Tuesday 12 August 2014

မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး လိုင်စင်ရကုမ္ပဏီများ အားလုံး ပါဝင်သော ထိပ်သီးဆွေးနွေးပွဲ Myanmar Connect 2014 ကို နေပြည်တော်တွင် စက်တင်ဘာလ၌ ကျင်းပမည်

မြန်မာနိုင်ငံ ၏ မိုဘိုင်းဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီများအားလုံးပါဝင်သော ထိပ် သီးဆွေးနွေးပွဲ Myanmar Connect ကို နေပြည်တော်တွင် စက် တင်ဘာလတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မိုဘိုင်းဆက်သွယ်ရေး လိုင်စင်ရ ကုမ္ပဏီများ၏ အမှုဆောင်အရာ ရှိများကိုယ်တိုင် တက်ရောက် ဆွေးနွေး မည့် ထိပ်သီးဆွေးနွေးပွဲ တစ်ခု ကို စက်တင်ဘာ ၁၆ရက်နှင့် ၁၇ရက် တို့တွင် နေပြည်တော်ရှိ MICC ခန်းမ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲ ဖြစ်မြောက်ရေး ပြောရေးဆိုခွင့်ရှိသူ မလှမြတ်မွန်က ပြောသည်။
''၂ဝ၁၃ခုနှစ်ကလဲ တစ်ကြိမ် ကျင်းပဖြစ်ခဲ့ပါတယ်။ ဒီနှစ်ကတော့ ဒုတိယအကြိမ်မြောက်အဖြစ် ကျင်း ပတာပါ။ ကုမ္ပဏီတွေရဲ့အရေးကြီး အရာရှိတွေ တော်တော်များများ တက်ရောက်ဆွေးနွေးကြမှာပါ''ဟု မလှမြတ်မွန်က ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။

ဆွေးနွေးပွဲတွင် သတင်းအ ချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးမြတ်ဟိန်း တက်ရောက်မည်ဖြစ်ပြီး ဈေးကွက်ဦး ဆောင်ကုမ္ပဏီများ မှ ဟောပြောသူ များက မြန်မာနိုင်ငံ၏ ဆက် သွယ်ရေး နယ်ပယ်နှင့် လူမှုစီးပွားရေးဆိုင်ရာ အလားအလာကို တွန်းအားပေးမောင်း နှင်နေသည့် နည်း ဗျူဟာ၊ အခြေခံအ ဆောက်အအုံနှင့် ဝန်ဆောင်မှုလုပ် ငန်းများအပေါ် ဦးတည်ပြီး ဆက်သွယ်ရေး ဂေဟ စနစ်ရှိ အလွန်အရေး ပါသည့်ဖြစ်ရပ်များ ကို ဆွေးနွေးမှု နှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာ မှု ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

''နိုင်ငံတကာမှာလဲ မိုဘိုင်းဆက် သွယ်ရေးကုမ္ပဏီတွေ တွေ့ဆုံပြီး သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကို ဆွေးနွေးတိုင်ပင်ကြတာတွေ ရှိပါ တယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်း တွေအတွက် အခွင့်အလမ်း ဖန်တီး ပေး တာ မျိုးတွေ ဆွေးနွေးကြရင် ပို ကောင်းမယ်ထင်ပါတယ်'' ဟု အိုင် တီနည်းပညာရှင် တစ်ဦးဖြစ်သည့် ကိုထွန်းထွန်းဦးက ပြောသည်။ 

မြန်မာနိုင်ငံရှိ မိုဘိုင်းဆက်သွယ် ရေးလိုင်စင်ရကုမ္ပဏီများမှာအော်ရီ ဒူး၊ တယ်လီနော၊ မြန်မာ့ဆက် သွယ် ရေးနှင့် ရတနာပုံတယ်လီပို့ တို့ဖြစ် ကြသည်။

Yangon Media Group

No comments:

Post a Comment