Saturday 30 August 2014

မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတ စပ်ရွှေသိုက်နှင့် မဟာဒေဝီတို့၏ အုတ်ဂူနေရာကို အမြင်တင့်တယ်စေရန် ဒေသခံများလိုလားနေ

Photo: မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတ စပ်ရွှေသိုက်နှင့် မဟာဒေဝီတို့၏ အုတ်ဂူနေရာကို အမြင်တင့်တယ်စေရန် ဒေသခံများလိုလားနေ
Saturday, August 30, 2014

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့၊ ကျောက် တိုင်ဝန်းလမ်းအရှေ့ဘက်ရှိ မြန်မာ နိုင်ငံ၏ ပထမဆုံးသမ္မတကြီးဖြစ်သူ စော်ဘွားကြီးစပ်ရွှေသိုက်နှင့် မဟာ ဒေဝီတို့၏ အုတ်ဂူနေရာသည် မြို့၏အဓိကကျသည့်နေရာတွင် ရှိနေပြီး ယခုအခါ အဆိုပါနေရာ၌ မသန့်ရှင်း သည့်ရေဆိုးရေညစ်များ၊ မြက်ပင်နှင့် အပင်ငယ်များပေါက် ရောက်နေသဖြင့် ရှင်းလင်းမှုပြုလုပ်ရန် လိုအပ်နေ ကြောင်း သိရသည်။

''ကျွန်တော်တို့ရဲ့ ပထမဆုံး သမ္မတကြီး စော်ဘွားကြီး စပ်ရွှေသိုက် ဟာ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းများ နဲ့ရှိနေပြီး ဦးဆောင်လမ်းပြပေးခဲ့သူ ဖြစ်ပါတယ်။ ညောင်ရွှေမြို့မှာရှိတဲ့ သူနေထိုင်ခဲ့တဲ့ ဟော်နန်းဟာအခု လက်ရှိယဉ်ကျေးမှုပြတိုက်အနေနဲ့ တည်ရှိနေတာကြောင့် နိုင်ငံခြား သားခရီးသွားဧည့်သည်တွေ နေ့စဉ် လာရောက်လေ့လာကြသလို သူတို့ ရဲ့ အုတ်ဂူကိုလဲ နိုင်ငံခြားသားတွေ လေ့လာကြတဲ့အခါ အခုလိုပြုပြင်မှု မဲ့စွာနဲ့မြင်တွေ့ရင် သူတို့ဘယ်လိုတွေး မလဲဆိုတာမသိဘူး''ဟု ညောင်ရွှေ မြို့မှ ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောသည်။ 

သမိုင်းတစ်ခုအဖြစ် တန်ဖိုး ထားသင့်သော သမ္မတကြီး၏အုတ် ဂူအတွင်းရှိ မြက်နှင့်အပင်ငယ်များ၊ ရေဆိုးရေညစ်များနှင့် လူသွားလမ်း များကို တာဝန်ရှိသူများမှ ပြန်လည် ပြုပြင်ပေးရန် ဒေသခံများကလိုလား နေကြောင်း သိရသည်။

KK
Yangon Media Group 

(ဒီမိုကရေစီတူဒေးသတင်းစာမှ ကူးယူဖော်ပြပါသည်။)
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့၊ ကျောက် တိုင်ဝန်းလမ်းအရှေ့ဘက်ရှိ မြန်မာ နိုင်ငံ၏ ပထမဆုံး သမ္မတကြီးဖြစ်သူ စော်ဘွားကြီးစပ်ရွှေသိုက်နှင့် မဟာ ဒေဝီတို့၏ အုတ်ဂူနေရာသည် မြို့၏အဓိက ကျသည့် နေရာတွင်ရှိနေပြီး ယခုအခါ အဆိုပါနေရာ၌ မသန့်ရှင်း သည့်ရေဆိုးရေညစ်များ၊ မြက်ပင်နှင့် အပင်ငယ်များ ပေါက် ရောက်နေသဖြင့် ရှင်းလင်းမှုပြုလုပ်ရန် လိုအပ်နေ ကြောင်း သိရသည်။

''ကျွန်တော်တို့ရဲ့ ပထမဆုံး သမ္မတကြီး စော်ဘွားကြီး စပ်ရွှေသိုက် ဟာ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းများ နဲ့ရှိနေပြီး ဦးဆောင်လမ်းပြပေးခဲ့သူ ဖြစ်ပါတယ်။ ညောင်ရွှေမြို့မှာရှိတဲ့ သူနေထိုင်ခဲ့တဲ့ ဟော်နန်းဟာအခု လက်ရှိယဉ်ကျေးမှုပြတိုက်အနေနဲ့ တည်ရှိနေတာကြောင့် နိုင်ငံခြား သားခရီးသွားဧည့်သည်တွေ နေ့စဉ် လာရောက်လေ့လာကြသလို သူတို့ ရဲ့ အုတ်ဂူကိုလဲ နိုင်ငံခြားသားတွေ လေ့လာကြတဲ့အခါ အခုလိုပြုပြင်မှု မဲ့စွာနဲ့မြင်တွေ့ရင် သူတို့ဘယ်လိုတွေး မလဲဆိုတာမသိဘူး''ဟု ညောင်ရွှေ မြို့မှ ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောသည်။ 

သမိုင်းတစ်ခုအဖြစ် တန်ဖိုး ထားသင့်သော သမ္မတကြီး၏အုတ် ဂူအတွင်းရှိ မြက်နှင့်အပင်ငယ်များ၊ ရေဆိုးရေညစ်များနှင့် လူသွားလမ်း များကို တာဝန်ရှိသူများမှ ပြန်လည် ပြုပြင်ပေးရန် ဒေသခံများကလိုလား နေကြောင်း သိရသည်။

KK
Yangon Media Group 

(ဒီမိုကရေစီတူဒေးသတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment