Thursday 24 July 2014

ဘားအံတွင် တည်ဆောက်မည့် ဘိလပ်မြေစက်ရုံကြောင့် ဒေသခံပြည်သူများ စိုးရိမ်နေ

ရန်ကုန်၊ ကရင်ပြည်နယ် ဘားအံမြို့ နယ် မိကရင်ကျေးရွာအနီး ဘိလပ် မြေစက်ရုံ ဆောက်လုပ်မည် ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်မ ကင်းဖြစ်နေကြောင်း ယင်းတို့က ပြော သည်။
အဆိုပါဘိလပ်မြေစက်ရုံကို တည်ဆောက်ပါက ယင်းဒေသနေ ပြည်သူများ လုပ်ကိုင်စားသောက်နေ ရ သည့် လုပ် ငန်း များ ပပျောက်သွား မည့်အပြင် ရွာသားများ စားဝတ်နေ ရေး ခက်ခဲသည့်အခြေအနေများနှင့် ကြုံတွေ့ရနိုင်ကြောင်း ယင်းတို့က ဆို သည်။

မိကရင်ကျေးရွာမှ ဦးစောကျော် လှက ''ဒီပေါ်မှာမှီခိုပြီး လုပ်ကိုင်စား သောက်နေရတာ။ နွေဆိုရင် စပါးစိုက် တယ်။ မိုးဆိုရင် ငါးရှာ ဖားရှာ ရှာစား နေရတာ။ ကျွန်တော်တို့တစ်ရွာတည်း က လူတွေတင် မဟုတ် ဘူး ကော့ဖြိုင် တို့ မရင်းကုန်းတို့က ရွာသူရွာသားတွေ လဲ လုပ်ကိုင်ရှာဖွေ စားသောက်ရတာ'' ဟု ပြော သည်။ 

အဆိုပါ မိကရင်တောင်ခြေတွင်ရှိသည့် အင်းအား အမှီပြုစားသောက်ရခြင်းဖြစ်သည့် အတွက် ယခုကဲ့သို့ ရွာသားများကစိုးရိမ်မကင်း ဖြစ်နေကြကြောင်း ယင်းကဆိုသည်။ 

ယင်းကျေးရွာတွင် ဘိလပ်မြေစက်ရုံဆောက် လုပ်မည်ဆိုပါက ကျေးရွာနေပြည်သူများအနေ ဖြင့် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သည့် ဗဟုသုတများရှိစေရန်အတွက်လည်း ပတ်ဝန်း ကျင်ဆိုင်ရာေ ဆွးနွေး ပွဲ များပြုလုပ်၍ အသိပညာ ပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

ဘိလပ်မြေစက်ရုံ ဆောက်လုပ်ခြင်းများ နှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုမှုများ ပြည်သူ များသိစေရန် ဟောပြောပွဲများပြုလုပ်ရန် လို အပ်သည်ဟု သတ္တုတွင်းပညာရှင်ဦးစောမိုးမြင့် က ပြောသည်။
ယင်းက ''ဒီလို ဘိလပ်မြေစက်ရုံတွေလုပ် တဲ့အခါမှာ မှတ်တမ်းမှတ်ရာတွေက အလွန် အရေးကြီးတယ်။ ဒါမှ ဒါလုပ်တဲ့အချိန်ကနေ ပြီး အခုအချိန်အထိ လူဘယ်လောက် အဆုတ် ရောဂါဖြစ်တယ်။ ဥာဏ်ရည်မမီတဲ့ကလေး ဘယ် လောက်မွေးဖွားလဲ စသည်ဖြင့် ဒါတွေက လို အပ်တယ်''ဟု ပြောသည်။
ဘိလပ်မြေစက်ရုံ ဆောက်လုပ်မည့်သူများ က ကျေးရွာသားများအား ဘိလပ်မြေထုတ် လုပ်မည့် တောင်များအား မိုင်းဖောက်သည့် အခါတွင် အသံမထွက်ဘူး၊ ဖုန်မထွက်ဘူးဟု ရွာသားများအား ပြောဆိုကြောင်း ဇွန်၂၂ရက် ဘားအံမြို့ မရင်းကုန်းကျေးရွာတွင် ပြုလုပ်သည့် ဘိလပ်မြေစက်ရုံ ဆောက်လုပ်ခြင်းကြောင့် ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများအကြောင်း ဟောပြောပွဲတွင် ရွာသားတစ်စုက ယင်းကဲ့သို့ ပြောဆိုခဲ့သည်။ သတ္တုတွင်းပညာရှင် ဦးစောမိုး မြင့်က ''ဒီလိုမျိုးသိတဲ့အချိန်မှာ ဆုံးရှုံးသွားပြီ''ဟု မှတ်ချက်ပေးသည်။ 

ကရင်ပြည်နယ်တွင် ဘိလပ်မြေထုတ်လုပ် နိုင်သည့် ထုံးကျောက်တောင်များ ပေါများသ ဖြင့် ဘိလပ်မြေ စက်ရုံ များအတွက် ဘိလပ်မြေ ထုတ်လုပ်ရန် ကောင်းမွန်သည့်နေရာတစ်ခုဖြစ် ကြောင်း သတ္တုတွင်းပညာရှင်များက ဆိုသည်။

Yangon Media Group

No comments:

Post a Comment