Thursday 20 February 2014

ယာဉ်မောင်းလိုင်စင် ထုတ်ပေးမှု စနစ်

Photo: ယာဉ်မောင်းလိုင်စင် ထုတ်ပေးမှု စနစ်
Thursday, February 20, 2014

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အဓိက ရည်မှန်းချက်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဖြစ်ပါသည်။ ရည်မှန်းချက်အောင်မြင်ရေးအတွက် လုပ်ငန်းတာဝန်(၄)ရပ်ဖြင့် ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ‘‘မော်တော်ယာဉ်မောင်းများကို စစ်ဆေး၍ ယာဉ်မောင်းလိုင်စင်များကို ဥပဒေနှင့်အညီ ထုတ်ပေးရန်’’ ဟူသော လုပ်ငန်းတာဝန်တစ်ရပ်ပါဝင်ပါသည်။ ယာဉ်မောင်းလိုင်စင် ထုတ်ပေးရာတွင် ယခင်က မိမိနည်း မိမိဟန်ဖြင့် ယာဉ်မောင်းသင်ကြား၍ တတ်မြောက်လျှင်ဖြေဆို ခွင့်ပြုခဲ့ ပါသည်။
အခုအခါ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အရည်အချင်းပြည့်ဝသော ယာဉ်မောင်း များကိုသာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးရန်ဦးတည်၍ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး နယ်မြေ တွင်၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ယာဉ်မောင်းသင်တန်းကျောင်းများတွင် တက်ရောက် သင်ကြား ပြီးကြောင်း အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်ပါရှိမှသာ ဖြေဆိုခွင့်ပြုလျက်ရှိပါသည်။ ယာဉ်မောင်း သင်တန်းကျောင်းမရှိသေးသည့် ဒေသများတွင်လည်း မိမိဌာနမှဖွင့်လှစ်သည့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရက်တို သင်တန်းများတွင် တက်ရောက်သင်ကြားပြီးသူများကိုသာ ယာဉ်မောင်း လိုင်စင် ဖြေဆိုခွင့်ပြုပါသည်။ စစ်ဆေးရာတွင်လည်း အမြင်အရောင်ခွဲခြားစစ်ဆေးခြင်း (Colousr Blind Test)၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသိရှိမှုကို ရေးဖြေစနစ်ဖြင့် စစ်ဆေးခြင်း၊ ယာဉ်မောင်းလက်တွေ့မောင်းနှင်မှု စစ်ဆေးခြင်းတို့ကို ပြုလုပ်ပြီးအောင်မြင်မှသာ သတ်မှတ်ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးခြင်းကို ဆောင်ရွက် လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုစာရင်းအရ တစ်ရက်လျှင် ယာဉ်တိုက်မှု ၃၀ ဒသမ ၁၂ မှုခန့်ဖြစ်ပွားပြီး ဒဏ်ရာရသူ ၆၄ ဒသမ ၀၅ ဦးခန့်နှင့် သေဆုံးသူ ၁၀ ဒသမ၁၉ ဦးခန့်ရှိကြောင်း တွေ့ရှိရပါသည်။ လွန်ခဲ့သည့် ငါးနှစ်အတွက် သုံးသပ်ရာတွင် နှစ်စဉ်ပျမ်းမျှအားဖြင့် ယာဉ်တိုက် မှု ၁၃ ဒသမ ၃၃ ရာခိုင်နှုန်းခန့်၊ဒဏ်ရာရသူ ၁၂ ဒသမ ၄၀ ရာခိုင်နှုန်းခန့်နှင့် သေဆုံးသူ ၁၄ ဒသမ ၉ ရာခိုင်နှုန်း ခန့် တိုးနေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါသည်။မြန်မာနိုင်ငံ၏ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတွင်း ယာဉ် မတော်တဆဖြစ်ပွားမှု၊ ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုအခြေအနေများကို အောက်ပါ အတိုင်းတွေ့ရှိရပါသည်
