြစတြေးလျ စစ်လေယာဉ်တွေက လိုက်လံ ပစ်ချပေးနေပြီဖြစ်ပါတယ်။

ဆူနီ အကြမ်းဖက် သမားတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် သြစတြေးလျ နိုင်ငံက ဘယ်လိုကဏ္ဍတွေမှာ ထောက်ပံ့ပေးရမလဲဆိုတဲ့ အကြောင်းတွေ ကို ဆွေးနွေးကြ မှာဖြစ်တယ်လို့ သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment