Thursday 24 July 2014

ထိုင်ဝမ်တွင် TrnasAsia လေယာဉ် ပျက်ကျမှုကြောင့် လူ(၄၈)ဦးသေဆုံး

Photo: ထိုင်ဝမ်တွင် TrnasAsia လေယာဉ် ပျက်ကျမှုကြောင့် လူ(၄၈)ဦးသေဆုံး
Thursday, July 24, 2014

ထိုင်ဝမ်ပိုင် TransAsia လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ပျက်ကျမှုတွင် သေဆုံးသူ အရေအတွက် (၄၈)ဦးထိ ရှိလာပြီဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

လေယာဉ်သည် ခရီးသည် (၅၄)ဦးနှင့် အမှုထမ်း (၄)ဦးကို တင်ဆောင်လာပြီး လေဆိပ်သို့ ဆင်းသက်ရန် ကြိုးစားစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ GE222 ခရီးစဉ်အဖြစ် ပျံသန်းခဲ့သည့် လေယာဉ် ပျက်ကျမှုတွင် အစောပိုင်းက လူ(၄၆)ဦး သေဆုံးကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း ဇူလိုင်(၂၃)ရက် ညပိုင်းက ပျက်ကျမှုတွင် လူ(၄၈)ဦး သေဆုံးပြီး (၁၀)ဦး အသက်ရှင်ကြောင်း နောက်တစ်နေ့ နံနက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ATR 72-500 အမျိုးအစား လေယာဉ်သည် ထိုင်ဝမ် အနောက်တောင်ပိုင်း ကိုဆီအန်းမြို့မှ ပန်ဂူးကျွန်းတန်းဘက် ပျံသန်းလာပြီး ဆင်းသက်ရန် ကြိုးစားစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် မာဂွန်အနီးတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပျက်ကျ၍ သေဆုံးသူများ စာရင်းတွင် ပြင်သစ် ဆေးကျောင်းသားနှစ်ဦး ပါဝင်ခဲ့ကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုထားသည်။

တိုင်ဖွန်းမုန်တိုင်း Matmo တိုက်ခတ်နေမှုကြောင့် ထိုင်ဝမ်တွင် ရာသီဥတု ဆိုးရွားနေရာ လေယာဉ်သည် ပထမအကြိမ် ဆင်းသက်ရန် ကြိုးစားမှု အဆင်မပြေခဲ့ချေ။ မိုးသည်းထန်လွန်းသည့် အခြေအနေတွင် လေယာဉ်မှူးသည် ဒုတိယအကြိမ် ဆင်းသက်ရန် အားထုတ်ခဲ့ရာ၌ လေယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်သည်။ မာဂွန်လေဆိပ် အနီးရှိ နေအိမ်နှစ်လုံး အနီးတွင် လေယာဉ် ပျက်ကျခဲ့ရာ မြေပြင်ပေါ်တွင် ရှိနေသူ (၅)ဦးလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

TransAsia လေကြောင်းလိုင်းသည် ဖြစ်ရပ်အတွင်း သေဆုံးခဲ့သူများ၏ မိသားစုများကို ဒေါ်လာ (၃၃၀၀၀)စီ နစ်နာကြေး ပေးအပ်ပြီး ဒဏ်ရာရခဲ့သူများကို ဒေါ်လာ(၆၆၀၀)စီ နစ်နာကြေး ပေးအပ်သွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

Ref: Channelnewsasia
7Day DAILY
ထိုင်ဝမ်ပိုင် TransAsia လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ပျက်ကျမှုတွင် သေဆုံးသူ အရေအတွက် (၄၈)ဦးထိ ရှိလာပြီဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

လေယာဉ်သည် ခရီးသည် (၅၄)ဦးနှင့် အမှုထမ်း (၄)ဦးကို တင်ဆောင်လာပြီး လေဆိပ်သို့ ဆင်းသက်ရန် ကြိုးစားစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ GE222 ခရီးစဉ်အဖြစ် ပျံသန်းခဲ့သည့် လေယာဉ် ပျက်ကျမှုတွင် အစောပိုင်းက လူ(၄၆)ဦး သေဆုံးကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း ဇူလိုင်(၂၃)ရက် ညပိုင်းက ပျက်ကျမှုတွင် လူ(၄၈)ဦး သေဆုံးပြီး (၁၀)ဦး အသက်ရှင်ကြောင်း နောက်တစ်နေ့ နံနက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ATR 72-500 အမျိုးအစား လေယာဉ်သည် ထိုင်ဝမ် အနောက်တောင်ပိုင်း ကိုဆီအန်းမြို့မှ ပန်ဂူးကျွန်းတန်း ဘက် ပျံသန်းလာပြီး ဆင်းသက်ရန် ကြိုးစားစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် မာဂွန်အနီးတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပျက်ကျ၍ သေဆုံးသူများ စာရင်းတွင် ပြင်သစ် ဆေးကျောင်းသားနှစ်ဦး ပါဝင်ခဲ့ကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုထားသည်။

တိုင်ဖွန်းမုန်တိုင်း Matmo တိုက်ခတ်နေမှုကြောင့် ထိုင်ဝမ်တွင် ရာသီဥတု ဆိုးရွားနေရာ လေယာဉ်သည် ပထမအကြိမ် ဆင်းသက်ရန် ကြိုးစားမှု အဆင်မပြေခဲ့ချေ။ မိုးသည်းထန်လွန်းသည့် အခြေအနေတွင် လေယာဉ်မှူးသည် ဒုတိယအကြိမ် ဆင်းသက်ရန် အားထုတ်ခဲ့ရာ၌ လေယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်သည်။ မာဂွန်လေဆိပ် အနီးရှိ နေအိမ်နှစ်လုံး အနီးတွင် လေယာဉ် ပျက်ကျခဲ့ရာ မြေပြင်ပေါ်တွင် ရှိနေသူ (၅)ဦးလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

TransAsia လေကြောင်းလိုင်းသည် ဖြစ်ရပ်အတွင်း သေဆုံးခဲ့သူများ၏ မိသားစုများကို ဒေါ်လာ (၃၃၀၀၀)စီ နစ်နာကြေး ပေးအပ်ပြီး ဒဏ်ရာရခဲ့သူများကို ဒေါ်လာ(၆၆၀၀)စီ နစ်နာကြေး ပေးအပ်သွားရန် စီစဉ်ထား ကြောင်း လည်း သိရှိရသည်။

Ref: Channelnewsasia
7Day DAILY 

No comments:

Post a Comment