ယာဉ်တိုက်ခိုက်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းများကို ဆန်းစစ်ကြည့်ရာတွင် ယာဉ်တိုက်မှုများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် အခြေခံအားဖြင့်ယာဉ်ကို ကောင်းမွန်စွာ မောင်းနှင်တတ်သော်လည်း ယာဉ်မောင်း စည်းကမ်းပျက်ခြင်းကြောင့်ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ ယာဉ်တိုက်မှုဖြစ်ပွားသော ယာဉ်မောင်းများအား ယာဉ်မောင်းလိုင်စင် ရှိမှု/မရှိမှုကို စစ်ဆေးရာတွင်လည်း ၅၅ ဒသမ ၄၃ ရာခိုင်နှုန်းကျော်သည် ယာဉ်မောင်း လိုင်စင်မရှိဘဲမောင်းနှင်၍ ယာဉ်တိုက်မှုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ အချို့မှာ ယာဉ်မောင်း လိုင်စင် ကိုင်ဆောင်ထားခြင်းမရှိဟု ဖြေဆိုခြင်းများရှိနိုင်သော်လည်း တို့အထဲမှအများစုမှာ ယာဉ်မောင်း လိုင်စင်မရှိဘဲ လမ်းပေါ် တွင်မောင်းနှင်လျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ယာဉ်စီးရေနှင့် ယာဉ်မောင်း လိုင်စင် စောင်ရေ ကိုင်ဆောင်သူအချိုးကို စိစစ်ရာတွင်၂၀၁၁ ခုနှစ်တွင် ၁း၁.၀၇ ရှိရာမှ ၂၀၁၃ ခုနှစ်တွင် ၁းဝ.၇၃ သို့ကျ ဆင်းလာသဖြင့် ယာဉ်စီးရေ ၁၀၀တွင် ယာဉ်မောင်းလိုင်စင်ဖြင့်မောင်းနှင်သူ ၇၃ ဦးရှိပြီး ယာဉ်မောင်း လိုင်စင်မဲ့ မောင်းနှင်သူ ၂၇ ဦးရှိကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၏ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးရေနှင့် ယာဉ်မောင်းလိုင်စင်စောင်ရေ တိုးတက်မှုအခြေအနေကို ဖော်ပြပါအတိုင်းတွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ တိုးတက်ပြောင်းလဲလျက်ရှိသော ခေတ်နှင့်အညီ တိုးတက်များပြားလာသော ယာဉ်နှင့်လူဦးရေများ အရ ယာဉ်မတော်တဆဖြစ်ပွားမှုအန္တရာယ်မှ ကာကွယ်ရန်အတွက် အရည်အချင်းပြည့်ဝသော ယာဉ်မောင်း ကောင်းများကိုသာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးနိုင်ရန်အတွက် လက်ရှိစစ်ဆေး ဆောင်ရွက်မှုကို အောက်ပါ အတိုင်း တိုးမြှင့်ဆောင်ရွက်ရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စီစဉ်ဆောင် ရွက်လျက် ရှိကြောင်း သိရှိရပါသည်။
(က) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလမ်းညွှန်၊ လမ်းအမှတ်အသား၊အချက်ပြများနှင့် ယာဉ်သွားလာမှုဆိုင်ရာ စည်းကမ်းများ၊ဆောင်ရန်၊ ရှောင်ရန်များပါဝင်သည့် ပညာပေးဗီဒီယိုခွေ ကြည့်ရှုစေပြီးမှ ဖြေဆိုခွင့်ပြုရန်။
(ခ) မော်တော်ယာဉ်(သို့မဟုတ်) မော်တော်ဆိုင်ကယ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်မှုအခြေအနေ ရှိ/မရှိ မျက်မြင်စစ်ဆေးရန်။
(ဂ) ယာဉ်မောင်းဖြေဆိုသူ၏ စိတ်အခြေအနေ(အရက်စွဲသူဖြစ်၊ မဖြစ်အပါအဝင်) စစ်ဆေးခြင်း (Psychological & abusing alcohol Test) ပြုလုပ်ပြီး စံကိုက်ညီသူများသာ လိုင်စင်ထုတ်ပေးရန်။
(ဃ) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လမ်းညွှန်၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ မေးခွန်း (၂၀) ဖြေဆိုခြင်း အစား (၅၀)သို့တိုးမြှင့်ဖြေဆိုစေပြီး အောင်မြင်မှလိုင်စင်ထုတ်ပေးရန်။
နိုင်ငံတကာရှိ ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်းစနစ်ကို လေ့လာ၍မိမိနိုင်ငံနှင့် ကိုက်ညီမည့်စနစ်များကို တိုးမြှင့်၍စစ်ဆေးပေးရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် လျော့နည်းကျဆင်းရေးအတွက် ယာဉ်မောင်းနှင်သူ၊ စီးနင်းသူများအနေဖြင့်လည်း စည်းကမ်းမဲ့ မောင်းနှင်ခြင်းများကို ရှောင်ကြဉ်၍ နိုင်ငံကြီးသားပီသစွာ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို သိရှိလိုက် နာပြီး စနစ်တကျမောင်းနှင်ပေးခြင်းဖြင့်လည်းကောင်း၊ လမ်းအသုံးပြုသူများကလည်း စည်းကမ်းတကျ လိုက်နာသွားလာခြင်းဖြင့်လည်းကောင်း ကူညီပေးကြပါရန် တိုက်တွန်းတင်ပြအပ်ပါသည်။

