Tuesday 12 August 2014

ချစ်သူရဲ့အိမ်အပြန်ကို ဖယောင်းတိုင်ထွန်းပြီး ကဗျာဆန်ဆန် ကြိုဆိုရာက အိမ်မီးလောင်ရတဲ့ဖြစ်ရပ်


Amanj Lessen ဆိုသူအမျိုးသားဟာ တစ်လကြာနိုင်ငံရပ်ခြားရောက်နေတဲ့ သူ့ချစ်သူပြန်အလာကို ကဗျာ ဆန်ဆန် ကြိုဆိုတဲ့အနေနဲ့ အင်္ဂလန်နိုင်ငံ Kent ဒေသ Chantham မြို့ကသူ့နေအိမ် အိပ်ခန်းထဲမှာ သူ့ချစ် သူရဲ့နာမည်နဲ့အသည်းပုံစံကို အလှဆင်ဖယောင်းတိုင်တွေနဲ့ ထွန်းညှိခဲ့ပြီး ရှန်ပိန်တွေ ပန်းတွေနဲ့ အသင့်စောင့်ကြိုနေခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့်သူ့ချစ်သူပြန်အလာကို အိမ်ရှေ့တံခါးမှာစောင့်ကြိုနေချိန် ကျယ်လောင်တဲ့ အသံတစ်သံကိုကြားခဲ့ရ ပါတယ်။ အိမ်အပေါ်ထပ်ကိုပြေးတက်သွားတဲ့အခါမှာတော့ Amanj တစ်ယောက် မီးတောင်တွေ၊ မီးခိုးတွေနဲ့ တိုးတော့တာပါပဲ။

ချစ်သူနှစ်ဦးရဲ့အိပ်ရာလေးခမျာတော့ မီးလောင်ကျွမ်းပျက်ဆီးခဲ့ရပြီး terrace အမျိုးအစားအိမ်ကတော့ မီးခိုးထိတဲ့အပျက်အဆီးဒဏ်တွေခံစားခဲ့ရပါတယ်။

သူ့ချစ်သူဆိုသူ အသက် ၂၄ နှစ်အရွယ် Jana Stankeviciute ဆိုသူက Mr Issen သူမကို ဒီအခင်း အကျင်းရဲ့ဓာတ်ပုံတွေထုတ်ပြတဲ့အခါ ပျော်ရွှင်သွားကြောင်းနဲ့ သူကဒီလုပ်ရပ်ကိုနောက်တစ်ခု ထပ်လုပ် မှာဖြစ်ကြောင်း ဒါပေမယ့်ဒီတစ်ခါတော့ ပန်းတွေချောကလက်တွေနဲ့ပဲလုပ်မှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

Trend Myanmar

No comments:

Post a Comment