Saturday 30 August 2014

ဘန်လေနှင့် ပွဲတွင် ဒီမာရီယာ ပါဝင်လာမည်ဟု ဗန်ဂါးလ် အတည်ပြု

Photo: ဘန်လေနှင့် ပွဲတွင် ဒီမာရီယာ ပါဝင်လာမည်ဟု ဗန်ဂါးလ် အတည်ပြု
Saturday, August 30, 2014

ယနေ့ည ဘန်လေနှင့်ပွဲတွင် ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဝယ်ယူထားသည့် ကစားသမားသစ် အိန်ဂျယ်လ် ဒီမာရီယာ ပွဲထွက်လာမည်ဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အတည်ပြု ပြောကြားခဲ့သည်။
 
အာဂျင်တီးနား လက်ရွေးစင် ဒီမာရီယာသည် ရီးယဲလ်မက်ဒရစ်မှ ယူနိုက်တက်သို့ ပေါင်စတာလင် သန်း(၆၀)ဖြင့် ကူးပြောင်း ရောက်ရှိခဲ့သူ ဖြစ်သည်။ ၎င်းသည် အီတလီ နိုင်ငံသား ပတ်စ်ပို့တ် ကိုင်ဆောင်ထားခြင်းကြောင့် အလုပ်လုပ်ခွင့် ပါမစ် မလိုအပ်ဘဲ အင်္ဂလန်တွင် ကစားနိုင်မည် ဖြစ်သည်။ ၎င်း၏ အာဂျင်တီးနား အသင်းဖော်ဖြစ်သည့် မားကို့စ်ရိုဂျိုမှာမူ တာ့ဖ်မောရ်တွင် ကစားမည့် ပွဲစဉ်သို့ အသင်းနှင့်အတူ လိုက်ပါနိုင်မည် မဟုတ်ကြောင်း ဗန်ဂါးလ်က ပြောကြားခဲ့သည်။ ရိုဂျိုသည် စပို့တင်း လစ္စဘွန်းမှ ပြောင်းရွှေ့လာပြီးနောက် အလုပ်လုပ်ခွင့်ပါမစ် ကိစ္စ မပြီးပြတ်သေးချေ။
 
ဗန်ဂါးလ်က “လေ့ကျင့်ရေးကွင်းမှာ ဒီမာရီယာကို ကျွန်တော် တကယ်ပဲ အထင်ကြီးသွားမိတယ်။ သူ့ရဲ့ ပထမဆုံး လေ့ကျင့်ခန်း ဆင်းတဲ့အချိန်မှာ တစ်သင်းလုံးလည်း အထင်ကြီးသွားတယ်။ ဒုတိယတစ်ကြိမ် လေ့ကျင့်တော့ အရင်လောက် မဟုတ်တော့ဘူး။ သူက အသင်းနဲ့ ကောင်းကောင်း အသားကျနေတယ်။ ကစားသမားတွေကလည်း သူ့ကို မစိမ်းတော့ဘူး။ ယူနိုက်တက် ကစားသမားတွေ အနေနဲ့လည်း သူနဲ့ သင့်တော်အောင် ပံ့ပိုး ကစားပေးဖို့ လိုပါတယ်။ ကျွန်တော်ကတော့ သူဟာ အဆင်သင့် ဖြစ်နေပြီလို့ ယုံကြည်တယ်။ သူ့မှာ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိတယ်။ ရီးယဲလ်မှာလည်း သူပွဲတချို့ ကစားခဲ့တဲ့အတွက် အခုအချိန်မှာ ပွဲထွက်ဖို့ အဆင်သင့်ပါပဲ။ သူကိုယ်တိုင်ကလည်း အရမ်းကစားချင်နေတယ်။ အသင်းကို အကူအညီ ပေးချင်တယ်။ ကျွန်တော် ကိုယ်တိုင်လည်း သူ့ရဲ့ ပွဲဦးထွက်မှာ ဘာတွေလုပ်ပြမလဲ ဆိုတာကို အရမ်းသိချင်နေမိပြီ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
 
