Tuesday 12 August 2014

နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင်ရန် ဆန္ဒရှိကြောင်း ဦးအောင်မင်း ပြောကြား

Photo: နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင်ရန် ဆန္ဒရှိကြောင်း ဦးအောင်မင်း ပြောကြား
Tuesday, August 12, 2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်တွင် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ရန် ဆန္ဒရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ယခုလအတွင်း လက်မှတ်ရေးထိုးမည်ဟု အစိုးရက ပြောဆိုထားသော်လည်း ယနေ့အထိ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် သဘောတူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းစာချုပ်ကို အတည်ပြုရန် သြဂုတ်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် တတိယအကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

“အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ရှေ့နှစ်ဆန်းမှာ စတင်ချင်ပါတယ်။ ၂၀၁၅ ဟာ ရွေးကောက်ပွဲ နှစ်ဖြစ်တဲ့အတွက် အချိန်လည်း သိပ်မရှိတော့ပါဘူး” ဟု ၎င်းကဆိုသည်။

သြဂုတ်လ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေး အစိုးရနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေးအတွက် သြဂုတ်လ တတိယပတ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ဆွေးနွေးရန် မူအားဖြင့် သဘောတူညီထားကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာထံမှ သိရသည်။

ထို့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်များ ချမှတ်ရေးကို တစ်ပြိုင်တည်း လုပ်ဆောင်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား သဘောတူညီထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ရေးဆွဲရန်နှင့် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများကို ပြုလုပ်ရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။

The Voice Weekly
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပြီး နောက်တွင် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ရန် ဆန္ဒရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ယခုလအတွင်း လက်မှတ်ရေးထိုးမည်ဟု အစိုးရ က ပြောဆိုထားသော်လည်း ယနေ့အထိ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် သဘောတူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းစာချုပ်ကို အတည်ပြုရန် သြဂုတ်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် တတိယအကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့ အစည်းများ ထံမှ သိရသည်။

“အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ရှေ့နှစ်ဆန်းမှာ စတင်ချင်ပါတယ်။ ၂၀၁၅ ဟာ ရွေးကောက်ပွဲ နှစ်ဖြစ်တဲ့အတွက် အချိန်လည်း သိပ်မရှိတော့ပါဘူး” ဟု ၎င်းကဆိုသည်။

သြဂုတ်လ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေး အစိုးရနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေးအတွက် သြဂုတ်လ တတိယပတ် အတွင်း ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT နှင့် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ဆွေးနွေးရန် မူအားဖြင့် သဘောတူညီထားကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာထံမှ သိရသည်။

ထို့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးနှင့် နိုင် ငံရေး ဆွေးနွေးပွဲ များအတွက် မူဘောင်များ ချမှတ်ရေးကို တစ်ပြိုင်တည်း လုပ်ဆောင်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင်များအကြား သဘောတူညီထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ရေးဆွဲရန်နှင့် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ များကို ပြုလုပ် ရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။

The Voice Weekly

No comments:

Post a Comment