Saturday 30 August 2014

ကလေးမြို့သစ် စီမံကိန်း မြေဧက ၁၅၉၀ သုံးမည်ဟုဆို

Photo: ကလေးမြို့သစ် စီမံကိန်း မြေဧက ၁၅၉၀ သုံးမည်ဟုဆို
Saturday, August 30, 2014

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကွက်သစ် စီမံကိန်းအတွက် ဧက ၁၅၉၀ အသုံးပြုမည် ဖြစ်ပြီး ယင်းစီမံကိန်းအတွင်း စီးပွားရေး၊ သာသနာရေး၊ အုပ်ချုပ်ရေးနှင့် အိမ်ရာစီမံကိန်းများ ပါဝင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောကြားသည်။

“တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့ နေရာတွေ ရွေးချယ်တဲ့အခါ ကလေးမြို့ရဲ့ တောင်ဘက်၊ ကလေး-ဂန့်ဂေါလမ်း နေရာကို ရွေးချယ်ခဲ့တယ်။ အဲဒီမှာက လယ်မြေတွေ များတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိကလေးမြို့တွင် လူဦးရေ သုံးသိန်းခန့်ရှိပြီး နောင်အနှစ် ၂၀ တွင် ပျမ်းမျှလူဦးရေ ၁ ဒသမ ၅ သန်းခန့် ရှိလာမည်ဖြစ်ရာ အိမ်ရာလိုအပ်ချက် တစ်သိန်းခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိ ကလေးမြို့၏ မြို့ပြဖွံ့ဖြိုးမှု ပုံစံအရ နောင်တစ်ချိန်တွင် ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် မြို့ရှောင်လမ်း၏ တောင်ဘက်ကြား နေရာကို တိုးချဲ့မည့် မြို့ပြနေရာအဖြစ် သတ်မှတ်ထားကြောင်း၊ ယင်းနေရာမှာ မြို့လှရပ်ကွက်နှင့် အောင်သစ္စာရပ်ကွက် နှစ်ခုကြားတွင် ဖြစ်ကြောင်း ဦးခင်မောင်သန်းက ရှင်းပြသည်။

အထက်ချင်းတွင်း ဒေသရှိ မြို့များတွင် ကလေးမြို့သည် ဖွံ့ဖြိုးမှု အားအကောင်းဆုံး ခရိုင်မြို့ဖြစ်ပြီး မကြာမီနှစ်များတွင် အခြားသော မြို့ကြီးများနည်းတူ ခေတ်မီ တိုးတက်လာမည် ဖြစ်ကြောင်း ကလေးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောကြားသည်။

လက်ရှိ လျာထားသော နေရာမှာ မြို့ကွက်သစ်အတွက် နေရာ ကောင်းမွန်သော်လည်း လယ်ယာမြေများ ပါနေသဖြင့် ဒေသခံ တောင်သူများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရန်လိုကြောင်း မြို့မိမြို့ဖ တစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကလေး၊ တမူး၊ ရွှေဘို၊ မုံရွာ စသော မြို့များတွင် မြို့သစ်စီမံကိန်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။

The Voice Weekly
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကွက်သစ် စီမံကိန်းအတွက် ဧက ၁၅၉၀ အသုံးပြုမည် ဖြစ်ပြီး ယင်းစီမံကိန်းအတွင်း စီးပွားရေး၊ သာသ နာရေး၊ အုပ်ချုပ်ရေးနှင့် အိမ်ရာစီမံကိန်းများ ပါဝင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း က ပြောကြား သည်။
“တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့ နေရာတွေ ရွေးချယ်တဲ့အခါ ကလေးမြို့ရဲ့ တောင်ဘက်၊ ကလေး-ဂန့်ဂေါလမ်း နေရာ ကို ရွေးချယ်ခဲ့ တယ်။ အဲဒီမှာက လယ်မြေတွေ များတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိကလေးမြို့တွင် လူဦးရေ သုံးသိန်းခန့်ရှိပြီး နောင်အနှစ် ၂၀ တွင် ပျမ်းမျှလူဦးရေ ၁ ဒသမ ၅ သန်းခန့် ရှိလာမည်ဖြစ်ရာ အိမ်ရာလိုအပ်ချက် တစ်သိန်းခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိ ကလေးမြို့၏ မြို့ပြဖွံ့ဖြိုးမှု ပုံစံအရ နောင်တစ်ချိန်တွင် ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် မြို့ရှောင် လမ်း၏ တောင်ဘက်ကြား နေရာကို တိုးချဲ့မည့် မြို့ပြနေရာအဖြစ် သတ်မှတ်ထားကြောင်း၊ ယင်းနေရာမှာ မြို့လှရပ်ကွက်နှင့် အောင်သစ္စာ ရပ်ကွက် နှစ်ခုကြားတွင် ဖြစ်ကြောင်း ဦးခင်မောင်သန်းက ရှင်းပြသည်။

အထက်ချင်းတွင်း ဒေသရှိ မြို့များတွင် ကလေးမြို့သည် ဖွံ့ဖြိုးမှု အားအကောင်းဆုံး ခရိုင်မြို့ဖြစ်ပြီး မကြာမီနှစ်များတွင် အခြားသော မြို့ကြီးများ နည်းတူ ခေတ်မီတိုးတက်လာမည် ဖြစ်ကြောင်း ကလေးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်း က ပြောကြားသည်။

လက်ရှိ လျာထားသော နေရာမှာ မြို့ကွက်သစ်အတွက် နေရာ ကောင်းမွန်သော်လည်း လယ်ယာမြေများ ပါနေသဖြင့် ဒေသခံ တောင်သူများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရန်လိုကြောင်း မြို့မိမြို့ဖ တစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကလေး၊ တမူး၊ ရွှေဘို၊ မုံရွာ စသော မြို့များတွင် မြို့သစ်စီမံကိန်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တိုင်းဒေ သကြီး အစိုးရထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment