Tuesday 12 August 2014

ရခိုင်တွင် ပုဒ်မ ၁၄၄ ရုပ်သိမ်းမည်ဟုဆိုသော်လည်း ၀န်ကြီးချုပ်သစ်လက်ထက် မြို့နယ်အချို့တွင် အချိန်ထပ်တိုး

ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ပြည်သူများနှင့်တွေ့ ဆုံပြီး ပြန် လည်ရုပ်သိမ်းပေးမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဆိုခဲ့သော်လည်း ရခိုင်မြို့ကြီးတချို့တွင် ပုဒ်မ ၁၄၄ ကို သက်တမ်းတိုးမြှင့်လိုက်သည်။
ရခိုင်ပြည်နယ်စစ်တွေနှင့် ကျောက်ဖြူ၊ မြို့များတွင် သြဂုတ်ဒုတိယပတ်က စတင်၍ ပုဒ်မ ၁၄၄ကို နှစ်လ ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

“ကျောက်ဖြူမြို့ပေါ်မှာတော့ အားလုံး အေးဆေးဖြစ်နေတာကြာပါပြီ။ ညမထွက်ရ အမိန့်က မလိုအပ်တော့ ဘူး”ဟု ကျောက်ဖြူဒေသဖွံ့ဖြိုးရေး ကော်မတီဝင် ဦးထွန်းထွန်းနိုင်က ပြောသည်။

ထို့ပြင် စစ်တွေမြို့တွင်လည်း သြဂုတ် ၁၀ရက်က ညမထွက်ရအမိန့်ကို သက်တမ်းနှစ်လတိုးမြှင့်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကြေညာခဲ့သည်ဟု စစ်တွေ ဒေသခံများက ပြောသည်။

““ဒေသမတည်ငြိမ်သေးတာကြောင့်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ညမထွက်ရအမိန့်ကို အလျှော့အတင်းအနေ နဲ့ပဲ ထားလို့ ရဦးမယ်။ ရပ်ဖို့တော့ မဖြစ်နိုင်သေးဘူး”ဟုရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းသည် ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ဒေသခံများနှ င့် တွေ့ ဆုံပြီး ညမထွက်ရအမိန့်ကို ရုပ်သိမ်းသွားမည်ဟု ဇူလိုင်၃ရက်က ပြောကြားခဲ့သည်။ ကျောက်တော်မြို့တွင်မူ သြဂုတ် ၈ရက်က ညမထွက်ရ အမိန့်ရုပ်သိမ်းခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment