Thursday 24 July 2014

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့ Union Civil Service Board နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများမှကောက်နုတ်ချက်

၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က ၂၆-၃-၂ဝ၁၄ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၁၂/၂ဝ၁၄ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ အဆိုပါနေ့မှစတင်၍အာဏာတည်ပါသည်။
၂။ ဝေးလံခေါင်သီသောဒေသများနှင့် ခရီးလမ်းပန်းဆက်သွယ်မှု ခက်ခဲသောဒေသများတွင် တာဝန်ထမ်းေ ဆာင် လျ က် ရှိသည့် နိုင်ငံ့ ဝန်ထမ်းများအား တာဝန်ထမ်းဆောင်ရာတွင် အထောက် အကူ ဖြစ်စေရန်နှင့် ဝန်ထမ်းအခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန် အလို့ငှာ အဆိုပါနိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအနက်မှ ဝန်ထမ်း များသိရှိသင့်သည့်အချက်များကို ကောက်နုတ်၍ ဖော်ပြခြင်း ဖြစ်ပါသည်။

လစာသတ်မှတ်ခြင်း
၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအခန်း(၅)တွင် လစာသတ်မှတ်ခြင်း ဆိုင်ရာ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ နည်းဥပဒေ ၅၁ မှ နည်းဥပဒေ ၅၉ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ ယင်းတို့ အနက် အောက်ဖော်ပြပါနည်းဥပဒေအချို့ကို ထုတ်နုတ်၍ဖော်ပြအပ်ပါ သည်-
နည်းဥပဒေ ၅၁။ ဝန်ထမ်းအဖွဲ့အစည်းများသည် ဝန်ထမ်းတစ် ဦးအား အမြဲတမ်းလစ်လပ်လျက်ရှိသည့် ရာထူးတွင် အတည်ပြု ခန့်ထားပြီးဖြစ်လျှင် ယင်းရာထူး၏မူရင်းလစာကို အနိမ့်ဆုံး လစာအဆင့်မှ စတင်ခံစားခွင့်ပြုရမည်။
နည်းဥပဒေ ၅၂။ ကနဦးလစာသည် ဖွဲ့စည်းပုံပါရာထူးတစ်ခု၌ ဝန်ထမ်းတစ်ဦး စတင်ခံစားခွင့်ရှိသော လစာဖြစ် သည်။
နည်းဥပဒေ ၅၄။ (က) ချိန်နှုန်းလစာရာထူးတစ်ခုတွင် အမြဲတမ်းခန့်ထားခြင်းခံရသည့်ဝန်ထမ်းသည် နှစ် တိုးအချိန်စေ့ရောက်သည့်အခါ နှစ်တိုး ခံစားခွင့်ပြုရန် စတင်လျှောက်ထားရန် မလိုဘဲ ယင်းနှစ်တိုးကို ခံစားခွင့်ရှိသည်။
(ခ) ဝန်ထမ်း၏ တာဝန်ထမ်းဆောင်မှု ကျေ နပ်ဖွယ်မရှိလျှင် သို့မဟုတ် စာရိတ္တပျက် ပြား လျှင် နှစ်တိုး ခွင့်ပြုနိုင်သူ သက်ဆိုင် ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက နည်းဥပဒေများပါအတိုင်း နှစ်တိုးခံစား ခွင့်ကို ရပ်ဆိုင်းထားနိုင်သည်။ 

(ဂ) နည်းဥပဒေခွဲ(ခ)အရ နှစ်တိုးခံစားခွင့် ရပ်ဆိုင်းသည့်အခါ အောက်ပါအချက် များကို ဖော်ပြရမည်-
(၁)နှစ်တိုးရပ်ဆိုင်းသည့်ကာလ၊
(၂)နှစ်တိုးရပ်ဆိုင်းခြင်းသည် နောင်နှစ် တိုးများကို ရွေ့သွားစေခြင်းရှိ မရှိ။
နည်းဥပဒေ ၅၇။ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် အောက်ပါအချက်များကို အခြေခံပြီး ကိစ္စတစ်ခုချင်းအလိုက် စိစစ်၍ ပြန်တမ်းဝင်အရာရှိများအား ကြိုတင်နှစ်တိုးခွင့်ပြုရန် ကိစ္စနှင့်စပ်လျဉ်း၍ ရာထူးဝန်အဖွဲ့သို့လည်းကောင်း၊ ပြန်တမ်းဝင် အရာရှိအောက်အဆင့် ဝန်ထမ်းများအား သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံသို့လည်းကောင်း အဆိုပြု တင်ပြ၍ သဘောတူခွင့်ပြုချက်ရယူဆောင်ရွက်ရမည်-

(က) ရာထူးအတွက်သာမန်အားဖြင့်လိုအပ် သောအရည်အချင်းထက်ထူးကဲသာလွန် သော အရည် အချင်းနှင့် အတွေ့အကြုံများ ဆည်းပူးရရှိထားသည့်ပုဂ္ဂိုလ်ကိုဝန်ထမ်း အဖြစ်စတင်ခန့်အပ်သည့် အခါက နဦးလစာ တိုးမြှင့်သတ်မှတ်ပေးသင့်သည့်ကိစ္စဖြစ် ခြင်း၊
(ခ) လက်ရှိရာထူး၌ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်မှုအတွက်ဝန်ထမ်းကို ချီးမြှင့်ထိုက်သည့် ကိစ္စဖြစ်ခြင်း၊
(ဂ) အခြားလုံလောက်သောအကြောင်းထူး တစ်ခုခုကြောင့်ဝန်ထမ်းကို ကြိုတင်နှစ် တိုးပေးသင့်သည့် ကိစ္စဖြစ်ခြင်း။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအနက် အခြားသိရှိသင့်သည့်အချက်များ ကို ဆက်လက်ဖော်ပြ သွားပါမည်။

The Union Daily

No comments:

Post a Comment