Thursday 24 July 2014

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ရပ် ပြဋ္ဌာန်းပြီးနောက် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံသူတို့ အကြား အယူအဆလွဲမှားမှုများဖြစ်ပေါ်လျက်ရှိဟုဆို

မြန်မာ နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အ တွက် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကို ဥပဒေများအရ စိစစ်ခွင့်ပြုပေးလျက် ရှိရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ် နှံမှုဥပဒေနှစ်ရပ်ပြဋ္ဌာန်းထားပြီးနောက် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအ မြင်တွင် နိုင်ငံသားများနှင့် ခွဲခြားဆက် ဆံမှုရှိသည်ဟု ယူဆသကဲ့သို့ နိုင်ငံ သားများကလည်း နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများကို ပိုမိုအခွင့်အရေးပေး ထားသည်ဟု အယူအဆလွဲမှားခြင်း များဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်က ပြောကြားသည်။

ဇူလိုင် ၂၃ရက်က ကျင်းပသည့် ပထမအကြိမ်ပြည်ထောင်စုလွှတ် တော် ဒသမပုံမှန်အစည်းအဝေး ဒသမ မြောက်နေ့ တွင် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဥပဒေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခြင်းဖြစ် သည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၁၉၉၄ခုနှစ် မတ် ၃၁ရက်က စတင် ပြဋ္ဌာန်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈/၂ဝ၁၃ ဖြင့် ၂ဝ၁၃ခုနှစ် ဇန်နဝါရီ ၂၉ရက်က အသစ်ပြင်ဆင် ပဋ္ဌာန်းခဲ့သလို နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၃ဝရက်က စ တင်ပြဋ္ဌာန်း ခဲ့ပြီး ပြည်ထောင်စု ဥပဒအမှတ် ၂၁/၂ဝ၁၂ ဖြင့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂ရက်က အသစ်ပြင် ဆင်ပြဋ္ဌာန်းခဲ့ကြောင်း နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဥပဒေကို စတင်ရေးဆွဲပြ ဋ္ဌာန်းစဉ်က ဥပဒေနှစ်ရပ်ကို တစ်ခု တည်းပြဋ္ဌာန်းရန် စဉ်းစားခဲ့သော်လည်း အချိန်ကာလတစ်ရပ်အထိ စောင့်ဆိုင်း ပြီးမှ ဥပဒေနှစ်ရပ်ပေါင်းစည်းရေး ကိုဆောင်ရွက်ရန် အကြံပြုချက်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတစ် ခုတည်းကို စတင်ပြင်ဆင်ခဲ့ခြင်းဖြစ် ကြာင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဦးဇေယျာအောင် က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်း နှီးမြှုပ်နှံမှု ဥပဒေနှစ်ရပ် ပေါင်းစည်း ဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး အ ပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေး ရှင်းက (IFC) မှ ဥပဒေနှစ်ရပ်ထားရှိ သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မှာ နှစ်နိုင်ငံချုပ်ဆိုထားသည့် ရင်းနှီး မြှုပ်နှံမှုသဘောတူ စာချုပ်များအရ ရင်းနှီးမြှုပ်နှံသူများအပေါ် အကာအ ကွယ်ပေးရာတွင် နိုင်ငံခြားသားများ သာ ပိုမိုအခွင့်အရေးရရှိနေကြောင်း နိုင်ငံပိုင်သိမ်းယူခြင်းနှင့် အခြားသိမ်း ယူခြင်းများပေါ်ပေါက်လာသည့် အခါ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘော တူစာချုပ်အရ နိုင်ငံခြားသားများက လျော်ကြေးရရှိနိုင်သည့် အခွင့်အရေး ပိုမိုရရှိကြောင်းနှင့် အငြင်းပွားမှုဖြေ ရှင်းခြင်းဆိုင်ရာ နည်းလမ်းများတွင် နိုင်ငံခြားသားများက ပိုမိုကျယ်ပြန့်စွာ ရရှိနေကြောင်း၊ သို့ဖြစ်၍ ဥပဒေနှစ် ရပ်ကို ပေါင်းစည်းခြင်းဖြင့် အခွင့်အ လမ်းများ တူညီစွာရရှိနိုင်ကြောင်း၊ ထိုသို့ပေါင်းစည်းရာတွင် လိုအပ်သည့် ဥပဒေဆိုင်ရာ အကူအညီများ ပေး နိုင်ကြောင်း သုံးသပ်တင်ပြချက်ကိုတင် ပြထားပါကြောင်း ဦးဇေယျာအောင် က ဆွေးနွေးသည်။

