Tuesday 25 March 2014

ရခိုင်မှာသန်းခေါင်စာရင်း ကောက်ခံမှုကို သံသနာ့အလံထူ ဆန္ဒပြ

Photo: ရခိုင်မှာသန်းခေါင်စာရင်း ကောက်ခံမှုကို သံသနာ့အလံထူ ဆန္ဒပြ
Tuesday, March 25, 2014

ရခိုင်ပြည်နယ်အတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူမယ့် အစီအစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ မနေ့ကစတင်ပြီးတော့ တပြည်နယ်လုံး အတိုင်းအတာနဲ့ သာသနာ့အလံ စိုက်ထူ လိုက်ကြပါတယ်။

အဲ့ဒါအပြင် မတ်လ ၃၀ရက်နေ့ကနေ ဧပြီလ ၁၀ရက်နေ့ထိ ကောက်ခံမယ့် သန်းခေါင်စာရင်းမှာ အကောက်မခံပဲ နေကြဖို့လည်း တိုက်တွန်း ထားကြပါတယ်။

သန်းခေါင်စာရင်း ကောက်ခံမှု ကန့်ကွက်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး စစ်တွေမြို့က ဆန္ဒပြရာမှာ ဦးဆောင်သူ တဦးဖြစ်တဲ့ ဦးသန်းထွန်းက အခုလိုပြောပါတယ်။

“ကျနော်တို့က အခုကောက်မဲ့ သန်းခေါင်စာရင်းထဲမှာ သမတဆီကလည်း မရှိပါဘူးပြောထားတယ်၊ မြန်မာနိုင်ငံ မှာလည်း တကယ်လည်းမရှိတဲ့ ရိုဟင်ဂျာဆိုတဲ့လူမျိုးအမည်ကို ထည့်သွင်းမဲ့ကိစ္စအတွက် ရခိုင်တပြည်နယ်လုံး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လေ။ သမိုင်းမှာ ဘယ်တုန်းကမှမရှိခဲ့တဲ့ နာမည်လိမ် ဖြစ်တဲ့ ရိုဟင်ဂျာလို့ ထည့်သွင်းမဲ့  ကိစ္စကို ရုတ်သိမ်းပေးပါဆိုတဲ့အကြောင်းကို ၂၁ ရက်နေ့ နောက်ဆုံး ထားပြီးအကြောင်းပြန်ပေးပါလို့ တောင်းဆို ခဲ့ပါတယ်ခင်ဗျ၊ ဒါပေမဲ့ ၂၁ရက်ကျော်လာတဲ့အထိ တရားဝင် ထုတ်ပြန်ကျေညာချက်လည်း မကြားတဲ့အတွက် ကြောင့် ဆန်ကျင်ကန့်ကွက်တဲ့အနေနဲ့ ရခိုင်ပြည်နယ် မှာ ရှိတဲ့ရခိုင်တိုင်းရင်းသားအကုန်လုံးက သန်ခေါင်စာရင်း အကောက်မခံပဲနဲ့ သပိတ်မှောက်မယ်ဆိုတဲ့ အထိန်းအမှတ်အဖြစ် ဒီနေ့ကစပြီးတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ အိမ်တိုင်းအိမ်တိုင်းမှာ သာသနာ အလံလွင့်ထူပြီးတော့ သပိတ်မှောက်ဖို့ စတင်တဲ့အဓိပါယ်ပါပဲ။” 

သန်းခေါင်စာရင်းကောက်ယူမယ့်အစီအစဉ်ကို ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားတွေအနေနဲ့ အိမ်တိုင်းမှာ သာသနာ့အလံတွေ စိုက်ထူထားကြသလို သန်းခေါင်စာရင်းကောက်ယူဖို့ မလာကြပါရန်ဆိုတဲ့ ကြေညာစာတွေလည်း ကပ်ထားကြတယ်လို့ ဆိုပါတယ်။

သန်းခေါင်စာရင်းကောက်တဲ့အခါမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေကို ရိုဟင်ဂျာဆိုအမည်နဲ့ စာရင်းထည့်သွင်းခွင့်မပေးဖို့ ရခိုင်တိုင်းရင်းသားတွေက ကန့်ကွက် တောင်းဆိုနေကြတာဖြစ်တယ်လို့ ရေဒီယို သြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

သာသနာ့အလံကို အိမ်တွေမှာ စိုက်ထူထားကြတဲ့ပုံ (Credit: ABC)
သာသနာ့အလံကို အိမ်တွေမှာ စိုက်ထူထားကြတဲ့ပုံ (Credit: ABC) 

