Tuesday 25 March 2014

သိမ်းဆည်းခံ လယ်ယာမြေများ အများပြည်သူရှေ့တွင် ပြန်လည်ပေးအပ်မည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း တပ်သိမ်းလယ်မြေများကို သက်ဆိုင်ရာမှ စိစစ်မှုများဆောင် ရွက်ခဲ့ပြီး ယခုမတ်လကုန်ရက်ပိုင်းအတွင်း အများပြည်သူရှေ့တွင် စာရင်းဇယားအ ထောက်အထားဖြင့် ကလေးခရိုင်စီမံခန့်ခွဲ ရေးဥက္ကဋ္ဌ ဦးမောင်ထူးက ပြန်လည်ပေး အပ်မည်ဖြစ်ကြောင်း သိရသည်။

''ကလေးဒေသမှာ တပ်ပိုင်အဖြစ် သိမ်းဆည်းထားတဲ့ မြေတွေကိုပြန် လည်ပေးအပ်မှာဖြစ်ပါတယ်။ ကျွန်တော် တို့ ကိုယ်တိုင်စိစစ်တွေ့ရှိတဲ့ တပ်သိမ်း လယ်ယာမြေတွေကို အများပြည်သူရှေ့ မှောက်မှာ လယ်ပိုင်၊ ယာပိုင်တွေရဲ့လက် ထဲအရောက်အပ်မှာဖြစ်ပါတယ်။ ကလေး မြို့၊ မြို့မိ မြို့ဖအဖွဲ့နဲ့ အဖွဲ့ အစည်းပေါင်း စုံရှေ့မှောက်မှာ ပြန်ပေးမှာဖြစ်ပါတယ်'' ဟု ကလေးခရိုင် စီမံခန့်ခွဲရေးဥက္ကဋ္ဌက ပြောသည်။

ကလေးဒေသတွင် တပ်သိမ်း လယ်ယာမြေ၊ အကျဉ်းဦးစီးသိမ်းလယ်ယာ မြေ၊ အခြားအဖွဲ့အစည်းများမှ အကြောင်း အမျိုးမျိုးပြ သိမ်းဆည်းလယ်ယာ ဧက ပေါင်း ၈ဝဝဝ မှ ၁ဝဝဝဝ အထိ ရှိသည် ဟုဆိုသည်။

ထိုလယ်ယာမြေများတွင် တပ် မှ အမှန်တကယ်အသုံးပြုနေသော လယ် ယာမြေ၊ အသုံးမပြုတော့သည့် လယ်ယာ၊ အသုံးမပြုတော့သော်လည်း ပြန်မပေး သည့်လယ်ယာဟူ၍ရှိရာ ယခုပြန်လည် ပေးအပ်မည့် လယ်ယာမြေမှာ အမှတ် ၈၇ ခြေလျင်တပ်ရင်းမှ သိမ်းဆည်းထားသော လယ်ယာမြေ ၄၈ ဒသမ ဝ၈ ဧက ကိုလည်း ကောင်း၊ အမှတ် ၃၆၂ တပ်ရင်းမှ သိမ်း ဆည်းရယူထားသော ကံကြီးရွာအနီးလယ် ယာမြေဧက ၅ဝဝ ကိုလည်းကောင်း ပြန် လည်၍ ပေးအပ်မည်ဖြစ်ကြောင်း သိရ သည်။

ကလေးဒေသတွင် အသိမ်းခံရ သည့် လယ်ယာမြေဧကပေါင်း ၈ဝဝဝ မှ ၁ဝဝဝဝ အကြားရှိကြောင်း ကလေးမြို့ ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင် လှိုင်က ပြောသည်။

ယခု ပြန်လည်ပေးအပ်မည့် သိမ်းဆည်းမြေများကို ပြန်လည်ပေးအပ် ရာတွင် လယ်ယာမြေ အမှန် တကယ် ပိုင်ဆိုင် ကြောင်း အထောက်အထားပြနိုင်သူကို အဓိကထားပေးမည်ဖြစ်ပြီး တပ်မှသီးစား ချထားသော သူများနှင့် မသက်ဆိုင်ကြောင်း ကလေးခရိုင် စီမံခန့်ခွဲမှုကော်မတီမှ သိ ရသည်။

Yangon Media Group

No comments:

Post a Comment