မြန်မာနိုင်ငံအနေနှင့် အာဆီယံ ကတိကဝတ်များကိုလည်း လိုက်နာ ကျင့်သုံးရမည်ဖြစ်ရာ ၂ဝ၁၂ခုနှစ် မတ် ၂၉ရက်မှာ သက်ဝင်ခဲ့သော အာ ဆီယံဘက်စုံသဘောတူစာချုပ်အရ နိုင်ငံသားနှင့် နိုင်ငံခြားသားခွဲခြား ဆက်ဆံမှုမပြုခြင်း၊ မျှတ၍ တူညီသော ကူညီမှုပေးခြင်း စသည့် အဆိုပါသ ဘောတူစာချုပ်ပါ ကတိကဝတ်များ ကို လိုက်နာ ကျင့်သုံးရမည့် တာဝန်ရှိလာကြောင်း၊ သို့ဖြစ်၍ တခြားအာ ဆီယံနိုင်ငံများနည်းတူ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ထားရှိရန်လိုအပ်လာမှာဖြစ် ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက် မူဘောင်အဖြစ် ထုတ် ပြန်ထားသော နိုင်ငံတော်၏ စီးပွား ရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု မူဘောင်အရ ရင်းနှီးမြှုပ်နှံမှုနှစ်ရပ် ကို သဘောတူဆောင်ရွက်မည်ဟု ထည့်သွင်း ရေးဆွဲထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ သို့ဖြစ်၍ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ရပ် သဘောတူဆောင်ရွက် ခြင်းနှင့် အဆိုပါမူဘောင်နဲ့ ကိုက်ညီ သွားမှာဖြစ်သည့်အပြင် အာဆီယံအ သိုင်းအဝိုင်း၏ ရည်မှန်းချက်များ အာ ဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှုသဘော တူညီချက် လမ်းညွှန်ချက်များနဲ့အ ညီ ညီညွတ်စေမှာဖြစ်ကြောင်း နိုင်ငံ တကာ အဖွဲ့အစည်းများ ၏ အကြံပြုချက်များကို နိုင်ငံတော်အစိုးရက ထုတ် ပြန်ထားသည့် မူဝါဒများနှင့် ရင်းနှီမြှုပ် နှံမှုမြှင့်တင်ရာ တွင် တွေ့ကြုံခဲ့ရသည့် အခြေအနေများ အပေါ် အခြေခံကာ ရင်းနှီးမြှုပ်နှံမှု ဥပဒေပေါင်းစည်းရေး အတွက် ဆက်လက်ဆောင်ရွက်ရန် ၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီ ၅ရက်ကကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး အမှတ်စဉ် ၅/၂ဝ၁၄တွင် တင်ပြရာ မှာ ရင်းနှီးမြှုပ်နှံမှုနှစ်ရပ်ပေါင်းစည်း ရေးအစီအစဉ်ကို မူအားဖြင့် သဘော တူညီရန်နှင့် ဥပဒေနှစ်ရပ်ပေါင်းစည်း ရေး ပြဋ္ဌာန်းနိုင်ရေးလုပ်ငန်းစဉ်များ စတင်ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ရပ်ပေါင်း စည်းရေးအတွက် ရင်းနှီးမြှုပ်နှံမှုဥပဒေ ကြမ်းကိုလွှတ်တော် အဆင့်ဆင့်တင် ပြနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံသားများရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၏ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ နှစ်ရပ်ပေါင်းစည်းရေးကော်မရှင်၏ တင်ပြချက်ကို ပြည်ထောင်စုလွှတ် တော်ကမှတ်တမ်းတင်ခဲ့သည်။

MO
Yangon Media Group  

No comments:

Post a Comment