Tuesday 25 March 2014

တက္ကသိုလ်များအနီး တည်းခိုခန်း ဖွင့်လှစ်မှုများအား တားဆီးပေးရန် သက်ဆိုင်ရာသို့ တင်ပြမည်

တက္ကသိုလ်များအနီးတွင် တည်းခိုခန်းများ လာ ရောက် ဖွင့်လှစ်ထားရှိမှုများနှင့်ပတ် သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ ထံတင်ပြ သွားမည်ဖြစ်ကြောင်း အဆင့် မြင့်ပညာဦးစီးဌာန (အောက်မြန်မာ ပြည်)မှ အရာရှိတစ်ဦးကပြောသည်။

ရန်ကုန်မြို့ရှိ အချို့ တက္ကသိုလ် များအနီးတွင် တည်းခိုခန်းများ လာ ရောက် ဖွင့် လှစ်ထားမှုများကြောင့် ကျောင်းသားများ၏ အကျင့်စာရိတ္တ ပျက်ယွင်း မှုများရှိလာမည်ကိုစိုးရိမ် ကြောင်း၊ ကျောင်းအုပ်ချုပ်သူများ အနေဖြင့် လည်း ဒေသအာဏာပိုင်များ ဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ် ကြောင်း၊ တက္ကသိုလ်များအနီး တွင် တည်းခိုခန်းများ လာရောက်ဖွင့်လှစ် မှုများ ကို ဝေဖန်မှုများထွက်ပေါ်လာ သည့်အတွက် ယင်းသို့ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အဆိုပါအရာ ရှိကဆိုသည်။

““အဲဒီလိုလာဖွင့်တာတွေနဲ့ပတ် သက်ပြီး တစ်ခုခုလုပ်နိုင်အောင်အကြီး အကဲတွေကိုတင်ပြပေးသွားမှာပါ။ ဒီ တည်းခိုခန်းတွေကို ပိတ်ဖို့ပဲဖြစ်ဖြစ်၊ စည်းမျဉ်းစည်းကမ်းတစ်ခုခုထုတ်ပြန် လိုက်တာပဲဖြစ်ဖြစ်ပေါ့။ ဒီကိစ္စက ဆရာတို့နဲ့တော့ မသက်ဆိုင်ပေမယ့် ဒေသအာဏာပိုင်တွေနဲ့ ပါမောက္ခ ချုပ်တွေပေါင်းပြီး ဖြေရှင်းဖို့ လဲလိုတယ်””ဟု ယင်းကထပ်မံပြောကြားသည်။

ဒဂုံတက္ကသိုလ်မှ ဆရာအချို့ ကလည်း ကျောင်း အနီးတွင်တည်းခို ခန်းများ လာရောက်ဖွင့်ခွင့်ပေးထား ခြင်းမှာ မဖြစ်သင့်ကြောင်းနှင့်တာဝန် ရှိသူများ အနေဖြင့် တက္ကသိုလ်များ အနီးတွင် ယင်းကဲ့သို့ ဖွင့် လှစ်ခြင်း များ ကိုတားမြစ်စေ လိုကြောင်းဝေဖန်ပြော ကြားသည်။

““ကျောင်းပတ်ဝန်းကျင်မှာ ဒီလို မျိုးတွေလာလုပ်တာမသင့်တော်ပါ ဘူး။ ဒါကကျောင်းသားတွေကို မြို့နဲ့ ဝေးရာကို ပို့ခဲ့ပြီးကျောင်းပတ်ဝန်း ကျင်ကောင်းတွေ မဖန်တီးပေးခဲ့လို့ပါ။ ဒါကြောင့်ကျောင်းသားတွေနဲ့ နီးတဲ့ နေရာမှာ KTV လို၊ တည်းခိုခန်းလိုမျိုး တွေပေါ်လာတာ””ဟု ဒဂုံတက္ကသိုလ်မှ လက်ထောက် ကထိက ဒေါက်တာ အာ ကာမိုးသူက ပြောသည်။

ယင်းကဲ့သို့ဖွင့်လှစ်ထားရှိခြင်း များနှင့်ပတ်သက်၍ လူမှုကွန်ရက်စာ မျက်နှာများတွင်လည်း လေဆိပ်၊ ကားဂိတ်မရှိဘဲတက္ကသိုလ်အနီးအနား တွင်တည်းခို ခန်းများ လာရောက်ဖွင့် ခွင့်ရရှိနေကြခြင်းအပေါ်တွင် သက် ဆိုင်ရာတာဝန်ရှိသူများအား နားမ လည်နိုင်ကြောင်းရေးသားထားသည်။

ကျောင်းသားများသည် မြို့နှင့် အလှမ်းဝေးသည့်နေရာများ တွင် ကျောင်း တက်နေရ သည့်အတွက် တက္က သိုလ် များ တွင် ကျောင်းသားများ အတွက် Campus Life များကိုဖန်တီး ပေးရန်လိုကြောင်း၊ ယခုလို တည်းခို ခန်းများ ဖွင့်ခွင့်ပေးပါကလည်း တည်း ခိုခန်းပိုင်ရှင်များနှင့် တာဝန်ရှိသူများ တွေ့ဆုံ ညှိနှိုင်းမှုများ လို အပ်ကြောင်း ဒဂုံတက္ကသိုလ်မှ နည်းပြဆရာတစ်ဦး ကလည်း ပြော သည်။

ATK [--Democracy today Daily Newspaper--]
Myanmar News Network

No comments:

Post a Comment