Thursday 24 July 2014

ဂျက်လေယာဉ် ၂ စီး ပစ်ချမှု ရုရှားဖြစ်နိုင်ကြောင်း ယူကရိန်း ပြော

Photo: ဂျက်လေယာဉ် ၂ စီး ပစ်ချမှု ရုရှားဖြစ်နိုင်ကြောင်း ယူကရိန်း ပြော
Thursday, July 24, 2014 

ဇူလိုင်လ ၂၃ ရက်နေ့က ယူကရိန်းဂျက်လေယာဉ် ၂ စီးကို ပစ်ချခဲ့တဲ့ ဒုံးကျည်တွေဟာ ကနဦးစုံစမ်းစစ်ဆေးမှုအရ ရုရှားကနေ လှမ်းပစ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူကရိန်း လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီက ပြောပါတယ်။

မြို့တော်ကိယက်ဗ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ယူကရိန်းလုံခြုံရေးပြောခွင့်ရ အန်ဒရေ လစ်စန်ကိုက စစ်ဆေးမှုအရ ပထမထင်ထားသလို ယူကရိန်းအရှေ့ပိုင်းက သူပုန်တွေ သိမ်းထားတဲ့ မြေပေါ်က မဟုတ်ဘဲ ရုရှားမြေပေါ်ကနေ ပစ်တာဖြစ်ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုတွေက ပြနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဂျက်လေယာဉ်တွေ ပစ်ချခံရတဲ့နေရာဟာ အရင်အပတ်က ခရီးသည် ၂၉၈ ယောက်လုံး သေဆုံးခဲ့ရတဲ့ မလေးရှားလေယာဉ်ပျက်ကျတဲ့ နေရာနဲ့ မဝေးဘူးလို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ပစ်ချခံ လေယာဉ်ပေါ်က အမှုထမ်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တော့ ချက်ချင်း မရသေးပါဘူး။

ဂျက်လေယာဉ်တွေဟာ ရုရှား လိုလားတဲ့ ခွဲထွက်ရေးသမားတွေ ပိုင်တဲ့ လေယာဉ်ပစ် သေနတ်တွေ မပစ်နိုင်လောက်တဲ့ အင်မတန်မြင့်တဲ့ နေရာမှာ ပျံသန်းနေခဲ့တာလို့လည်း လစ်ဆန်ကိုက ပြောပါတယ်။

အမြင့်မီတာ ၅၂၀၀ မှာ ပျံသန်းနေတုန်း ပစ်ချခံရတာမို့ ဒါဟာအင်မတန် အားကောင်းတဲ့ လေယာဉ်ပစ် ဒုံးကျည်စနစ်မှသာ ပစ်နိုင်တဲ့ အမြင့်ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်အပတ်က မလေးရှားလေယာဉ်ဟာ ပျက်မကျခင်က အမြင့်မီတာ တသောင်းအထက်မှာ ပျံသန်းနေခဲ့တာဖြစ်ပြီး သူပုန်တွေ တပ်စွဲထားတဲ့ ပိုင်နက်ကနေ SA11 ဘက်ခ် ဒုံးကျည်နဲ့ ပစ်ချသူမှာ တာဝန်ရှိတယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

နောက်ပိုင်း သက်သေတွေအရ အဲဒီဒုံးကျည်စနစ်ကို နယ်စပ်ကို ဖြတ်ပြီး ရုရှားဘက်ကို သယ်သွားတယ်လို့ ယူကရိန်းက ပြောပါတယ်။

ဒန်ညက်စ်မြို့က သူပုန်တွေရဲ့ အဓိကဌာန ၂ ခု အနားနဲ့ လူဟန့်မြို့နားမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။ ယူကရိန်းအစိုးရတပ်တွေကတော့ မြို့တွေနားက မြို့စွန်တွေနဲ့ ရွာတွေကို ထိန်းချုပ်ခဲ့ပြီးပါပြီ။

ဒီဗွီဘီ
ဇူလိုင်လ ၂၃ ရက်နေ့က ယူကရိန်းဂျက်လေယာဉ် ၂ စီးကို ပစ်ချခဲ့တဲ့ ဒုံးကျည်တွေဟာ ကနဦးစုံစမ်း စစ်ဆေးမှုအရ ရုရှားကနေ လှမ်းပစ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူကရိန်း လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ က ပြောပါတယ်။

မြို့တော်ကိယက်ဗ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ယူကရိန်းလုံခြုံရေးပြောခွင့်ရ အန်ဒရေ လစ်စန်ကိုက စစ်ဆေးမှုအရ ပထမထင်ထားသလို ယူကရိန်းအရှေ့ပိုင်းက သူပုန်တွေ သိမ်းထားတဲ့ မြေပေါ်က မဟုတ်ဘဲ ရုရှားမြေပေါ်ကနေ ပစ်တာဖြစ်ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုတွေက ပြနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

ဂျက်လေယာဉ်တွေ ပစ်ချခံရတဲ့နေရာဟာ အရင်အပတ်က ခရီးသည် ၂၉၈ ယောက်လုံး သေဆုံးခဲ့ရတဲ့ မလေးရှား လေယာဉ်ပျက်ကျတဲ့ နေရာနဲ့ မဝေးဘူးလို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ပစ်ချခံ လေယာဉ် ပေါ် က အမှုထမ်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တော့ ချက်ချင်း မရသေးပါဘူး။

ဂျက်လေယာဉ်တွေဟာ ရုရှား လိုလားတဲ့ ခွဲထွက်ရေးသမားတွေ ပိုင်တဲ့ လေယာဉ်ပစ် သေနတ်တွေ မပစ်နိုင်လောက်တဲ့ အင်မတန်မြင့်တဲ့ နေရာမှာ ပျံသန်းနေခဲ့တာလို့လည်း လစ်ဆန်ကိုက ပြောပါတယ်။

အမြင့်မီတာ ၅၂၀၀ မှာ ပျံသန်းနေတုန်း ပစ်ချခံရတာမို့ ဒါဟာအင်မတန် အားကောင်းတဲ့ လေယာဉ်ပစ် ဒုံးကျည်စနစ်မှသာ ပစ်နိုင်တဲ့ အမြင့်ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်အပတ်က မလေးရှားလေယာဉ်ဟာ ပျက်မကျခင်က အမြင့်မီတာ တသောင်းအထက်မှာ ပျံသန်းနေခဲ့ တာဖြစ်ပြီး သူပုန်တွေ တပ်စွဲထားတဲ့ ပိုင်နက်ကနေ SA11 ဘက်ခ် ဒုံးကျည်နဲ့ ပစ်ချသူမှာ တာဝန်ရှိတယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

နောက်ပိုင်း သက်သေတွေအရ အဲဒီဒုံးကျည်စနစ်ကို နယ်စပ်ကို ဖြတ်ပြီး ရုရှားဘက်ကို သယ်သွားတယ်လို့ ယူကရိန်းက ပြောပါတယ်။

ဒန်ညက်စ်မြို့က သူပုန်တွေရဲ့ အဓိကဌာန ၂ ခု အနားနဲ့ လူဟန့်မြို့နားမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။ ယူကရိန်းအစိုးရတပ်တွေကတော့ မြို့တွေနားက မြို့စွန်တွေနဲ့ ရွာတွေကို ထိန်းချုပ်ခဲ့ပြီးပါပြီ။

ဒီဗွီဘီ

No comments:

Post a Comment