Tuesday 25 March 2014

ကမ္ဘာလှည့်ခရီးသည် ၂၇၇ ဦးပါဝင်သည့် အမေရိကန် အပျော်စီးသင်္ဘော MV Silver Whisper သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ရောက်

Photo: ကမ္ဘာလှည့်ခရီးသည် ၂၇၇ ဦးပါဝင်သည့် အမေရိကန် အပျော်စီးသင်္ဘော MV Silver Whisper သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ရောက်
Tuesday, March 25, 2014

ကမ္ဘာလှည့်ခရီးသွား ၂၇၇ ဦး ပါဝင်သည့် အမေရိကန် အပျော်စီးသင်္ဘော MV Silver Whisper သည် မတ် ၂၄ ရက် နံနက် ၉ နာရီက သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ MV Silver Whisper အပျော်စီးသင်္ဘောမှာ ဇန်န၀ါရီ ၆ ရက်မှ စတင်ကာ အမေရိကန်နိုင်ငံ၊ LA က ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီးKiri bati, US Samoa, Tonga Island၊ နယူးဇီလန်၊ သြစတြေးလျ၊ နယူးဂါနီယာ၊ Micronesia၊ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများသို့ သွားရောက် လည်ပတ်ခဲ့ပြီးဖြစ်ကာ ထိုင်းနိုင်ငံ ဖူးခက်မှတစ်ဆင့် ရန်ကုန်မြို့ရှိ သီလ၀ါဆိပ်ကမ်းသို့ မတ် ၂၄ ရက်၌ ရောက်ရှိခဲ့သည်။

အဆိုပါသင်္ဘောမှာ နိုင်ငံပေါင်း ၂၉ နိုင်ငံ၊ ဆိပ်ကမ်းပေါင်း ၅၄ ခုကို ကမ်းကပ်ကာ လည်ပတ်မည်ဖြစ်ပြီး အချိန်ကာလမှာ လေးလနီးပါး ကြာမြင့်မည်ဖြစ်သည်။

သင်္ဘောခရီးစဉ် တစ်လျှောက်လုံး၌ ဆိပ်ကမ်းပေါင်း ၅၄ ခုထဲတွင် ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်း၌ အချိန်အကြာဆုံး ရပ်နားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

"ခရီးစဉ်တစ်လျှောက်လုံးက ဆိပ်ကမ်းတွေမှာ တစ်ညနှစ်ညပဲ အိပ်တဲ့အထဲမှာမှ သီလ၀ါဆိပ်ကမ်းမှာ သုံးညအိပ်ရပ်နားတာပါ။ ဘာကြောင့်လဲဆိုတော့ ခရီးသွားတွေက မြန်မာနိုင်ငံကို စိတ်ဝင်စားမှုများပြီး လည်ပတ်ချင်တဲ့အတွက် ရပ်နားတာလို့ သိရပါတယ်" ဟု သင်္ဘောခရီးစဉ်ကို စီစဉ်သည့် Myanmar Voyages ခရီးသွား ကုမ္ပဏီမှ ဦးသက်လွင်တိုးက ပြောကြားသည်။

အဆိုပါ ကမ္ဘာလှည့်ခရီးသွားများမှာ ရန်ကုန်၊ သန်လျင်၊ ပဲခူး၊ ပုဂံနှင့် မန္တလေး မြို့များသို့ သွားရောက် လည်ပတ်မည်ဖြစ်ပြီး မတ် ၂၇ ရက် ညနေ ၆ နာရီတွင် သီလ၀ါဆိပ်ကမ်းမှ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုဆိပ်ကမ်းသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီး သီရိလင်္ကာ၊ အိန္ဒိယ၊ အိုမန်၊ ဂျော်ဒန်၊ အစ္စရေး၊ ဆိုက်ပရပ်၊ ဂရိ၊ တူရကီ၊ အီတလီ၊ မိုနာကိုနှင့် စပိန်နိုင်ငံများသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကာ ဧပြီ ၃၀ ရက်တွင် စပိန်နိုင်ငံ ဘာစီလိုနာဆိပ်ကမ်း၌ အပျော်စီး သင်္ဘောခရီးစဉ် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပျော်စီးသင်္ဘော MV Silver Whisper မှာ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလကလည်း သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ဖူးကြောင်း သိရသည်။

