Saturday 30 August 2014

Apple က လာမယ့်နှစ် အစောပိုင်းမှာ ၁၂.၉ လက်မ အရွယ်အစား iPad ထုတ်မယ်

Photo: Apple က လာမယ့်နှစ် အစောပိုင်းမှာ ၁၂.၉ လက်မ အရွယ်အစား iPad ထုတ်မယ်
Saturday, August 30, 2014
   
Apple က ၁၂.၉ လက်မ မျက်နှာပြင်အကျယ်ရှိ အရွယ်အစားပိုကြီးတဲ့ iPad ကို ထုတ်လုပ်ဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။ ၎င်း iPad ကို လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Bloomberg သတင်းအရ သိရပါတယ်။ ဒီအရွယ်အစား ပိုမိုကြီးမားတဲ့ iPad ကို ဘယ်ချိန်မှာ တကယ်ထွက်ရှိလာလိမ့်မယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိပေမဲ့ ဒီအရွယ်အစားနဲ့ ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း သတင်းဌာနတွေ တစ်နှစ်ခန့်ပြောဆိုလာခဲ့ပြီးပြီမို့ အခု နောက်ဆုံးမှာတော့ ဒီလို ဖြစ်လာဖို့ အတော်လေး ဖြစ်နိုင်ချေရှိနေပါတယ်။ Apple ရဲ့ လက်ရှိထုတ်လုပ်ထားတဲ့ Air နဲ့ Mini iPad တွေဟာ ၉.၇ နဲ့ ၇.၉ လက်မ မျက်နှာပြင်တွေရှိကြပါတယ်။ ၁၂.၉ လက်မအရွယ်အစားနဲ့ဆိုရင် ဒီပြောဆိုဖော်ပြထားတဲ့ iPad ဟာ MacBook Air ကဲ့သို့သော လက်ပ်တော့ပ်ကွန်ပျူတာတစ်လုံးရဲ့ အရွယ်အစားနဲ့ ပိုမိုနှီးစပ်မှု ရှိလာပါလိမ့်မယ်။

iPad ကို တစ်ထူးတခြား ကြီးမားတဲ့ Tablet တစ်ခု ဖြစ်သွားစေမှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစိတ်ကူး အကြံဥာဏ်ဟာ ရှေ့လမှာ အရွယ်အစားပိုကြီးတဲ့ iPhone နှစ်မျိုးကို ထုတ်လုပ်သွားမယ့်စကားနဲ့အတူ Apple ကနေ စီစဉ်ထားတဲ့ အစီအစဉ်နဲ့တော့ တစ်ထပ်တည်းကျပါတယ်။ အခုအချိန်ထိအောင်တော့ မျက်နှာပြင် ပိုမိုကျယ်ပြန့်တဲ့ Tablet အတွက် ပြင်ဆင်လုပ်ဆောင်ချက် အမြောက်အမြားမရှိသေးတာကြောင့် Apple ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းတုန်းကလို ပြင်ဆင်ချက် ဘာမှမလုပ်ရသေးဘဲ နောက်တစ်ကြိမ် မထုတ်ဖော်ချင်တော့တဲ့ ပုံရှိနေပါတယ်။

Source: theverge
Trend Myanmar
Apple က ၁၂.၉ လက်မ မျက်နှာပြင်အကျယ်ရှိ အရွယ်အစားပိုကြီးတဲ့ iPad ကို ထုတ်လုပ်ဖို့ လုပ်ဆောင် လျက် ရှိနေပါတယ်။ ၎င်း iPad ကို လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Bloomberg သတင်းအရ သိရပါတယ်။
ဒီအရွယ်အစား ပိုမိုကြီးမားတဲ့ iPad ကို ဘယ်ချိန်မှာ တကယ်ထွက်ရှိလာလိမ့်မယ်ဆိုတာတော့ ဖော်ပြ ထားခြင်း မရှိပေမဲ့ ဒီအရွယ်အစားနဲ့ ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း သတင်းဌာနတွေ တစ်နှစ်ခန့်ပြောဆို လာခဲ့ပြီးပြီမို့ အခု နောက်ဆုံးမှာတော့ ဒီလို ဖြစ်လာဖို့ အတော်လေး ဖြစ်နိုင်ချေရှိနေပါတယ်။ Apple ရဲ့ လက်ရှိထုတ်လုပ်ထားတဲ့ Air နဲ့ Mini iPad တွေဟာ ၉.၇ နဲ့ ၇.၉ လက်မ မျက်နှာပြင်တွေရှိကြပါတယ်။ ၁၂.၉ လက်မ အရွယ်အစားနဲ့ဆိုရင် ဒီပြောဆိုဖော်ပြထားတဲ့ iPad ဟာ MacBook Air ကဲ့သို့သော လက်ပ်တော့ပ် ကွန်ပျူတာတစ်လုံးရဲ့ အရွယ်အစားနဲ့ ပိုမိုနှီးစပ်မှု ရှိလာပါလိမ့်မယ်။

iPad ကို တစ်ထူးတခြား ကြီးမားတဲ့ Tablet တစ်ခု ဖြစ်သွားစေမှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစိတ်ကူး အကြံဥာဏ်ဟာ ရှေ့လမှာ အရွယ်အစားပိုကြီးတဲ့ iPhone နှစ်မျိုးကို ထုတ်လုပ်သွားမယ့်စကားနဲ့အတူ Apple ကနေ စီစဉ်ထားတဲ့အစီအစဉ်နဲ့တော့ တစ်ထပ်တည်းကျပါတယ်။ အခုအချိန်ထိအောင်တော့ မျက်နှာပြင် ပိုမိုကျယ်ပြန့်တဲ့ Tablet အတွက် ပြင်ဆင်လုပ်ဆောင်ချက်အမြောက်အမြားမရှိသေး တာကြောင့် Apple ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းတုန်းကလို ပြင်ဆင်ချက် ဘာမှမလုပ်ရသေးဘဲ နောက် တစ်ကြိမ် မထုတ်ဖော်ချင်တော့တဲ့ ပုံရှိနေပါတယ်။

Source: theverge
Trend Myanmar 

No comments:

Post a Comment