MOI Webportal Myanmar
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အဓိက ရည်မှန်းချက်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဖြစ်ပါသည်။ ရည်မှန်းချက်အောင်မြင်ရေးအတွက် လုပ်ငန်းတာဝန်(၄)ရပ်ဖြင့် ကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ‘‘မော်တော်ယာဉ်မောင်းများကို စစ်ဆေး၍ ယာဉ်မောင်းလိုင်စင်များကို ဥပဒေနှင့်အညီ ထုတ်ပေးရန်’’ ဟူသော လုပ်ငန်းတာဝန်တစ်ရပ်ပါဝင်ပါသည်။ ယာဉ်မောင်းလိုင်စင် ထုတ်ပေးရာတွင် ယခင်က မိမိနည်း မိမိဟန်ဖြင့် ယာဉ်မောင်းသင်ကြား၍ တတ်မြောက်လျှင်ဖြေဆို ခွင့်ပြုခဲ့ ပါသည်။


အခုအခါ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အရည်အချင်းပြည့်ဝသော ယာဉ်မောင်း များကိုသာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးရန်ဦးတည်၍ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး နယ်မြေ တွင်၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ယာဉ်မောင်းသင်တန်းကျောင်းများတွင် တက်ရောက် သင်ကြား ပြီးကြောင်း အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်ပါရှိမှသာ ဖြေဆိုခွင့်ပြုလျက် ရှိပါသည်။ ယာဉ်မောင်း သင်တန်းကျောင်းမရှိသေးသည့် ဒေသများတွင်လည်း မိမိဌာနမှဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရက်တို သင်တန်းများတွင် တက်ရောက်သင်ကြားပြီးသူများကိုသာ ယာဉ်မောင်း လိုင်စင် ဖြေဆိုခွင့်ပြုပါသည်။ စစ်ဆေးရာတွင်လည်း အမြင်အရောင်ခွဲခြားစစ်ဆေးခြင်း (Colousr Blind Test)၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသိရှိမှုကို ရေးဖြေစနစ်ဖြင့် စစ်ဆေးခြင်း၊ ယာဉ်မောင်းလက်တွေ့မောင်းနှင်မှု စစ်ဆေးခြင်းတို့ကို ပြုလုပ်ပြီးအောင်မြင်မှသာ သတ်မှတ်ယာဉ်မောင်း လိုင်စင်များ ထုတ်ပေးခြင်းကို ဆောင်ရွက် လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုစာရင်းအရ တစ်ရက်လျှင် ယာဉ်တိုက်မှု ၃၀ ဒသမ ၁၂ မှုခန့်ဖြစ်ပွားပြီး ဒဏ်ရာရသူ ၆၄ ဒသမ ၀၅ ဦးခန့်နှင့် သေဆုံးသူ ၁၀ ဒသမ၁၉ ဦးခန့်ရှိကြောင်း တွေ့ရှိရပါသည်။ လွန်ခဲ့သည့် ငါးနှစ်အတွက် သုံးသပ်ရာတွင် နှစ်စဉ်ပျမ်းမျှအားဖြင့် ယာဉ်တိုက် မှု ၁၃ ဒသမ ၃၃ ရာခိုင်နှုန်းခန့်၊ဒဏ်ရာရသူ ၁၂ ဒသမ ၄၀ ရာခိုင်နှုန်းခန့်နှင့် သေဆုံးသူ ၁၄ ဒသမ ၉ ရာခိုင်နှုန်း ခန့် တိုးနေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါသည်။မြန်မာနိုင်ငံ၏ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတွင်း ယာဉ် မတော်တဆဖြစ်ပွားမှု၊ ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုအခြေအနေများကို အောက်ပါ အတိုင်းတွေ့ရှိရပါသည်။

ယာဉ်တိုက်ခိုက်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းများကို ဆန်းစစ်ကြည့်ရာတွင် ယာဉ်တိုက်မှုများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် အခြေခံအားဖြင့်ယာဉ်ကို ကောင်းမွန်စွာ မောင်းနှင်တတ်သော်လည်း ယာဉ်မောင်း စည်းကမ်းပျက်ခြင်းကြောင့်ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

ယာဉ်တိုက်မှုဖြစ်ပွားသော ယာဉ်မောင်းများအား ယာဉ်မောင်းလိုင်စင် ရှိမှု/မရှိမှုကို စစ်ဆေးရာတွင်လည်း ၅၅ ဒသမ ၄၃ ရာခိုင်နှုန်းကျော်သည် ယာဉ်မောင်း လိုင်စင်မရှိဘဲမောင်းနှင်၍ ယာဉ်တိုက်မှုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ အချို့မှာ ယာဉ်မောင်း လိုင်စင် ကိုင်ဆောင်ထားခြင်းမရှိဟု ဖြေဆိုခြင်းများ ရှိနိုင်သော် လည်း တို့အထဲမှအများစုမှာ ယာဉ်မောင်း လိုင်စင်မရှိဘဲ လမ်းပေါ်တွင်မောင်းနှင်လျက် ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ယာဉ်စီးရေနှင့် ယာဉ်မောင်း လိုင်စင် စောင်ရေ ကိုင်ဆောင်သူအချိုးကို စိစစ်ရာတွင်၂၀၁၁ ခုနှစ်တွင် ၁း၁.၀၇ ရှိရာမှ ၂၀၁၃ ခုနှစ်တွင် ၁းဝ.၇၃ သို့ကျ ဆင်းလာသဖြင့် ယာဉ်စီးရေ ၁၀၀တွင် ယာဉ်မောင်းလိုင်စင်ဖြင့်မောင်းနှင်သူ ၇၃ ဦးရှိပြီး ယာဉ်မောင်း လိုင်စင်မဲ့ မောင်းနှင်သူ ၂၇ ဦးရှိကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင် ကယ် စီးရေနှင့် ယာဉ်မောင်းလိုင်စင်စောင်ရေ တိုးတက်မှုအခြေအနေကို ဖော်ပြပါအတိုင်းတွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ တိုးတက်ပြောင်းလဲလျက်ရှိသော ခေတ်နှင့်အညီ တိုးတက်များပြားလာသော ယာဉ်နှင့် လူဦးရေ များအရ ယာဉ်မတော်တဆဖြစ်ပွားမှုအန္တရာယ်မှ ကာကွယ်ရန်အတွက် အရည်အချင်းပြည့်ဝသော ယာဉ်မောင်း ကောင်းများကိုသာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးနိုင်ရန်အတွက် လက်ရှိစစ်ဆေး ဆောင်ရွက် မှုကို အောက်ပါ အတိုင်း တိုးမြှင့်ဆောင်ရွက်ရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စီစဉ်ဆောင် ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

(က) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလမ်းညွှန်၊ လမ်းအမှတ်အသား၊အချက်ပြများနှင့် ယာဉ်သွားလာမှု ဆိုင်ရာ စည်းကမ်းများ၊ဆောင်ရန်၊ ရှောင်ရန်များပါဝင်သည့် ပညာပေးဗီဒီယိုခွေ ကြည့်ရှုစေပြီးမှ ဖြေဆို ခွင့်ပြုရန်။
(ခ) မော်တော်ယာဉ်(သို့မဟုတ်) မော်တော်ဆိုင်ကယ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်မှုအခြေအနေ ရှိ/မရှိ မျက်မြင်စစ်ဆေးရန်။

(ဂ) ယာဉ်မောင်းဖြေဆိုသူ၏ စိတ်အခြေအနေ(အရက်စွဲသူဖြစ်၊ မဖြစ်အပါအဝင်) စစ်ဆေးခြင်း (Psychological & abusing alcohol Test) ပြုလုပ်ပြီး စံကိုက်ညီသူများသာ လိုင်စင်ထုတ်ပေးရန်။
(ဃ) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လမ်းညွှန်၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ မေးခွန်း (၂၀) ဖြေဆိုခြင်း အစား (၅၀)သို့တိုးမြှင့်ဖြေဆိုစေပြီး အောင်မြင်မှလိုင်စင်ထုတ်ပေးရန်။

နိုင်ငံတကာရှိ ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်းစနစ်ကို လေ့လာ၍မိမိနိုင်ငံနှင့် ကိုက်ညီမည့်စနစ်များကို တိုးမြှင့်၍စစ်ဆေးပေးရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် လျော့နည်း ကျဆင်းရေးအတွက် ယာဉ်မောင်းနှင်သူ၊ စီးနင်းသူများအနေဖြင့်လည်း စည်းကမ်းမဲ့ မောင်းနှင်ခြင်းများကို ရှောင်ကြဉ်၍ နိုင်ငံကြီးသားပီသစွာ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို သိရှိလိုက် နာပြီး စနစ် တကျမောင်းနှင်ပေးခြင်းဖြင့် လည်းကောင်း၊ လမ်းအသုံးပြုသူများကလည်း စည်းကမ်းတကျ လိုက်နာ သွားလာခြင်းဖြင့်လည်းကောင်း ကူညီပေးကြပါရန် တိုက်တွန်းတင်ပြအပ်ပါသည်။

MOI Webportal Myanmar

No comments:

Post a Comment