Tuesday 25 March 2014

စစ်တွေတွင် သာသနာ့အလံထောင်၍ သန်းခေါင်စာရင်း သပိတ်မှောက်

Photo: စစ်တွေတွင် သာသနာ့အလံထောင်၍ သန်းခေါင်စာရင်း သပိတ်မှောက်
Tuesday, March 25, 2014

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုထားသဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နေအိမ်များနှင့် အဆောက်အအုံ အချို့၌ မတ်လ ၂၄ ရက်နေ့မှ စတင်ကာ သာသနာ့အလံ လွှင့်ထူ၍ သန်းခေါင်စာရင်းကို သပိတ်မှောက်နေကြောင်း မြို့ခံများထံမှ သိရှိရသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုရန် စစ်တွေမြို့ ဒေသခံများ လမ်းလျှောက် ဆန္ဒပြမှု ပြုလုပ်ပြီး ရှစ်ရက်ခန့် အကြာတွင် ယင်းသို့ သာသနာ့အလံထောင်ကာ ဆန္ဒပြ ကန့်ကွက်ခြင်း ဖြစ်သည်။

“စစ်တွေတင် မကဘဲ ရခိုင်တစ်ပြည်လုံး သပိတ်မှောက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ကတော့ သန်းခေါင်စာရင်း ကောက်လာရင်လည်း အကောက်မခံတော့ဘူး” ဟု စစ်တွေမြို့ခံ ဦးအိုးဖောက်က ပြောကြားသည်။

စစ်တွေမြို့ တစ်မြို့လုံးနီးပါးရှိ နေအိမ်များတွင် သာသနာ့အလံ လွှင်ထူခဲ့ကြသဖြင့် အလံဈေးနှုန်း အနည်းငယ် မြင့်တက်သွားကြောင်း မြို့ခံများထံမှ သိရှိရသည်။

သန်းခေါင်စာရင်းကို ကန့်ကွက်သည့် အနေနှင့် ရမ်းဗြဲမြို့နှင့် မာန်အောင်မြို့တို့တွင်လည်း မတ်လ ၂၄ ရက်နေ့တွင် မြို့ခံများက လမ်းလျှောက် ဆန္ဒပြ ကန့်ကွက်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းခွင့် ပေးထားမှုကို ရုပ်သိမ်းကြောင်း မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထား၍ အကြောင်း ပြန်ကြားရန် နိုင်ငံတော် သမ္မတထံသို့ စာတင် တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိကြောင်း၊ ရိုဟင်ဂျာကို ထည့်သွင်းခွင့် မပြုဟု တရားဝင် ကြေညာခြင်း မပြုလုပ်ပါက ရခိုင်တိုင်းရင်းသားများက သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုရန် မတ်လ ၁၆ ရက်နေ့နှင့် ၂၃ ရက်နေ့ တို့တွင်လည်း ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ ခုခန့်တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ပထမဆုံး ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။

LC၊ ခင်မောင်အေး
The Voice Weekly
သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုထားသဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နေအိမ်များနှင့် အဆောက်အအုံ အချို့၌ မတ်လ ၂၄ ရက်နေ့မှ စတင်ကာ သာသနာ့အလံ လွှင့်ထူ၍ သန်းခေါင်စာရင်းကို သပိတ်မှောက်နေကြောင်း မြို့ခံများထံမှ သိရှိရသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုရန် စစ်တွေမြို့ ဒေသခံများ လမ်းလျှောက် ဆန္ဒပြမှု ပြုလုပ်ပြီး ရှစ်ရက်ခန့် အကြာတွင် ယင်းသို့ သာသနာ့အလံထောင်ကာ ဆန္ဒပြ ကန့်ကွက်ခြင်း ဖြစ်သည်။

“စစ်တွေတင် မကဘဲ ရခိုင်တစ်ပြည်လုံး သပိတ်မှောက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ကတော့ သန်းခေါင် စာရင်း ကောက်လာရင်လည်း အကောက်မခံတော့ဘူး” ဟု စစ်တွေမြို့ခံ ဦးအိုးဖောက်က ပြောကြားသည်။

စစ်တွေမြို့ တစ်မြို့လုံးနီးပါးရှိ နေအိမ်များတွင် သာသနာ့အလံ လွှင်ထူခဲ့ကြသဖြင့် အလံဈေးနှုန်း အနည်း ငယ် မြင့် တက်သွားကြောင်း မြို့ခံများထံမှ သိရှိရသည်။

သန်းခေါင်စာရင်းကို ကန့်ကွက်သည့် အနေနှင့် ရမ်းဗြဲမြို့နှင့် မာန်အောင်မြို့တို့တွင်လည်း မတ်လ ၂၄ ရက်နေ့ တွင် မြို့ခံများက လမ်းလျှောက် ဆန္ဒပြ ကန့်ကွက်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းခွင့် ပေးထားမှုကို ရုပ်သိမ်းကြောင်း မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထား၍ အကြောင်း ပြန်ကြားရန် နိုင်ငံတော် သမ္မတထံသို့ စာတင် တောင်းဆို ထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိကြောင်း၊ ရိုဟင်ဂျာကို ထည့်သွင်းခွင့် မပြုဟု တရားဝင် ကြေညာခြင်း မပြုလုပ်ပါက ရခိုင်တိုင်းရင်းသားများက သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုရန် မတ်လ ၁၆ ရက်နေ့နှင့် ၂၃ ရက်နေ့ တို့တွင် လည်း ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ ခုခန့်တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ပထမဆုံး ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။

LC၊ ခင်မောင်အေး
The Voice Weekly

No comments:

Post a Comment