Saturday 30 August 2014

Wealth-X မှ ထုတ်ပြန်သော ဥရောပတွင် အချမ်းသာဆုံးဘောလုံးသမား ၁၀ဦး

လန်ဒန်− ၂၀၁၄-၁၅ ခုနှစ် ဥရောပဘောလုံးရာသီ စတင်ချိန်မှာပင် Wealth-X ကုမ္ပဏီက ဥရောပ ဘောလုံး လိဂ်များမှ အချမ်းသာဆုံးကစားသမား ၁၀ ဦးကို ထုတ်ပြန်ခဲ့ရာ ရီးရဲလ်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုက ခန့်မှန်းခြေ ကန်ဒေါ်လာ သန်း ၂၃၀ ကြွယ်ဝမှု ဖြင့် ဦးဆောင်နေသည်။

ထိပ်သီး ၁၀ ဦး၏ ချမ်းသာ ကြွယ်ဝမှု စုစုပေါင်းမှာ ကန်ဒေါ် လာ တစ်ဘီလီယံကျော်ရှိပြီး အ များအားဖြင့် စပိန်၊ ပြင်သစ်နှင့် အင်္ဂလန် ကလပ်များမှ ဘောလုံး သမားများက လွှမ်းမိုးထားသည်။

၂၀၀၉ ခုနှစ်က မန်ယူမှ ရီး ရဲလ်သို့ ပြောင်းရွှေ့ချိန်က ကန် ဒေါ်လာ ၁၃၂ သန်း ကုန်ကျခဲ့ သော ရော်နယ်ဒို ၂၉)နှစ်မှာ ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားလည်းဖြစ်ပြီး ၎င်း၏ ချမ်းသာကြွယ်ဝမှုမှာ ထိပ်သီး ၁၀ ဦး၏ လေးပုံတစ် ပုံနီးပါး ရှိသည်။

(၁) ရော်နယ်ဒိုရီးရဲလ်သန်း ၂၃၀ (ကန်ဒေါ်လာ)
(၂) မက်ဆီဘာကာသန်း ၁၈၀
(၃) အီဘရာဟီမိုဗစ်ပီအက်စ်ဂျီသန်း ၁၀၀
(၄) ရွန်းနေမန်ယူ၉၅ သန်း
(၅) ဒရော့ဘာချယ်လ်ဆီးသန်း ၉၀
(၆) အီတူးအဲဗာတန်၇၅ သန်း
(၇) ယာယာတိုရေးမန်စီးတီးသန်း ၇၀
(၈) ဖရန့်လမ်းပတ်မန်စီးတီးသန်း ၆၀
(၉) ဂျရတ်လီဗာပူး၅၅ သန်း
(၁၀) တောရက်စ်ချယ်လ်ဆီးသန်း ၅၀

Ref: CNA
7Day DAILY 

No comments:

Post a Comment