ကျွန်တော် မန်းလေးစာရေးဆရာများကိုယ်စား အစ်မကြီးဒေါ်အောင်ဆန်းစုကြည် ကိုပြောဖြစ်တာက “အခု လာရောက်ကြတဲ့ မန်းလေးစာရေးဆရာ၊ကဗျာဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာများဟာ နိုင်ငံရေး အသိစိတ်ဓာတ်ကို အခြေခံခဲ့ကြတဲ့သူတွေပါ။
၁၉၆၄ခုနှစ် ၀န်းကျင်က ထင်ရှားတဲ့ အထက် ဗမာနိုင်ငံစာရေးဆရာအသင်း မျိုးဆက်တွေဖြစ်တဲ့ ဆရာ ဦးကိုလေး (အင်းဝဂုဏ်ရည်) တို့
ဆရာကြီး ဦးသိန်းတန်တို့လိုကအစ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ
ကိုယ်တတ်ကျွမ်းတဲ့အနုပညာနဲ့ တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်ခဲ့တဲ့သူတွေချည်းပါပဲ။
ဆိုလိုတာက ဒေါ်ဒေါ် လူထုဒေါ်အမာတို့ ယုံကြည်ခဲ့တဲ့ စာပေ သဘောထားနဲ
့နိုင်ငံရေး ခံယူချက် အလံ တစ်လက်တည်းအောက်မှာ လက်ဆင့်ကမ်း
ခံယူခဲ့ကြတဲ့သူတွေပါ။
အခု၂၀၁၄ခုနှစ်နဲ့၂၀၁၅ခုနှစ် တွေဟာ စစ်မှန်တဲ့ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ဖို့ အလွန် အရေးကြီးတဲ့ ကာလတွေဖြစ်ပါတယ် ။ ဒီအချိန်မှာစုစည်းညီညွတ်မှုမ ရှိဘဲ အရွေးချယ်မှား လမ်းကြောင်းလွဲ သွားရင် ဒီကနေ့ကြုံတွေ့နေရတဲ့အခြေအေ နတွေကို နမူနာယူပြီးတိုင်းပြည် အခြေအနေဟာ ပိုမိုဆိုးရွားကာ ပြည်သူလူထုမျှော်မှန်းထားတဲ့  ဒီမိုကရေစီလမ်းကြောင်းနဲ့ လွဲချော်သွေဖီသွားမှာ အသေအချာပါပဲ။
ဒါကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဦးတည်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးက အစ နိုင်ငံအတွက် လတ်တလော တကယ်အရေးကြီးနေတဲ့ လုပ်ငန်းရပ်တွေနဲ့ပတ်သက်ပြီး အစ်မကြီးဒေါ်အောင် ဆန်း စုကြည် ဦးဆောင်ဆောင်ရွက်မှုကို ထောက်ခံပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစိနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အစ်မကြီးနဲ့အတူ ရဲရဲဝံ့ဝံ့ ပူးပေါင်းဆောင်ရွုက်ကြပါမယ်။ လတ်တလောအနေနဲ့ မန်းလေးကိုပဲကြည့်ပါ။
အမျိုးသားစီးပွားရေးတွေ ပျက်စီး ဆုံးပါးသွားပါပြီ။ အလားတူ လူမှုရေးတွေ ယဉ်ကျေးမှုတွေဆိုရင်လည်း ရစရာ မရျှိတော့ပါဘူး။
စစ်မှန်တဲ့ ဒီမိုကရေစိနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အစ်မကြီးနဲ့အတူ ရဲရဲဝံ့ဝံ့ ပူးပေါင်းဆောင်ရွုက်ကြပါမယ
အမျိုးသားစီးပွားရေးတွေ ပျက်စီး ဆုံးပါးသွားပါပြီ။ အလားတူ လူမှုရေးတွေ ယဉ်ကျေးမှုတွေဆိုရင်လည်း ရစရာ မရျှိတော့ပါဘူး။
ဒီအခြေအနေဆိုးတွေကို ၂၀၁၅ခုနှစ်မှာ စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရွေး
အခုလို အရေးကြီးတဲ့ကာလမှာ အစ်မကြီးဒေါ်အောင်ဆန်းစုကြည်
(ဒီစကားတွေက ဆိုလိုရင်း အနှစ်ချုပ်ပါ။)
မန္တလေးဒေသ စာပေလောကသားများ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ခြင်းနဲ့ ပတ်သက်ပြီး စာရေးဆရာ ဆူးငှက်ရဲ့ ရေးသားချက်ကို အွန်လိုင်းကနေ မူရင်းအတိုင်း ကူးယူ ဖော်ပြပါတယ်။ ဓာတ်ပုံကတော့ တွေ့ဆုံပွဲမှာ ဧရာဝတီသတင်းထောက် တေဇလှိုင် ရိုက်ကူးထားတာပါ။
ဧရာဝတီblog
No comments:
Post a Comment