Saturday 30 August 2014

ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ ဂျေမီနဲ့ ခင်ပွန်းဖြစ်သူ နိုင်းနိုင်းတို့ကို ရေခဲပုံးလောင်း လှုပ်ရှားမှုမှာပါဝင်ဖို့ စိန်ခေါ်ခဲ့တဲ့ စန္ဒီချို

Photo: ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ ဂျေမီနဲ့ ခင်ပွန်းဖြစ်သူ နိုင်းနိုင်းတို့ကို ရေခဲပုံးလောင်း လှုပ်ရှားမှုမှာပါဝင်ဖို့ စိန်ခေါ်ခဲ့တဲ့ စန္ဒီချို
Saturday, August 30, 2014

သူငယ်ချင်းဖြစ်သူရဲ့ စိန်ခေါ်မှုကို လက်ခံအပြီး ရေခဲရေလောင်းသည့် လှုပ်ရှားမှုတွင် ပါဝင်ရန် ခင်ပွန်းဖြစ်သူအပါအဝင်သရုပ်ဆောင်ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ အဆိုတော်ဂျေမီနှင့် မိတ်ဆွေအချို့ကို နိုင်းနိုင်း၏ ဇနီးစန္ဒီချိုက စိန်ခေါ်လိုက်သည်။

 အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကလေးငယ်လေးဦးနှင့်အတူ နေထိုင်နေသော စန္ဒီချိုက အာရုံကြောဝေဒနာခံစားနေရသူများအား ကူညီသည့်အနေဖြင့်ပြုလုပ်သော လှုပ်ရှားမှုဖြစ်သည့် ရေခဲတုံးများထည့်ထားသည့် ရေပုံးကိုခေါင်းပေါ်လောင်းချသည့် လှုပ်ရှားမှုကို သူငယ်ချင်းတစ်ဦး၏စိန်ခေါ်မှုကို လက်ခံသည့်အနေဖြင့် ကိုယ်တိုင်ပါဝင်ခဲ့သလို ALS အဖွဲ့အစည်းသို့ အလှူငွေဒေါ်လာတစ်ရာ လှူဒါန်းခဲ့ကြောင်း ၎င်းက ပြောသည်။

၎င်း၏ ရေခဲရေပုံးလောင်း လှုပ်ရှားမှု ဗီဒီယိုဖိုင်အတိုကို ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်တင်ခဲ့ပြီး ထိုနေရာမှပင်မိတ်ဆွေများကို ပါဝင်ရန်ဖိတ်ခေါ်ခဲ့ကာ ထိုလှုပ်ရှားမှုမှာကောင်းသော လှုပ်ရှားမှုဖြစ်သည်ကို မမေ့ရန်တိုက်တွန်းထားသည်။

ဇနီးဖြစ်သူ၏ စိန်ခေါ်မှုကို ပြင်ဦးလွင်မြို့တွင် ရိုက်ကူးရေးအတွက်ရောက်ရှိနေ သော သရုပ်ဆောင်နိုင်းနိုင်းကလက်ခံခဲ့ကာ ရေခဲရေလောင်းသည့် လှုပ်ရှားမှုကိုပြုလုပ်ခဲ့သည်ဟု စန္ဒီချိုက ပြောသည်။

  ရေခဲရေခေါင်းပေါ်မှ လောင်းချကာ မိမိနှင့် ရင်းနှီးသူများကိုပါ လိုက်ပါပြုလုပ်ရန် စိန်ခေါ်သည့် Ice Bucket Challenges လှုပ်ရှားမှုမှာ အာရုံကြောဝေဒနာခံစားနေရသည့် ဝေဒနာရှင်များကို စာနာတတ်စေရန်နှင့် ရန်ပုံငွေရရှိရန် ပြုလုပ်ကြသည့် ပရဟိတလှုပ်ရှားမှုဖြစ်ပြီး ကမ္ဘာကျော်အနုပညာရှင်များက ယင်းတို့၏ အောင်မြင်ကျော်ကြားမှုကို အသုံးချကာ လူအများကြား ပိုမိုပျံ့နှံ့စေရန်လုပ်ဆောင်ရင်း တဖြည်းဖြည်းရေပန်းစားထင်ရှားလာခဲ့သည်။ 

