Tuesday 12 August 2014

မှတ်ဥာဏ်စွမ်းရည်အတွက် သဘာဝ အားဆေးများ

မှတ်ဥာဏ်စွမ်းရည်ကျဆင်းခြင်းဟာ အသက်အရွယ်ရလာရင် ကြုံတွေ့ရမယ့် စိတ်ဖိစီးမှုနြဲ့ ပသနာတစ်ခုဖြစ် ပါ တယ်။ ဘ၀ကသာ တရားမျှတတယ်ဆိုရင် အတွေ့အကြုံများလေလေ မှတ်ဥာဏ်ကလည်း ကြွယ် ၀လေလေ ဖြစ်ရမှာဖြစ်တယ်။ ဒီလိုမဖြစ်နိုင်ရင်တောင် ဦးနှောက်စွမ်းရည်မြင့်အောင် ထိန်းသိမ်းတဲ့ သဘာဝ နည်းလမ်းကောင်းတွေရှိပါတယ်။
(၁) အစာကိုပုံမှန်စားပါ
ဦးနှောက်ဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၂- ၃ ရာခိုင်နှုန်းသာရှိပေမဲ့ ခန္ဓာကိုယ်စွမ်းအင်၂၀ ရာခိုင်နှုန်းကို တာဝန်ယူဆောင်ရွက်ပေးတာပါတယ်။ ဒါကြောင့် ဦးနှောက်အတွက် လိုအပ်တဲ့ စွမ်းအင်ပေးလိုက်ခြင်းဟာ ဦးနှောက်ကို အကောင်းဆုံးဖြစ်လုပ်ဆောင်အောင် အထောက်အကူဖြစ်ပါတယ်။

(၂) အစားအစာ
ဟင်းနုနွယ်၊ စတော်ဘယ်ရီသီး နဲ့ ဗလူးဗယ်ရီသီးတွေက ဦးနှောက်ကို ကျန်းမာသန်စွမ်းစေတာကြောင့် သူတို့ကို ထိပ်တန်းအစားအစာ (super foods) လို့ခေါ်ပါတယ်။ အဲဒီအစားအစာတွေကို များများသာ စားပေးပါ။

(၃) ပူနွေးတဲ့အချိုရည်မျိုးသောက်ပါ
လက်ဖက်ရည်နှင့် ကော်ဖီက ဦးနှောက်ကို နှိုးဆွပေးပြီး မှတ်ဥာဏ်ကို သွတ်သွတ်လက်လက်ဖြစ်အောင် ထိရောက်စွာကူညီပေးပါတယ်။

(၄) အရက်သေစာကို ရှောင်ပါ
ကြိုက်ကြိုက်မကြိုက်ကြိုက် အရက်သေစာကတော့ ဦးနှောက်မှတ်ဥာဏ်အတွက် ကောင်းကျိုးမဖြစ်ပါဘူး။

(၅) ဗီတာမင်ဓာတ်ကို ပြည့်ဝအောင်နေပါ
အထူးသဖြင့် အသီးအရွက်တွေမှာတွေ့ရတဲ့ ဗီတာမင်ဓာတ်က မှတ်ဥာဏ်ကို ပိုမိုကောင်းမွန်အောင် အကူအညီဖြစ်စေပါလိမ့်မယ်။

(၆) သဘာဝတိုင်းရင်းဆေးမှီဝဲပါ
ဆေးဖက်ဝင်တဲ့အပင်တွေက မှတ်ဥာဏ်စွမ်းရည် ကျဆင်းခြင်းကနေ ထိန်းသိမ်းပေးပါတယ်။

(၇) စိတ်ဖိစီးမှုလျော့ချပါ
အနားယူခြင်း၊ တရားထိုင်ခြင်းအားဖြင့် စိတ်ဖိစီးမှုကင်းအောင်ကြိုးစားခြင်းဟာ မှတ်ဥာဏ်စွမ်းရည်ကို ပြန် လည် ရရှိစေတယ်။

(၈) အားကစားများများလုပ်ပါ
စာလုံးစီပဟေဠိ ဆိုဒိုကို စတဲ့ ဦးနှောက်ကို အလုပ်လုပ်စေတဲ့ ကစားနည်းတွေဟာ မှတ်ဥာဏ်ကို ထက်မြတ်စေ ပါတယ်။

(၉) လေ့ကျင့်ခန်းလုပ်ခြင်း
လေ့ကျင့်ခန်းလုပ်ရတဲ့ အကြောင်းအရင်းများစွာထဲ တစ်ခုက ဦးနှောက်ကို ကျန်းမာစေပါတယ်။

(၁၀) ပုံမှန်အိပ်စက်အနားယူပါ
အချိန်မှန်မှန် အိပ်ပေးခြင်းက ခေါင်းကို ကြည်လင်စေတယ်။

Trend Myanmar

No comments:

Post a Comment