Tuesday 12 August 2014

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်ဝင်ခွင့် ရမှတ်များ လျှော့ချသတ်မှတ်

ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် ၀င်ခွင့်အ တွက် တက္ကသိုလ်ဝင်တန်းစာမေး ပွဲရမှတ် သတ်မှတ်ချက်များကို လျှော့ချလိုက်ပြီး အနိမ့်ဆုံးရမှတ် ၃၈၀ ရရှိသူများ လျှောက်ထားနိုင် မည်ဖြစ်ကြောင်း တက္ကသိုလ်ဝင် ခွင့်လမ်းညွှန်တွင် ဖော်ပြထား သည်။
တက္ကသိုလ်ဝင်တန်း စာမေး ပွဲတွင် ဘာသာတွဲ ၂၊ ၃၊ ၄ တို့ဖြင့် ဖြေဆိုအောင်မြင်၍ ရမှတ် ၃၈၀ နှင့် အထက် ရရှိထားသူများအနေ ဖြင့် ဒဿနိကဗေဒဘာသာရပ်ကို လျှောက်ထားနိုင်ပြီး ပထ၀ီဝင်ဘာ သာရပ်အတွက် ရမှတ် ၃၉၀ နှင့်  အထက်ရရှိထားပါက ၀င်ခွင့် လျှောက်ထားနိုင်သည်။

ဘာသာတွဲ (၂) မှာ ပထ၀ီ ၀င်၊ သမိုင်း၊ ဘောဂဗေဒ၊ ဘာသာတွဲ (၃) မှာ ပထ၀ီဝင်၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာနှင့် ဘာသာ တွဲ (၄) မှာ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာတို့ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်နှင့် မန္တ လေးတက္ကသိုလ်ဝင်ခွင့်သတ်မှတ် ချက် အမြင့်ဆုံးမှာ အင်္ဂလိပ်စာ ဘာသာ ရပ်ဖြစ်ပြီး ရမှတ် ၄၉၅ နှင့်အထက်ရရှိထားရန် လိုအပ်သည်။ဒုတိယနေရာတွင် ဥပဒေပညာ၊ ကွန်ပျူတာ သိပ္ပံ၊ နိုင်ငံတကာ ဆက်ဆံရေးပညာနှင့် နိုင်ငံရေး သိပံ္ပဘာသာရပ်များက အမှတ် သတ်မှတ် ချက်မြင့်မားနေပြီး ရ မှတ် ၄၇၀ နှင့် အထက်ရရှိသူများ သာလျှောက်ထားနိုင်သည်။

ပြီးခဲ့သည့် ပညာသင်နှစ်က ဘာသာရပ် ၂၀ အတွက် ၀င်ခွင့် ခေါ်ယူခဲ့ပြီးနောက် ယခုနှစ်တွင် မြန်မာမှု ပညာဘာသာရပ်ကို တိုး မြှင့်သင်ကြားမည်ဖြစ်ပြီး တက္က သိုလ်ဝင်တန်း စာမေးပွဲ ရမှတ် ၄၃၀ နှင့် အထက်ရရှိသူများလျှောက်ထားရန် ဖော်ပြထားသည်။ တက္ကသိုလ်ဝင်ခွင့်လျှောက် ထားသူနှင့် လျှောက်ထား သူ၏ မိခင်အရင်း၊ ဖခင်အရင်းများ သည် မြန်မာနိုင်ငံသားဖြစ်ရန် လိုအပ်ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိ သူများထဲမှ သတ်မှတ်ရမှတ်မြင့် မားသူများကို ၀ိဇ္ဇာချွန်ဆု၊ သိပ္ပံ ချွန်ဆုချီးမြှင့်မည်ဖြစ်သည်။

ဝိဇ္ဇာချွန်ဆု၊ သိပံ္ပချွန်ဆုချီး မြှင့်ထားသော ကျောင်းသားများ ကို ပါရဂူဘွဲ့ရသည်အထိ ပြုစု ပျိုးထောင် သွားမည်ဖြစ်ပြီး ကမ္ဘာ့ အဆင့်မီတက္ကသိုလ်များမှ ပါရဂူ ဘွဲ့ရမြန်မာပညာရှင်များ တစ်နှစ် လျှင် ၀ိဇ္ဇာ၊ သိပံ္ပဘာသာရပ်တစ်ခုစီအတွက် အနည်းဆုံးသုံးဦးမှ ငါးဦးထိ နောက်လာမည့် ၂၀၂၃ခုနှစ်ခန့်မှ စ၍ နှစ်စဉ်မွေးထုတ်ရန် မျှော်မှန်းထားကြောင်း ၀င်ခွင့်လမ်းညွှန်တွင် ရေးသားထားသည်။ ယခင်နှစ်က ရန်ကုန် တက္က သိုလ်တွင် ကြေညာခဲ့သော ၀င် ခွင့်ရစာရင်း၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲအမှတ် အများဆုံးအနေ ဖြင့် အင်္ဂလိပ်စာ ဘာသာရပ်အ တွက် အနည်းဆုံး ၄၈၉ မှတ်နှင့် တက္ကသိုလ် ၀င်တန်းစာမေးပွဲ အမှတ် အနည်းဆုံးအနေဖြင့် သမိုင်းနှင့် မနုဿဗေဒဘာသာရပ်ဖြစ်ပြီး အနည်းဆုံး ၃၇၀ မှတ်ရရှိသူများ ၀င်ခွင့်ရရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ်နှင့် မန္တ လေးတက္ကသိုလ်များတွင် ဘာသာ ရပ်တစ်ခုလျှင် ကျောင်းသားဦးရေ ၅၀ စီဖြင့် စုစုပေါင်း ကျောင်းသား ဦးရေ ၁၀၅၀ ဦးစီ ၀င်ခွင့် လက်ခံ သွားမည်ဖြစ်ကြောင်း တက္ကသိုလ် ၀င်ခွင့် လမ်းညွှန်တွင် ဖော်ပြထား သည်။

7Day DAILY

No comments:

Post a Comment