Eleven Media Group

အပျော်စီးသဘောင်္ MV Silver Whisper ကို မတ် ၂၄ ရက် နံနက်ပိုင်းတွင် သီလ၀ါဆိပ်ကမ်း၌ တွေ့ရစဉ်
အပျော်စီးသဘောင်္ MV Silver Whisper ကို မတ် ၂၄ ရက် နံနက်ပိုင်းတွင် သီလ၀ါဆိပ်ကမ်း၌ တွေ့ရစဉ်
ကမ္ဘာလှည့်ခရီးသွား ၂၇၇ ဦး ပါဝင်သည့် အမေရိကန် အပျော်စီးသင်္ဘော MV Silver Whisper သည် မတ် ၂၄ ရက် နံနက် ၉ နာရီက သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ MV Silver Whisper အပျော်စီးသင်္ဘောမှာ ဇန်န၀ါရီ ၆ ရက်မှ စတင်ကာ အမေရိကန်နိုင်ငံ၊ LA က ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီးKiri bati, US Samoa, Tonga Island၊ နယူးဇီလန်၊ သြစတြေးလျ၊ နယူးဂါနီယာ၊ Micronesia၊ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများသို့ သွားရောက် လည်ပတ်ခဲ့ပြီးဖြစ်ကာ ထိုင်းနိုင်ငံ ဖူးခက်မှတစ်ဆင့် ရန်ကုန်မြို့ရှိ သီလ၀ါ ဆိပ်ကမ်းသို့ မတ် ၂၄ ရက်၌ ရောက်ရှိခဲ့သည်။

အဆိုပါသင်္ဘောမှာ နိုင်ငံပေါင်း ၂၉ နိုင်ငံ၊ ဆိပ်ကမ်းပေါင်း ၅၄ ခုကို ကမ်းကပ်ကာ လည်ပတ်မည်ဖြစ်ပြီး အချိန်ကာလမှာ လေးလနီးပါး ကြာမြင့်မည်ဖြစ်သည်။

သင်္ဘောခရီးစဉ် တစ်လျှောက်လုံး၌ ဆိပ်ကမ်းပေါင်း ၅၄ ခုထဲတွင် ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်း၌ အချိန် အကြာ ဆုံး ရပ်နားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

"ခရီးစဉ်တစ်လျှောက်လုံးက ဆိပ်ကမ်းတွေမှာ တစ်ညနှစ်ညပဲ အိပ်တဲ့အထဲမှာမှ သီလ၀ါဆိပ်ကမ်းမှာ သုံးညအိပ် ရပ်နားတာပါ။ ဘာကြောင့်လဲဆိုတော့ ခရီးသွားတွေက မြန်မာနိုင်ငံကို စိတ်ဝင်စားမှုများပြီး လည်ပတ်ချင်တဲ့ အတွက် ရပ်နားတာလို့ သိရပါတယ်" ဟု သင်္ဘောခရီးစဉ်ကို စီစဉ်သည့် Myanmar Voyages ခရီးသွား ကုမ္ပဏီမှ ဦးသက်လွင်တိုးက ပြောကြားသည်။

အဆိုပါ ကမ္ဘာလှည့်ခရီးသွားများမှာ ရန်ကုန်၊ သန်လျင်၊ ပဲခူး၊ ပုဂံနှင့် မန္တလေး မြို့များသို့ သွားရောက် လည်ပတ်မည်ဖြစ်ပြီး မတ် ၂၇ ရက် ညနေ ၆ နာရီတွင် သီလ၀ါဆိပ်ကမ်းမှ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘို ဆိပ်ကမ်းသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီး သီရိလင်္ကာ၊ အိန္ဒိယ၊ အိုမန်၊ ဂျော်ဒန်၊ အစ္စရေး၊ ဆိုက်ပရပ်၊ ဂရိ၊ တူရကီ၊ အီတလီ၊ မိုနာကိုနှင့် စပိန်နိုင်ငံများသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကာ ဧပြီ ၃၀ ရက်တွင် စပိန်နိုင်ငံ ဘာစီလိုနာဆိပ်ကမ်း၌ အပျော်စီး သင်္ဘောခရီးစဉ် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပျော်စီးသင်္ဘော MV Silver Whisper မှာ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလကလည်း သီလ၀ါ ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ဖူးကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment