Thursday 24 July 2014

ပြင်သစ်ရောက် ယင်လတ်နဲ့ ကြိုနေသူ သက်ဆင်


ပြင်သစ်နိုင်ငံကို ဆိုက်ရောက်လာတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် ရှင်နာဝပ်ကို အကိုဖြစ်သူ သက်ဆင်က ပွေ့ဖက် ကြိုဆိုတဲ့ ဓာတ်ပုံကို ထိုင်း Khaosod မှာ အခုပဲ တက်လာပါတယ်။
 ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် သက်ဆင်ရဲ့ မွေးနေ့ပွဲ တက်ရင်း အကိုဖြစ်သူနဲ့ တွေ့ဖို့ ထိုင်းနိုင်ငံ အမျိုးသား ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကောင်စီ အစိုးရအဖွဲ့ ထံကို မစ္စ ယင်လတ်က ပြည်ပထွက်ခွာ ခွင့်  တောင်းခံခဲ့ရာမှာ ခွင့်ပြုခဲ့လို့ မနေ့က ဘန်ကောက် ကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

မစ္စယင်လတ် ပြည်ပခရီးထွက်ခွာတာမှာ အသုံးအဆောင် အိတ်တွေ ၁ ဒါဇင်လောက် သယ်ဆောင်သွား တဲ့အပေါ် ထိုင်း နိုင်ငံကို ပြန်မှ ပြန်လာပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ထိုင်း လူမှု ကွန်ရက်မှာ ဝေဖန်
နေကြ ပါတယ်။

ဘန်ကောက်ပို့စ်သတင်းတခုမှာတော့ လာမယ့် သြဂုတ်လ ၁၁ ရက်နေ့ ပြန်လာမယ်လို့ မစ္စယင်လတ်နဲ့ နီးစပ်သူ တဦးပြောတာကို ရေးထားပါတယ်။

ဧရာဝတီ

No comments:

Post a Comment