Thursday 24 July 2014

ခါကာဘိုရာဇီ ရေခဲတောင်ပေါ် မြန်မာအလံသစ်ကို လွှင့်မယ့်သူများ

ဂျပန်လူမျိုး အိုဆာကီနဲ့ မြန်မာလမ်းပြ နမားဂျွန်ဆင်တို့ ၁၉၉၆ ခုနှစ်က ရောက်ခဲ့တဲ့ ကချင်ပြည်နယ် မြောက်ဖျားက ခါကာဘိုရာဇီတောင်ထိပ်ကို တက္ကသိုလ်ခြေလျင်နဲ့ တောင်တက်အသင်း သြဂုတ်လထဲ အရောက်တက်ပါတော့မယ်။ ဘာ့ကြောင့် ခါကာဘိုကို တက်ကြမှာလဲ။

သဘာဝကပေးတဲ့ အန္တရာယ်နဲ့ အခက်အခဲ အတားအဆီးတွေကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီး ရလာတဲ့ အောင်မြင်မှုကို သဘောလည်းကျသလို ဝါသနာလည်းပါတဲ့ ကိုဇော်ဇင်ခိုင်က မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး ရေခဲတောင် ခါကာဘိုကိုတက်နိုင်ဖို့ဆိုတာ တောင်တက်သမားတိုင်းရဲ့ အိပ်မက်ပါလို့ ဆိုပါတယ်။ အရင်က ဂျပန်လူမျိုး တောင်တက်သမားတစ်ယောက် တက်ခဲ့တုန်းက မြန်မာအလံဟောင်းကို လွှင့်ထူခဲ့ပြီး အခုတော့ အလံသစ်ကို လွှင့်ချင်တယ်လို့ သူက ပြောပါတယ်။

လာမယ့် ဇူလိုင် ၂၆ရက်မှာ ရှေ့ပြေးအဖွဲ့ဝင် ၃ယောက် ပူတာအိုကို ကြိုတင်ထွက်ခွာပြီး ၂၉ရက်နေ့မှာ နောက်ချန် အဖွဲ့ဝင် ၆ယောက် ပူတာအိုမှာ ပူးပေါင်းပြီး ခါကာဘိုရာဇီ ရေခဲတောင်ကို တက်ကြမှာဖြစ်ပြီး အဖွဲ့ဝင်ထဲက ၂ယောက်လောက် တောင်ထိပ်ကို သြဂုတ်ကုန်မှာ ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အခြားအားကစားမှာတော့ ပြိုင်ဘက်က သက်ရှိလူသားဖြစ်ပေမယ့် တောင်တက်ရာမှာတော့ ရေမြေတောတောင် ရာသီဥတုဆိုတဲ့ သဘာဝအဆီးအတားတွေကို ကြံ့ကြံ့ခံပြီး တောင်တက်သမားအချင်းချင်း ကူညီရိုင်းပင်းရတဲ့ အားကစားဖြစ်တယ်လို့ ဦးမျိုးသန့် ရှင်းပြပါတယ်။

၂ဝ၁၁ ကုန်ကစပြီး ခါကာဘိုရာဇီခရီးစဉ်အတွက် ပြင်ဆင်ခဲ့ပြီး ပြီးခဲ့တဲ့ လပိုင်းမှာလည်း တရုတ်နိုင်ငံ ရှန်ဂရီလာက အမြင်ပေ ၁၇ဝ၇ဝမြင့်တဲ့ ဟာဗားရေခဲတောင်ကိုလည်း အစမ်းသဘောတဲ့ တက်ရောက်လေ့ကျင့်ခဲ့ပါတယ်။ ခါကာဘို တောင်တက်ခရီးအတွက် KBZ Bank နဲ့ Premier Coffee တို့က ကူညီထောက်ပံ့ခဲ့ပါတယ်။

Kamayut Media 
http://www.youtube.com/watch?v=L4mcuTn0VYg

No comments:

Post a Comment