Tuesday 25 March 2014

ယူရိုငွေ နှစ်သန်းဝန်းကျင် သုံးစွဲမည့် ဥရောပ သမဂ္ဂ၏ SMART-MYANMAR စီမံချက် စတင်မည်

ယူရိုငွေ နှစ်သန်းဝန်းကျင် သုံးစွဲမည့် ဥရောပသမဂ္ဂ၏ SMART-MYANMAR စီမံချက်စတင်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ SMART-MYANMAR စီမံချက်သည် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများ၏ စွမ်းအင် သုံးစွဲမှု လျှော့ချရေးဆိုင်ရာ နည်းလမ်းများ၊ လုပ်ငန်းလေလွင့် ပြုန်းတီးမှုများ လျှော့ချရေး ဆိုင်ရာ နည်းလမ်းများ၊ ထုတ်လုပ်မှု မြှင့်တင်ရေးဆိုင်ရာ နည်းလမ်းများနှင့် ဥရောပဈေးကွက် သို့ ဝင်ရောက်နိုင်ရေး အတွက် အထည်ချုပ် လုပ်ငန်းများကို သင်တန်းများ ပေးမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

SMART-MYANMAR စီမံချက်အရ ဥရောပသမဂ္ဂက စဉ်ဆက်မပြတ် ထုတ်လုပ် ဖြန့်ဖြူးသည့် အလေ့အကျင့် Substainable Consumption and Production (SCP) ဖြစ်ပေါ်စေရေး အတွက် အထည်ချုပ် စက်ရုံများကို သင်တန်းများ ပေးမည်ဖြစ်ကာ ယင်းသင်တန်းသည် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် လူမှုရေးတာဝန်သိ လုပ်ငန်းများကိုလည်း စီးပွားရေး လုပ်ငန်းများ ကျင့်သုံးနိုင်ရန် ရည်ရွယ်လုပ်ဆောင် နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ အထည်ချုပ်ကဏ္ဍ ဥရောပ ဈေးကွက်သို့ ဝင်ရောက်ရန် ရည်ရွယ်၍ လာမည့် ၂ဝ၁၅ ခုနှစ်တွင် အဆိုပါ စနစ်ကို ကျင့်သုံးနိုင်ရန် သင်တန်းများ ပေးမည်ဖြစ်ကာ SMART-MYANMAR စီမံချက်ဖြင့် ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး လုပ်ငန်းများတွင် မြန်မာ့အထည်ချုပ် လုပ်ငန်းကဲ့သို့ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment