Tuesday 12 August 2014

မန္တလေးတွင် ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်သော်လည်း အလင်းဖွင့်ဆိုင်များကို ဖွင့်ခွင့်မပြုသေး

မန္တလေးတွင် ညမထွက် ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို ရုပ်သိမ်းလိုက်သော်လည်း မိုးအလင်း ဖွင့်သည့် ဈေးဆိုင်များအား ညလုံးပေါက်ဖွင့် ခွင့်ပြုမည် မဟုတ်သေးကြောင်း မန္တလေးခရိုင်အထွေထွေ အုပ်ချုပ် ရေးမှူးရုံးမှ သတင်းရရှိသည်။
‘‘ဈေးဆိုင်တွေအားလုံး ည ၁၁ နာရီအထိပဲ ဖွင့်လှစ်ရောင်းချ ခွင့်ပြုမှာ ဖြစ်ပါတယ်။ ညလုံး ပေါက်မိုးအလင်း ဖွင့်ခွင့် မပြုသေး ပါဘူး’’ ဟု မန္တလေးခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူးဦးဝင်းဇော်နိုင်ကပြောသည်။

ဇူလိုင်လ ၂၈ ရက်မှ စတင်ကာ မန္တလေးခရိုင် အတွင်းရှိ အရက်၊ ဘီယာ စားသောက်ဆိုင် များနှင့် ကေတီဗီများကို ည ၉ နာရီအထိသာ နောက်ဆုံးထားဖွင့် လှစ်ရန် မန္တလေးခရိုင်အုပ်ချုပ်ရေး မှူးရုံး က ညွှန်ကြားချက်ထုတ်ပြန် ထားသည်။ ထို့အတူ မန္တလေးတိုင်း ဒေသကြီးအတွင်း ခရိုင်၊ မြို့နယ် များ အလိုက် ဖွင့်လှစ်ထားသော စားသောက်ဆိုင်၊ ဘီယာဆိုင်များ ကိုလည်း နယ်မြေဒေသ၏လုံခြုံ ရေး အခြေအနေပေါ်မူတည်ကာ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပြီး လို အပ်သလို ဆောင်ရွက်ရန် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန် ကြားချက်များထုတ်ပြန်ထားသည်။

မန္တလေးမြို့၏ အခြေအနေ ကြောင့် မိုးအလင်းဖွင့်သည့်ဈေး ဆိုင်များ အချိန်ကန့်သတ်မှုမှာ ရေတို တွင် ပြဿနာ မရှိသော် လည်း အချိန်ကြာလာသည်နှင့်အမျှ လုပ်ငန်းရှင်များနှင့်ဝန်ထမ်း များအတွက် ထိခိုက်မှုများရှိလာ မည်ဟု မန္တလေးမြို့မှ ဈေးဆိုင်ဖွင့် လှစ်ထားသူအချို့ကပြောသည်။

‘‘လောလောဆယ်တစ်ရက်၊ နှစ်ရက်ကတော့ ပြဿနာမရှိဘူး။ နယ်က ဖောက်သည်တွေက လည်း ၁၄၄ ထုတ်ထားတဲ့ အချိန်က လိုပဲ အော်ဒါတွေလှမ်းမှာနေကြ တယ်။ ဒါပေမဲ့ အားလုံးပုံမှန်ပြန် ဖြစ်သွားရင်တော့ မိုးလင်းဆိုင် တွေကိုလည်း ဖွင့်ခွင့်ပေးစေလိုပါ တယ်’’ ဟု မန္တလေးမြို့ကမ်းနား လမ်းကုန်စိမ်းတန်း ညဈေးမှဈေး သည်အမျိုးသားတစ်ဦးက ပြော သည်။

ဇူလိုင်လဆန်းပိုင်းက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဘာ သာရေး၊ လူမျိုးရေးပဋိပက္ခအ သွင်အုပ်စုဖွဲ့ အကြမ်း ဖက် မှုများ ကြောင့် အမျိုးသားနှစ်ဦးသေဆုံး ကာ လူနှစ်ဆယ်ကျော် ထိခိုက် ဒဏ်ရာရခဲ့သည်။

ထို့ကြောင့် ဇူလိုင် ၃ ရက်မှ စတင်ကာ မန္တလေးတွင် ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး သြဂုတ်လ ၁၁ ရက်တွင် မန္တလေးမြို့အခြေအနေ ပြန်လည်တည်ငြိမ်နေပြီဖြစ်၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုကို မန္တလေးခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ပြန်လည်ရုပ်သိမ်းခဲ့သည်။

7Day DAILY

No comments:

Post a Comment