Tuesday 12 August 2014

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဟန်ရီကက်ဇ်ကို ဒိုင်နမိုဇာဂရက်ဘ် စာချုပ်ခေါ်ယူ

Photo: မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဟန်ရီကက်ဇ်ကို ဒိုင်နမိုဇာဂရက်ဘ် စာချုပ်ခေါ်ယူ
Tuesday, August 12, 2014

ဒိုင်နမို ဇာဂရက်ဘ် အသင်းသည် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်ဂျလို ဟန်ရီကက်ဇ်ကို အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ချီလီလူငယ် တိုက်စစ်မှူးသည် ယူနိုက်တက်တွင် နေရာရရေး ရုန်းကန်ခဲ့ရသူဖြစ်ပြီး ယခုနွေရာသီတွင် ၎င်း၏ ကျောနံပါတ် (၂၁)ကိုပင် လူသစ် အန်ဒါဟာရဲရာထံ လွှဲအပ်ပေးခဲ့ရသည်။ ယူနိုက်တက်က ယူနီဗာဆီဒက် ဒီချီလီ အသင်းထံမှ ခေါ်ယူခဲ့သည့် ကစားသမားသည် ပြီးခဲ့သည့် ရာသီကလည်း စပိန်ကလပ် ရီးယဲလ် ဇာရာဂိုဇာတွင် အငှားသွားရောက် ကစားခဲ့ရသည်။ အိုးလ်ထရက်ဖို့ဒ်တွင် အနာဂတ် ပျောက်ဆုံးနေသည့် ကစားသမားသည် ယခုအခါ ခရိုအေးရှား ကလပ်သို့ အပြီးသတ် ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

ဟန်ရီကက်ဇ်သည် ချီလီလက်ရွေးစင် အသင်းအတွက် (၃)ပွဲ ကိုယ်စားပြုခဲ့ဖူးသူ ဖြစ်သည်။ အသက်(၂၀) အရွယ်ရှိ ကစားသမားသည် (၂၀၁၂-၁၃) ဘောလုံးရာသီက ဝီဂန်တွင် ရေတို အငှားစာချုပ်ဖြင့် သွားကစားခဲ့ပြီး (၂၀၁၃-၁၄) တစ်ရာသီလုံး ဇာရာဂိုဇာသို့ ရောက်ရှိနေကာ (၂၅)ပွဲတွင် (၆)ဂိုး သွင်းယူနိုင်ခဲ့သည်။ ဟန်ရီကက်ဇ်က “ကျွန်တော် ဒိုင်နမို အသင်းကို ရောက်လာတဲ့အတွက် ပျော်ပါတယ်။ အသင်းနဲ့အတူ အကောင်းဆုံးတွေ ဖန်တီးပြနိုင်ဖို့ မျှော်လင့်ထားတယ်။ ကျွန်တော် အရမ်းတက်ကြွနေတယ်။ ကျွန်တော့် တန်ဖို အစစ်အမှန်ကိုလည်း ပြချင်နေတယ်။ ဒိုင်နမိုဟာ ထိပ်တန်းအသင်း တစ်ခုလို့ ကျွန်တော် ယုံကြည်ထားပါတယ်”ဟု ဆိုသည်။

၎င်းက “အသင်းကို တတ်နိုင်သလောက် ကျွန်တော် ကူညီချင်တယ်။ ယူရိုပါလိဂ် အုပ်စုအဆင့်ကို ရောက်ရှိဖို့လည်း ပံ့ပိုးသွားချင်ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော့် အနေနဲ့ ပိုတိုးတက် ကောင်းမွန်လာအောင် ကြိုးစားသွားမှာပါ”ဟု ဖွင့်ဟသွားသည်။

Ref: Goal
Soccer Myanmar
ဒိုင်နမို ဇာဂရက်ဘ် အသင်းသည် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်ဂျလို ဟန်ရီကက်ဇ်ကို အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်သည်။
ချီလီလူငယ် တိုက်စစ်မှူးသည် ယူနိုက်တက်တွင် နေရာရရေး ရုန်းကန်ခဲ့ရသူဖြစ်ပြီး ယခုနွေရာသီတွင် ၎င်း၏ ကျောနံပါတ် (၂၁)ကိုပင် လူသစ် အန်ဒါဟာရဲရာထံ လွှဲအပ်ပေးခဲ့ရသည်။ ယူနိုက်တက်က ယူနီဗာဆီဒက် ဒီချီလီ အသင်းထံမှ ခေါ်ယူခဲ့သည့် ကစားသမားသည် ပြီးခဲ့သည့် ရာသီကလည်း စပိန်ကလပ် ရီးယဲလ် ဇာရာဂိုဇာတွင် အငှားသွားရောက် ကစားခဲ့ရသည်။ အိုးလ်ထရက်ဖို့ဒ်တွင် အနာဂတ် ပျောက်ဆုံးနေသည့် ကစားသမားသည် ယခုအခါ ခရိုအေးရှား ကလပ်သို့ အပြီးသတ် ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

ဟန်ရီကက်ဇ်သည် ချီလီလက်ရွေးစင် အသင်းအတွက် (၃)ပွဲ ကိုယ်စားပြုခဲ့ဖူးသူ ဖြစ်သည်။ အသက်(၂၀) အရွယ်ရှိ ကစားသမားသည် (၂၀၁၂-၁၃) ဘောလုံးရာသီက ဝီဂန်တွင် ရေတို အငှားစာချုပ်ဖြင့် သွားကစားခဲ့ပြီး (၂၀၁၃-၁၄) တစ်ရာသီလုံး ဇာရာဂိုဇာသို့ ရောက်ရှိနေကာ (၂၅)ပွဲတွင် (၆)ဂိုး သွင်းယူနိုင်ခဲ့သည်။ ဟန်ရီကက်ဇ်က “ကျွန်တော် ဒိုင်နမို အသင်းကို ရောက်လာတဲ့အတွက် ပျော်ပါတယ်။ အသင်းနဲ့အတူ အကောင်းဆုံးတွေ ဖန်တီးပြနိုင်ဖို့ မျှော်လင့်ထားတယ်။ ကျွန်တော် အရမ်းတက်ကြွနေတယ်။ ကျွန်တော့် တန်ဖို အစစ်အမှန်ကိုလည်း ပြချင်နေတယ်။ ဒိုင်နမိုဟာ ထိပ်တန်းအသင်း တစ်ခုလို့ ကျွန်တော် ယုံကြည်ထားပါတယ်”ဟု ဆိုသည်။

၎င်းက “အသင်းကို တတ်နိုင်သလောက် ကျွန်တော် ကူညီချင်တယ်။ ယူရိုပါလိဂ် အုပ်စုအဆင့် ကို ရောက်ရှိ ဖို့လည်း ပံ့ပိုးသွားချင်ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော့် အနေနဲ့ ပိုတိုးတက် ကောင်းမွန်လာအောင် ကြိုးစားသွားမှာပါ”ဟု ဖွင့်ဟသွားသည်။

Ref: Goal
Soccer Myanmar

No comments:

Post a Comment