Thursday 24 July 2014

ကမ္ဘာပတ်နေသည့် လူငယ်ပိုင်းလော့ လေယာဉ်ပျက်ကျမှုကြောင့် အသက်ဆုံးရှုံး

ကမ္ဘာတစ်ပတ် လေယာဉ်မောင်းနှင်နိုင်သည့် အသက်အငယ်ဆုံး ပိုင်းလော့အဖြစ် မှတ်တမ်းဝင်ရန် ကြိုးစား နေသည့် ပါကစ္စတန်-အမေရိကန် ဆယ်ကျော်သက် လေယာဉ်မှူး ဟားရစ်ဆူလေမန်သည် ပြီးခဲ့သည့် အင်္ဂါနေ့ ညက တောင်ပစိဖိတ်ဒေသရှိ အမေရိကန် ဆာမိုအာကမ်းရိုးတန်းတွင် ဖြစ်ပွားခဲ့သည့် လေယာဉ် ပျက်ကျမှုတွင် အသက်ဆုံးရှုံးသွားခဲ့ကြောင်း ဆာမိုအာကျွန်း၏ ကမ်းရိုးတန်း လုံခြုံရေး အရာရှိများနှင့် ဟားရစ်၏ မိသားစုများက ပြောသည်။


ဟားရစ် ၁၇ နှစ်၏ ရုပ်အလောင်းကို အမေရိကန် ဆာမိုအာ ရေတပ် လှည့်ကင်းများက ရှာဖွေတွေ့ရှိ ခဲ့ကြသော် လည်း ၎င်းနှင့်အတူ လေယာဉ်ပျက်ကျမှုအတွင်း ပါဝင်သွားခဲ့သည့် ဖခင်ဖြစ်သူ ဘာဘာဆူလေမန် မှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ဆူလေမန် သားအဖသည် ယင်းတို့၏ ခရီးစဉ် ပြီးဆုံးရန် နီးစပ်နေချိန်တွင်မှ ယခုကဲ့သို့ အဖြစ်ဆိုး ကြုံခဲ့ရ ခြင်းဖြစ် သည်။ လေယာဉ် ပျက်ကျခဲ့ချိန်တွင် ဆူလေမန်တို့၏ အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်သည် ဟာဝိုင်အီကျွန်းသို့ ဦးတည် ပျံသန်းနေချိန်ဖြစ်ပြီး သောကြာနေ့တွင် အမေရိကန် ကာလီဖိုးနီးယားသို့ အရောက်မျှော်မှန်းထားကာ ယင်းနောက်တွင် အိန္ဒိယသို့ အိမ်အပြန်ခရီး စတင်တော့မည် ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment