Tuesday 25 March 2014

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည် ထည့်ကောက်မည်ကို ကန့်ကွက်ကြောင်း ရမ်းဗြဲမြို့၌ ဆန္ဒထုတ်ဖော်

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည် ထည့်သွင်းသွားမည့် ကိစ္စနှင့် ပတ်သက်၍ မတ် ၂၄ ရက်မှ စတင်ကာ သပိတ်မှောက် သည့်လုပ်ငန်းကို စတင်နေပြီဖြစ်ကြောင်းနှင့် ရခိုင်ပြည်သူ တစ်ရပ်လုံးကလည်း သာသ နာ့အလံများ အိမ်တိုင်းတွင် ချိတ်ဆွဲ၊ ကပ်ထားခြင်းများ ပြုလုပ်ထားရှိသွားရန် ထေရ် ကြီးဝါကြီး သံဃာတော်များက တိုက်တွန်း ထားကြောင်း၊ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်မည့်ကိစ္စအား ရမ်းဗြဲနှင့် မာန်အောင် မြို့များတွင်လည်း ဆက်လက် ဆန္ဒထုတ်ဖော် ကန့်ကွက်လျက်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ(စစ်တွေ) မှ ဦးသာပွင့်က "ကျွန်တော်တို့ ရိုဟင်ဂျာဆိုတာကို လက်မခံတာက စစ်တကောင်း တောင်ပိုင်းသားဆိုတာ သမိုင်းအတိအကျရှိတယ်။ လူမျိုးတစ်ခုဆိုတာဟာ ကိုယ့်လူမျိုးနာမည်ရှိ လျက်နဲ့ နာမည်လိမ်ကို သုံးရတာလဲဆိုရင် (၁) တစ်ဖက် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဘင်္ဂါလီ မဟုတ်တဲ့ ရိုဟင်ဂျာလူနည်းစုလို့ ကမ္ဘာကို လိမ်ချင်တာ ဖြစ်တယ်။ နောက်တစ်ချက်က တိုင်းရင်းသား ရှစ်မျိုးကလွဲလို့ နိုင်ငံခြားက ၀င်လာသူတွေဟာ တစ်ဦးချင်းစီပဲ နိုင်ငံသား လျှောက်ခွင့်ရှိတယ်။ လူမျိုးအရ နိုင်ငံသား ဖြစ်ခွင့် မရှိဘူး။ တိုင်းရင်းသားတွေကတော့ မွေးကတည်းက နိုင်ငံသား အခွင့်အရေးကိုရတယ်။ တိုင်းရင်းသားဖြစ် ချင်တာဟာ မွေးရာပါ နိုင်ငံသားအခွင့်အရေးကို လိုချင်တာ ဖြစ်တယ်။ တိုင်းရင်းသားမဟုတ်တော့ သီး ခြားပြည်နယ် တောင်းလို့မရဘူး။ ဒါကြောင့် ဒီစကားလုံးဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးနေတဲ့ စကားလုံးဖြစ်တယ်။ ရိုဟင်ဂျာကိုလက်ခံလိုက်ရင် တိုက်ရိုက်ပြောင်း ပြီးသား ဖြစ်သွားမယ်။ အသိအမှတ်ပြုတာနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လေးငါးသန်း ဖြစ် သွားမယ်။ အရင်တုန်းက ဗမာမွတ်စလင် လို့ ပြောတဲ့ သူတွေကတောင် အခုရိုဟင်ဂျာတွေ ဖြစ်လာကြပြီ။ ဒါကြောင့် ကျွန်တော်တို့စိုးရိမ် စရာ အများကြီးမြင်လို့ ကန့်ကွက်တာဖြစ်ပါတယ်။ နိုင်ငံတကာစံနှုန်းလို့ပြောတိုင်း လက်ခံရမလား" ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment