Thursday 24 July 2014

ဂါဇာကမ်းမြှောင်ပဋိပက္ခ စုံစမ်းစစ်ဆေးရန် ကုလမဲခွဲဆုံးဖြတ်

Photo: ဂါဇာကမ်းမြှောင်ပဋိပက္ခ စုံစမ်းစစ်ဆေးရန် ကုလမဲခွဲဆုံးဖြတ်
Thursday, July 24, 2014

ပါလက်စတိုင်းနယ်မြေ ဂါဇာဒေသမှာ အစ္စရေးရဲ့ ကျူးလွန်မှုတွေကို လွတ်လပ်တဲ့ ကော်မရှင်နဲ့ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

လူ့အခွင့်အရေးအကြီးအကဲ နဗီ ပီလ်လေး (Navi Pillay) က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ စစ်ရာဇ၀တ်မှုတွေအဖြစ် စွပ်စွဲ ပြောဆိုခဲ့အပြီး မကြာခင်မှာပဲ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ မဲခွဲ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပါလက်စတိုင်းရဲ့ တောင်းဆိုမှုကို အဖွဲ့ဝင် ၄၇ နိုင်ငံက မဲခွဲ ဆုံးဖြတ်ခဲ့ကြတာမှာ ၂၉ နိုင်ငံက ထောက်ခံပြီး ၁၇ နိုင်ငံက ကြားနေခဲ့ပါတယ်။

ကြားနေ ၁၇ နိုင်ငံထဲမှာ အီးယူနိုင်ငံအများစု ပါဝင်ပြီး အမေရိကန်နိုင်ငံတနိုင်ငံပဲ ကန့်ကွက်မဲ ပေးခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးကတော့ ပါလက်စတိုင်းအရပ်သား ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အစ္စရေးစစ်တပ်က အတတ်နိုင်ဆုံး ကြိုးစားနေတာကြောင့် လူအခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အဓိပ္ပာယ်မရှိဘူးလို့ ပြောဆိုပါတယ်။

၁၆ ရက်ကြာ တိုက်ခိုက်ပြီးချိန်မှာတော့ အရပ်သားအများစုဖြစ်တဲ့ ပါလက်စတိုင်း ၇၁၅ ဦး၊ အစ္စရေးအရပ်သားနဲ့ စစ်သား ၃၄ ဦး သေဆုံးခဲ့ပါတယ်။

နှစ်ဖက်အပစ်အခတ်ရပ်စဲရေး နိုင်ငံတကာက  ကြိုးစားနေကြပေမယ့် ဂါဇာပိတ်ဆို့မှုကို မဖွင့်ပေးမချင်း အပစ်အခတ်ရပ်ရေး မစဉ်းစားဘူးလို့ ဟားမတ်လ်အဖွဲ့ခေါင်းဆောင်က ကာတာနိုင်ငံမှာ ပြောဆိုပါတယ်။

အစ္စရေးကလည်း ဂါဇာဖွင့်ခွင့်ပေးရေးနဲ့ အပစ်ရပ်စဲရေးတောင်းဆိုမှုကို လက်မခံဘူးလို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဟန်မွန်း (Philip Hammond) ကတော့ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်း ရေရှည်အပစ်ရပ်ရေးကို အကျိုးမပြုသလို လက်ရှိ အပစ်ရပ်ရေးကြိုးစားမှုတွေကို ရှုပ်ထွေးမှုတွေ ဖြစ်စေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂါဇာမှာရှိတဲ့ ကုလသမဂ္ဂကျောင်းအတွင်း ၀ှက်ထားတဲ့ ဒုံးကျည် ၂၀ ကို ရှာဖွေတွေ့ရှိခဲ့မှုနဲ့ ပျောက်ဆုံးသွားမှုကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ဇူလိုင် ၂၃ ရက်နေ့က ဒေါသတကြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

စာသင်ကျောင်းတွေကို စစ်ဖက်ပစ်မှတ်တွေဖြစ်အောင် ပြုလုပ်တာဟာ အပြစ်မဲ့ကလေးတွေအတွက် အကြီးအကျယ်အန္တရာယ် ဖြစ်စေတယ်လို့လည်း ပြောဆိုပါတယ်။

အစ္စရေးနိုင်ငံရဲ့ အဓိကလေဆိပ်ဖြစ်တဲ့ ဘန်ဂူရီယမ်လေဆိပ်အနားမှာ ဟားမတ်ဒုံးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အမေရိကန်နိုင်ငံက အစ္စရေးလေယာဉ်ခရီးစဉ်တွေကိုလည်း ဇူလိုင် ၂၃ ရက်နေ့က ခေတ္တ ပိတ်သိမ်းခဲ့ရပါသေးတယ်။

ဒီဗွီဘီ
ပါလက်စတိုင်းနယ်မြေ ဂါဇာဒေသမှာ အစ္စရေးရဲ့ ကျူးလွန်မှုတွေကို လွတ်လပ်တဲ့ ကော်မရှင်နဲ့ စုံစမ်း စစ်ဆေး ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။
လူ့အခွင့်အရေးအကြီးအကဲ နဗီ ပီလ်လေး (Navi Pillay) က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ စစ်ရာဇ၀တ်မှုတွေအဖြစ် စွပ်စွဲ ပြောဆိုခဲ့အပြီး မကြာခင်မှာပဲ လူ့အခွင့် အရေးကောင် စီ အဖွဲ့ဝင်နိုင်ငံတွေ မဲခွဲ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပါလက်စတိုင်းရဲ့ တောင်းဆိုမှုကို အဖွဲ့ဝင် ၄၇ နိုင်ငံက မဲခွဲ ဆုံးဖြတ်ခဲ့ကြတာမှာ ၂၉ နိုင်ငံက ထောက်ခံပြီး ၁၇ နိုင်ငံက ကြားနေခဲ့ပါတယ်။

ကြားနေ ၁၇ နိုင်ငံထဲမှာ အီးယူနိုင်ငံအများစု ပါဝင်ပြီး အမေရိကန်နိုင်ငံတနိုင်ငံပဲ ကန့်ကွက်မဲ ပေးခဲ့ တာ ဖြစ် ပါတယ်။

အစ္စရေးကတော့ ပါလက်စတိုင်းအရပ်သား ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အစ္စရေးစစ်တပ်က အတတ်နိုင် ဆုံး ကြိုးစားနေတာကြောင့် လူအခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အဓိပ္ပာယ်မရှိဘူး လို့ ပြောဆိုပါ တယ်။

၁၆ ရက်ကြာ တိုက်ခိုက်ပြီးချိန်မှာတော့ အရပ်သားအများစုဖြစ်တဲ့ ပါလက်စတိုင်း ၇၁၅ ဦး၊ အစ္စရေး အရပ်သား နဲ့ စစ်သား ၃၄ ဦး သေဆုံးခဲ့ပါတယ်။

နှစ်ဖက်အပစ်အခတ်ရပ်စဲရေး နိုင်ငံတကာက  ကြိုးစားနေကြပေမယ့် ဂါဇာပိတ်ဆို့မှုကို မဖွင့်ပေးမချင်း အပစ်အခတ်ရပ်ရေး မစဉ်းစားဘူးလို့ ဟားမတ်လ်အဖွဲ့ခေါင်းဆောင်က ကာတာနိုင်ငံမှာ ပြောဆိုပါတယ်။

အစ္စရေးကလည်း ဂါဇာဖွင့်ခွင့်ပေးရေးနဲ့ အပစ်ရပ်စဲရေးတောင်းဆိုမှုကို လက်မခံဘူးလို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဟန်မွန်း (Philip Hammond) ကတော့ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ် ချက်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်း ရေရှည်အပစ်ရပ်ရေးကို အကျိုးမပြုသလို လက်ရှိ အပစ် ရပ်ရေးကြိုးစားမှုတွေကို ရှုပ်ထွေးမှုတွေ ဖြစ်စေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂါဇာမှာရှိတဲ့ ကုလသမဂ္ဂကျောင်းအတွင်း ၀ှက်ထားတဲ့ ဒုံးကျည် ၂၀ ကို ရှာဖွေတွေ့ရှိခဲ့ မှုနဲ့ ပျောက်ဆုံး သွားမှုကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ဇူလိုင် ၂၃ ရက်နေ့က ဒေါသ တကြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

စာသင်ကျောင်းတွေကို စစ်ဖက်ပစ်မှတ်တွေဖြစ်အောင် ပြုလုပ်တာဟာ အပြစ်မဲ့ကလေးတွေအတွက် အကြီး အကျယ် အန္တရာယ် ဖြစ်စေတယ်လို့လည်း ပြောဆိုပါတယ်။

အစ္စရေးနိုင်ငံရဲ့ အဓိကလေဆိပ်ဖြစ်တဲ့ ဘန်ဂူရီယမ်လေဆိပ်အနားမှာ ဟားမတ်ဒုံးကျည် ကျရောက် ပေါက် ကွဲ ခဲ့ တာကြောင့် အမေရိကန်နိုင်ငံက အစ္စရေးလေယာဉ်ခရီးစဉ်တွေကိုလည်း ဇူလိုင် ၂၃ ရက်နေ့ က ခေတ္တ ပိတ်သိမ်းခဲ့ရပါသေးတယ်။

ဒီဗွီဘီ

No comments:

Post a Comment