Saturday 30 August 2014

အစိုးရကိုယ်တိုင်ခန့်မှန်းအသုံးပြုခဲ့သော လူဦးရေနှင့် ကိုးသန်းခန့်ကွာဟနေ

Photo: အစိုးရကိုယ်တိုင်ခန့်မှန်းအသုံးပြုခဲ့သော လူဦးရေနှင့် ကိုးသန်းခန့်ကွာဟနေ
Saturday, August 30, 2014

ပြည်လုံးကျွတ် သန်း ခေါင်စာရင်းကောက်ယူမှု၏ ကနဦးရရှိထားသော ရှေ့ပြေးလူဦးရေ စာရင်းအရ နိုင်ငံ၏ လူဦးရေမှာ သန်းပေါင်း ၅၁ သန်းကျော်ဖြစ် ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က သြဂုတ် ၂၉ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယခုနှစ်ပိုင်းအတွင်း အစိုးရ ကိုယ်တိုင် မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆၀ ကျော်ရှိသည်ဟု ခန့်မှန်း ပြောဆိုနေရာမှ ရှေ့ပြေးလူဦးရေ စာရင်းမှာ ၅၁ သန်းကျော်သာရှိ နေသောကြောင့် ၉ သန်းခန့်ကွာ ဟနေသည်ကို တွေ့ရသည်။

ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူမှု၏ ရှေ့ပြေး လူဦးရေစာရင်းအဖြစ် မြန်မာနိုင်ငံနယ် နိမိတ်အတွင်း ၂၀၁၄ ခုနှစ်၊ မတ် လ ၂၉ ရက် ညဥ့်သန်းခေါင်ယံအချိန်တွင်ရှိသော (ပြည်ပရောက်မြန်မာသံရုံးများမှ ၀န်ထမ်းများ အပါအ၀င်) မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁,၄၁၉,၄၂၀ ရှိသည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်က သြဂုတ် ၂၉ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

၁၉၈၃ ခုနှစ်တွင် ကောက် ယူခဲ့သော သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေမှာ ၃၅ သန်းကျော် (၃၅,၄၄၂,၉၇၂) ဖြစ်သော ကြောင့် လွန်ခဲ့သည့် နှစ် ၃၀ ကထက်မြန်မာနိုင်ငံ၏ လူဦးရေမှာ၁၆ သန်းခန့် ပိုများလာခြင်းဖြစ် သည်။

ပင်မသန်းခေါင်စာရင်းဆိုင် ရာအချက်အလက်များ မထုတ် ပြန်မီ ရှေ့ပြေးသန်းခေါင်စာရင်း ထုတ်ပြန်ရခြင်းမှာ နိုင်ငံတော်၏ စီမံကိန်းများနှင့် မူဝါဒများချမှတ် ရာတွင် လည်းကောင်း၊ ဌာနဆိုင်ရာလိုအပ်ချက်များကိုလည်း ကောင်း အထိုက်အလျောက်အ ထောက်အကူပြုစေရန် ရည်ရွယ် ၍ နိုင်ငံတကာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ထုတ်ပြန်ရခြင်းဖြစ် ကြောင်း နိုင်ငံပိုင် မီဒီယာများ တွင် ဖော်ပြထားသည်။

ရှေ့ပြေးလူဦးရေစာရင်း၏ အသေးစိတ်အချက်အလက်များ နှင့် ပတ်သက်၍ သြဂုတ် ၃၀ ရက်တွင် ရန်ကုန်မြို့၌ သက်ဆိုင်ရာက ထပ်မံရှင်းလင်းသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သန်းခေါင် စာရင်းကောက်ယူမှုမှာ ရခိုင်နှင့် ကချင်ပြည်နယ်ရှိ နေရာအချို့ တွင် မကောက်နိုင်ခဲ့သည်မှအပ နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ် ကြောင်း ကုလသမဂ္ဂသတင်းအ ချက်အလက်စင်တာကပြောထား သည်။ သို့သော်သန်းခေါင်စာရင်း ကောက်ယူမှုတွင် ခရီးသွားနေသူ အချို့နှင့် ပြည်သူအချို့မှာ စာရင်း ကောက်ယူသူက လာမမေး၍ မပါဝင်ခဲ့ကြောင်းပြောကြားမှုများ လည်းရှိသည်။

‘‘ကျွန်မတို့အဆောင်မှာ လူ ၁၀၀ ကျော်ရှိတယ်။ သန်းခေါင် စာရင်း လာမကောက်ဘူး’’ ဟု ကမာရွတ်မြို့နယ်ရှိ အမျိုးသမီး အဆောင်တွင်နေထိုင်သူတစ်ဦး ကပြောသည်။

သာမန်အားဖြင့် နိုင်ငံ၏ လူ ဦးရေနည်းမည်ဆိုပါက GDP တက်လာပြီး တစ်ဦးချင်း ၀င်ငွေ များလာနိုင်သည့်သဘောရှိသော် လည်း ၂၀၁၄ ခုနှစ် လူဦးရေစာ ရင်းကောက်ယူ မှုတွင် ရခိုင်၊ ကချင် ပြည်နယ်ရှိဒေသ အချို့တွင် ကောက်ယူနိုင်မှု မရှိသေးသော ကြောင့် စောင့်ကြည့် ရဦးမည်ဖြစ် ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာမောင်မောင်စိုးကပြော သည်။

‘‘ကောက်လို့ မရသေးတဲ့ ဒေသတွေ ရှိနေသေးတာကြောင့် တစ်ဦးချင်း ၀င်ငွေ မြင့်လာနိုင် မယ်လို့ ၁၀၀ ရာခိုင်နှုန်းမပြောနိုင် သေးပါ ဘူး’’ဟု ဒေါက်တာမောင် မောင်စိုး က ပြောသည်။

7Day DAILY

ကဆုန်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သော ဘုရားဖူး များကို တွေ့ရစဉ်။ ရန်ကုန်မြို့မှာ လူဦးရေအများဆုံးမြို့အဖြစ် ရပ်တည်နေဆဲဖြစ် သည်။ (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
ကဆုန်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သော ဘုရားဖူး များကို တွေ့ရစဉ်။ ရန်ကုန်မြို့မှာ လူဦးရေအများဆုံးမြို့အဖြစ် ရပ်တည်နေဆဲဖြစ် သည်။ (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
ပြည်လုံးကျွတ် သန်း ခေါင်စာရင်းကောက်ယူမှု၏ ကနဦးရရှိထားသော ရှေ့ပြေးလူဦးရေ စာရင်းအရ နိုင်ငံ၏ လူဦးရေမှာ သန်းပေါင်း ၅၁ သန်းကျော်ဖြစ် ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က သြဂုတ် ၂၉ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယခုနှစ်ပိုင်းအတွင်း အစိုးရ ကိုယ်တိုင် မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆၀ ကျော်ရှိသည်ဟု ခန့်မှန်း ပြောဆိုနေ ရာမှ ရှေ့ပြေးလူဦးရေ စာရင်းမှာ ၅၁ သန်းကျော်သာရှိ နေသောကြောင့် ၉ သန်းခန့်ကွာ ဟနေသည်ကို တွေ့ရသည်။

ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူမှု၏ ရှေ့ပြေး လူဦးရေစာရင်းအဖြစ် မြန်မာနိုင်ငံနယ် နိမိတ် အတွင်း ၂၀၁၄ ခုနှစ်၊ မတ် လ ၂၉ ရက် ညဥ့်သန်းခေါင်ယံအချိန်တွင်ရှိသော (ပြည်ပရောက်မြန်မာ သံရုံး များမှ ၀န်ထမ်းများ အပါအ၀င်) မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁,၄၁၉,၄၂၀ ရှိသည်ဟု ဗဟိုသန်းခေါင် စာရင်းကော်မရှင်က သြဂုတ် ၂၉ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

