Thursday 24 July 2014

လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းကို အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ရန် ကုမ္ပဏီ ၁၂ ခုသာ တင်ဒါလျှောက်

 မြန်မာနိုင်ငံရှိ အပြည် ပြည်ဆိုင်ရာ လေဆိပ်များတွင် အစိုးရနှင့် ပူးတွဲ၍ လေယာဉ်ဆီ တင်သွင်းရောင်း ချခြင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီ တည်ထောင်ရန် ကုမ္ပဏီ ၁၂ ခုသာ လုပ်ကိုင်ခွင့် တင်ဒါလျှောက် ထားကြေ ကြာင်း စွမ်းအင်ဝန်ကြီးဌာနမှသတင်းရရှိ သည်။
လေယာဉ်ဆီဖြန့်ဖြူးရောင်း ချခြင်းနှင့်ပတ်သက်ပြီး အစိုးရနှင့် ဖက်စပ်ကုမ္ပဏီ သီးသန့်တည် ထောင် လုပ် ကိုင် လိုသည့် နိုင်ငံ တကာ ကုမ္ပဏီ ၂၃ ခု လျှောက် ထားခဲ့ပြီး လျှောက်ထားသည့် ကုမ္ပဏီများမှ ၁၃ ခုကို သာ အစိုးရကပဏာမရွေးချယ်ခဲ့သည်။

အစိုးရရွေးချယ်ခဲ့သည့်ကုမ္ပ ဏီများတွင် စင်ကာပူ၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ မလေးရှားနိုင်ငံ အခြေစိုက်ကုမ္ပဏီ များ ပါဝင်ပြီး ထိုအထဲမှ ကုမ္ပဏီ ၁၂ ခုခန့်ကသာ တင်ဒါလျှောက်ထားကြသည်။

‘‘တင်ဒါတင်ပြီဆိုကတည်း က သိန်းနှစ်ဆယ်အရင်တင်ရ တယ်ဆိုတော့ အဲဒီကုမ္ပဏီက သူ့အတွက်မကိုက် လို့ လာမလျှောက်တော့တာထင်မယ်။ အခု ၁၂ ခုထဲကတစ်ခုကိုရွေးချယ်သွားမှာပါ’’ဟု စွမ်းအင်ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နောက်ဆုံးအဆင့်ယှဉ်ပြိုင် ရမည့်ကုမ္ပဏီစာရင်းတွင် စင်ကာ ပူကုမ္ပဏီ အများဆုံးပါဝင်ပြီး အမေရိကန်နိုင်ငံ မှ Shell ကုမ္ပဏီ၊ ဂျာမနီမှ Skytankin Holding Gmb ကုမ္ပဏီတို့ ပါဝင်သည်။ မလေးရှားနှင့်ထိုင်း ကုမ္ပဏီများ လည်း နောက်ဆုံးယှဉ်ပြိုင်ရမည့် အဆင့်တွင်ပါဝင်ပြီး နောက်ဆုံး အဆင့်ယှဉ်ပြိုင်ခွင့်ရသူများ သည် သြဂုတ် ၁ ရက်နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လေ ဆိပ်များတွင် လေယာဉ်ဆီတင် သွင်းရောင်းချခြင်း လုပ်ငန်းကို စွမ်းအင်ဝန်ကြီး ဌာန တစ်ခုတည်း က ဦးဆောင်လုပ်နေရာမှ ပြည်ပ လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ ဖက်စပ်ကုမ္ပဏီတစ်ခု တည် ထောင်ရန်အတွက် စွမ်းအင်ဝန် ကြီးဌာနက မေလ ၁၆ ရက်တွင် နိုင်ငံတကာ  တင်ဒါ ခေါ်ယူခဲ့သည်။

ဝန်ကြီးဌာနက လေယာဉ်ဆီ တစ်ဂါလန် ၃ ဒသမ ၂၅ ဒေါ်လာ ဖြင့်ရောင်းချနေသည်။ အဆိုပါ ဈေးနှုန်း သည် နိုင်ငံတကာဈေးနှုန်းထက်မြင့်မားနေပြီး ထိုသို့မြင့်မား နေခြင်းမှာ သယ်ယူစရိတ်၊ သို လှောင် စရိတ်၊ လျော့နည်းဆုံးရှုံး စရိတ်နှင့် အခွန်ဆောင်မှုများဖြစ် ကြောင်း စွမ်းအင်ဝန်ကြီးဌာနက အဆိုပါ တာဝန် ရှိသူ တစ်ဦးက ထပ်မံရှင်းပြသည်။

7Day DAILY

No comments:

Post a Comment