7Day DAILY 

ဓာတ်ပုံ - စန္ဒီချိုဖေ့စ်ဘွတ်ခ်
ဓာတ်ပုံ - စန္ဒီချိုဖေ့စ်ဘွတ်ခ်
သူငယ်ချင်းဖြစ်သူရဲ့ စိန်ခေါ်မှုကို လက်ခံအပြီး ရေခဲရေလောင်းသည့် လှုပ်ရှားမှုတွင် ပါဝင်ရန် ခင်ပွန်းဖြစ်သူ အပါအဝင်သရုပ်ဆောင်ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ အဆိုတော်ဂျေမီနှင့် မိတ်ဆွေအချို့ကို နိုင်းနိုင်း၏ ဇနီးစန္ဒီချိုက စိန်ခေါ်လိုက်သည်။

 အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကလေးငယ်လေးဦးနှင့်အတူ နေထိုင်နေသော စန္ဒီချိုက အာရုံကြော ဝေဒနာခံစားနေရသူများအား ကူညီသည့်အနေဖြင့်ပြုလုပ်သော လှုပ်ရှားမှုဖြစ်သည့် ရေခဲတုံးများ ထည့်ထား သည့် ရေပုံးကိုခေါင်းပေါ်လောင်းချသည့် လှုပ်ရှားမှုကို သူငယ်ချင်းတစ်ဦး၏စိန်ခေါ်မှုကို လက်ခံသည့် အနေဖြင့် ကိုယ်တိုင်ပါဝင်ခဲ့သလို ALS အဖွဲ့အစည်းသို့ အလှူငွေဒေါ်လာတစ်ရာ လှူဒါန်းခဲ့ကြောင်း ၎င်းက ပြောသည်။

၎င်း၏ ရေခဲရေပုံးလောင်း လှုပ်ရှားမှု ဗီဒီယိုဖိုင်အတိုကို ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်တင်ခဲ့ပြီး ထိုနေရာမှပင်မိတ်ဆွေများကို ပါဝင်ရန်ဖိတ်ခေါ်ခဲ့ကာ ထိုလှုပ်ရှားမှုမှာကောင်းသော လှုပ်ရှားမှုဖြစ်သည်ကို မမေ့ရန်တိုက်တွန်းထားသည်။

ဇနီးဖြစ်သူ၏ စိန်ခေါ်မှုကို ပြင်ဦးလွင်မြို့တွင် ရိုက်ကူးရေးအတွက်ရောက်ရှိနေ သော သရုပ်ဆောင်နိုင်းနိုင်းက လက်ခံခဲ့ကာ ရေခဲရေလောင်းသည့် လှုပ်ရှားမှုကိုပြုလုပ်ခဲ့သည်ဟု စန္ဒီချိုက ပြောသည်။

  ရေခဲရေခေါင်းပေါ်မှ လောင်းချကာ မိမိနှင့် ရင်းနှီးသူများကိုပါ လိုက်ပါပြုလုပ်ရန် စိန်ခေါ်သည့် Ice Bucket Challenges လှုပ်ရှားမှုမှာ အာရုံကြောဝေဒနာခံစားနေရသည့် ဝေဒနာရှင်များကို စာနာတတ်စေရန်နှင့် ရန်ပုံငွေရရှိရန်ပြုလုပ်ကြသည့် ပရဟိတလှုပ်ရှားမှုဖြစ်ပြီး ကမ္ဘာကျော်အနုပညာရှင်များက ယင်းတို့၏ အောင်မြင်ကျော်ကြားမှုကိုအသုံးချကာ လူအများကြား ပိုမိုပျံ့နှံ့စေရန်လုပ်ဆောင်ရင်း တဖြည်းဖြည်းရေပန်း စား ထင်ရှားလာခဲ့သည်။ 

7Day DAILY 

No comments:

Post a Comment