ဗန်ဂါးလ်က ရိုဂျိုနှင့် ပတ်သက်ပြီးမူ “ဒါကတော့ အချိန်စောင့်ရမယ့် ကိစ္စပါ။ ကျွန်တော်က ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကလပ်အသင်း တစ်ခုရဲ့ မန်နေဂျာ ဖြစ်ပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ ဥပဒေတွေကို ကျွန်တော် မပြောင်းလဲနိုင်ပါဘူး”ဟု ဗန်ဂါးလ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar
ယနေ့ည ဘန်လေနှင့်ပွဲတွင် ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဝယ်ယူထားသည့် ကစားသမားသစ် အိန်ဂျယ်လ် ဒီမာရီယာ ပွဲထွက်လာမည်ဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အတည်ပြု ပြောကြားခဲ့သည်။

အာဂျင်တီးနား လက်ရွေးစင် ဒီမာရီယာသည် ရီးယဲလ်မက်ဒရစ်မှ ယူနိုက်တက်သို့ ပေါင်စတာလင် သန်း(၆၀)ဖြင့် ကူးပြောင်း ရောက်ရှိခဲ့သူ ဖြစ်သည်။ ၎င်းသည် အီတလီ နိုင်ငံသား ပတ်စ်ပို့တ် ကိုင်ဆောင်ထားခြင်း ကြောင့် အလုပ်လုပ်ခွင့် ပါမစ် မလိုအပ်ဘဲ အင်္ဂလန်တွင် ကစားနိုင်မည် ဖြစ်သည်။ ၎င်း၏ အာဂျင်တီးနား အသင်းဖော်ဖြစ်သည့် မားကို့စ်ရိုဂျိုမှာမူ တာ့ဖ်မောရ်တွင် ကစားမည့် ပွဲစဉ်သို့ အသင်းနှင့်အတူ လိုက်ပါနိုင် မည် မဟုတ်ကြောင်း ဗန်ဂါးလ်က ပြောကြားခဲ့သည်။ ရိုဂျိုသည် စပို့တင်း လစ္စဘွန်းမှ ပြောင်းရွှေ့လာပြီး နောက် အလုပ်လုပ်ခွင့်ပါမစ် ကိစ္စ မပြီးပြတ်သေးချေ။

ဗန်ဂါးလ်က “လေ့ကျင့်ရေးကွင်းမှာ ဒီမာရီယာကို ကျွန်တော် တကယ်ပဲ အထင်ကြီးသွားမိတယ်။ သူ့ရဲ့ ပထမဆုံး လေ့ကျင့်ခန်း ဆင်းတဲ့အချိန်မှာ တစ်သင်းလုံးလည်း အထင်ကြီးသွားတယ်။ ဒုတိယတစ်ကြိမ် လေ့ကျင့်တော့ အရင်လောက် မဟုတ်တော့ဘူး။ သူက အသင်းနဲ့ ကောင်းကောင်း အသားကျနေတယ်။ ကစားသမားတွေကလည်း သူ့ကို မစိမ်းတော့ဘူး။ ယူနိုက်တက် ကစားသမားတွေ အနေနဲ့လည်း သူနဲ့ သင့်တော်အောင် ပံ့ပိုး ကစားပေးဖို့ လိုပါတယ်။ ကျွန်တော်ကတော့ သူဟာ အဆင်သင့် ဖြစ်နေပြီလို့ ယုံကြည်တယ်။ သူ့မှာ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိတယ်။ ရီးယဲလ်မှာလည်း သူပွဲတချို့ ကစားခဲ့တဲ့အတွက် အခုအချိန်မှာ ပွဲထွက်ဖို့ အဆင်သင့်ပါပဲ။ သူကိုယ်တိုင်ကလည်း အရမ်းကစားချင်နေတယ်။ အသင်းကို အကူအညီ ပေးချင်တယ်။ ကျွန်တော် ကိုယ်တိုင်လည်း သူ့ရဲ့ ပွဲဦးထွက်မှာ ဘာတွေလုပ်ပြမလဲ ဆိုတာကို အရမ်းသိချင်နေမိပြီ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ဗန်ဂါးလ်က ရိုဂျိုနှင့် ပတ်သက်ပြီးမူ “ဒါကတော့ အချိန်စောင့်ရမယ့် ကိစ္စပါ။ ကျွန်တော်က ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကလပ်အသင်း တစ်ခုရဲ့ မန်နေဂျာ ဖြစ်ပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ ဥပဒေတွေကို ကျွန်တော် မပြောင်းလဲနိုင်ပါဘူး”ဟု ဗန်ဂါးလ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar 

No comments:

Post a Comment