၁၉၈၃ ခုနှစ်တွင် ကောက် ယူခဲ့သော သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေမှာ ၃၅ သန်းကျော် (၃၅,၄၄၂,၉၇၂) ဖြစ်သော ကြောင့် လွန်ခဲ့သည့် နှစ် ၃၀ ကထက်မြန်မာနိုင်ငံ၏ လူဦးရေမှာ၁၆ သန်းခန့် ပိုများ လာခြင်းဖြစ် သည်။

ပင်မသန်းခေါင်စာရင်းဆိုင် ရာအချက်အလက်များ မထုတ် ပြန်မီ ရှေ့ပြေးသန်းခေါင်စာရင်း ထုတ်ပြန်ရခြင်း မှာ နိုင်ငံတော်၏ စီမံကိန်းများနှင့် မူဝါဒများချမှတ် ရာတွင် လည်းကောင်း၊ ဌာနဆိုင်ရာလိုအပ်ချက် များကို လည်း ကောင်း အထိုက်အလျောက်အ ထောက်အကူပြုစေရန် ရည်ရွယ် ၍ နိုင်ငံတကာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ထုတ်ပြန်ရခြင်းဖြစ် ကြောင်း နိုင်ငံပိုင် မီဒီယာများ တွင် ဖော်ပြထားသည်။

ရှေ့ပြေးလူဦးရေစာရင်း၏ အသေးစိတ်အချက်အလက်များ နှင့် ပတ်သက်၍ သြဂုတ် ၃၀ ရက်တွင် ရန်ကုန်မြို့၌ သက်ဆိုင်ရာက ထပ်မံရှင်းလင်းသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သန်းခေါင် စာရင်းကောက်ယူမှုမှာ ရခိုင်နှင့် ကချင်ပြည်နယ်ရှိ နေရာအချို့ တွင် မကောက်နိုင်ခဲ့သည်မှအပ နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ် ကြောင်း ကုလသမဂ္ဂသတင်းအ ချက်အလက်စင်တာကပြောထား သည်။ သို့သော်သန်းခေါင်စာရင်း ကောက်ယူမှုတွင် ခရီးသွားနေသူ အချို့နှင့် ပြည်သူအချို့မှာ စာရင်း ကောက်ယူသူက လာမမေး၍ မပါဝင်ခဲ့ကြောင်းပြောကြားမှုများ လည်းရှိသည်။

‘‘ကျွန်မတို့အဆောင်မှာ လူ ၁၀၀ ကျော်ရှိတယ်။ သန်းခေါင် စာရင်း လာမကောက်ဘူး’’ ဟု ကမာရွတ်မြို့နယ် ရှိ အမျိုးသမီး အဆောင်တွင်နေထိုင်သူတစ်ဦး ကပြောသည်။

သာမန်အားဖြင့် နိုင်ငံ၏ လူ ဦးရေနည်းမည်ဆိုပါက GDP တက်လာပြီး တစ်ဦးချင်း ၀င်ငွေ များလာနိုင်သည့် သဘောရှိသော် လည်း ၂၀၁၄ ခုနှစ် လူဦးရေစာ ရင်းကောက်ယူ မှုတွင် ရခိုင်၊ ကချင် ပြည်နယ်ရှိဒေသ အချို့တွင် ကောက်ယူနိုင်မှု မရှိသေးသော ကြောင့် စောင့်ကြည့် ရဦးမည်ဖြစ် ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာမောင်မောင်စိုးကပြော သည်။

‘‘ကောက်လို့ မရသေးတဲ့ ဒေသတွေ ရှိနေသေးတာကြောင့် တစ်ဦးချင်း ၀င်ငွေ မြင့်လာနိုင် မယ်လို့ ၁၀၀ ရာခိုင်နှုန်းမပြောနိုင် သေးပါ ဘူး’’ဟု ဒေါက်တာမောင် မောင်စိုး က ပြောသည်။

7Day DAILY

No comments:

Post a Comment