ရခိုင်ပြည်နယ်အတွင်းမှာ ​သန်းခေါင်စာရင်း ကောက်ယူမယ့် ​အစီအစဉ်ကို ​ကန့်ကွက်တဲ့ အနေနဲ့ ​မနေ့က စတင်ပြီးတော့ ​တပြည်နယ်လုံး အတိုင်းအတာနဲ့ ​သာသနာ့အလံ စိုက်ထူ လိုက်ကြပါတယ်။
အဲ့ဒါအပြင် ​မတ်လ ​၃၀ရက်နေ့ကနေ ​ဧပြီလ ​၁၀ရက်နေ့ထိ ကောက်ခံမယ့် ​သန်းခေါင်စာရင်းမှာ ​အကောက် မခံပဲ နေကြဖို့လည်း ​တိုက်တွန်း ထားကြပါတယ်။

သန်းခေါင်စာရင်း ​ကောက်ခံမှု ​ကန့်ကွက်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ​စစ်တွေမြို့က ​ဆန္ဒပြရာမှာ ​ဦးဆောင်သူ ​တဦးဖြစ်တဲ့ ​ဦးသန်းထွန်းက ​အခုလိုပြောပါတယ်။

“ကျနော်တို့က ​အခုကောက်မဲ့ ​သန်းခေါင်စာရင်းထဲမှာ ​သမတဆီကလည်း ​မရှိပါဘူးပြောထားတယ်၊ ​မြန်မာနိုင်ငံ မှာလည်း ​တကယ်လည်းမရှိတဲ့ ​ရိုဟင်ဂျာဆိုတဲ့လူမျိုးအမည်ကို ​ထည့်သွင်းမဲ့ကိစ္စအတွက် ​ရခိုင်တပြည်နယ်လုံး ​ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လေ။ ​သမိုင်းမှာ ​ဘယ်တုန်းကမှမရှိခဲ့တဲ့ ​နာမည်လိမ် ​ဖြစ်တဲ့ ​ရိုဟင်ဂျာလို့ ​ထည့်သွင်းမဲ့ ​ ကိစ္စကို ​ရုတ်သိမ်းပေးပါဆိုတဲ့အကြောင်းကို ​၂၁ ​ရက်နေ့ ​နောက်ဆုံး ​ထားပြီးအကြောင်းပြန်ပေးပါလို့ ​တောင်းဆို ​ခဲ့ပါတယ်ခင်ဗျ၊ ​ဒါပေမဲ့ ​၂၁ရက်ကျော်လာတဲ့အထိ ​တရားဝင် ​ထုတ်ပြန်ကျေညာချက်လည်း ​မကြားတဲ့အတွက် ​ကြောင့် ​ဆန်ကျင်ကန့်ကွက်တဲ့အနေနဲ့ ​ရခိုင်ပြည်နယ် ​မှာ ​ရှိတဲ့ရခိုင်တိုင်းရင်းသားအကုန်လုံးက ​သန်ခေါင်စာရင်း ​အကောက်မခံပဲနဲ့ ​သပိတ်မှောက်မယ်ဆိုတဲ့ ​အထိန်းအမှတ်အဖြစ် ​ဒီနေ့ကစပြီးတော့ ​ရခိုင်တိုင်းရင်းသားတွေရဲ့ ​အိမ်တိုင်းအိမ်တိုင်းမှာ ​သာသနာ ​အလံလွင့်ထူပြီးတော့ ​သပိတ်မှောက်ဖို့ ​စတင်တဲ့အဓိပါယ်ပါပဲ။” 

သန်းခေါင်စာရင်းကောက်ယူမယ့်အစီအစဉ်ကို ​ကန့်ကွက်ကြောင်း ​ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ​အိမ်တိုင်းမှာ ​သာသနာ့အလံတွေ ​စိုက်ထူထားကြသလို ​သန်းခေါင်စာရင်းကောက်ယူဖို့ ​မလာကြပါရန်ဆိုတဲ့ ​ကြေညာစာတွေလည်း ​ကပ်ထားကြတယ်လို့ ​ဆိုပါတယ်။

သန်းခေါင်စာရင်းကောက်တဲ့အခါမှာ ​ရခိုင်ပြည်နယ်မှာရှိတဲ့ ​မွတ်စလင်တွေကို ​ရိုဟင်ဂျာဆိုအမည်နဲ့ ​စာရင်းထည့်သွင်းခွင့်မပေးဖို့ ​ရခိုင်တိုင်းရင်းသားတွေက ​ကန့်ကွက် ​တောင်းဆိုနေကြတာဖြစ်တယ်လို့ ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

No comments:

Post a Comment